ပြသနာ

" ပြဿနာ "

အလိုမကျ ၊ စိတ်သောကဖြင့်
ဒေါသမှုကြုံ ၊ ခက်ခဲစုံတွင်
ဒေါပုန်ရင်တွင်း ၊ မဖြေရှင်းနိုင်။

ဖြေရှင်းခက်ခဲ ၊ မခက်ခဲတို့
စိတ်ထဲထွေရာ ၊ ပြဿနာဟု
လွန်စွာနှုတ်ထွက် ၊ မစောသင့်။

ကမ္ဘာမီးလောင် ၊ သားတောင်ချနင်း
ဖြစ်တတ်ခြင်းလျှင် ၊ ရင်းတွင်းမီးဖြာ
စာနာမဲ့ကင်း ၊ စိတ်နေရင်းတည့်။

အလျဉ်းသင့်ရာ ၊ ပြဿနာကို
ဘယာသင့်ဘေး ၊ လွတ်မြောက်ရေးတွက်
ချကြွေးခံစေ ၊ မလုပ်သင့်။

ရှေ့လူနောက်သား ၊ ဒုက္ခပွားအောင်
အမှားယူပြီး ၊ အယူသည်းစွာ
တို့မီးရှို့မီး ၊ လျှံလျှံငြီးသို့။

ပြန့်ဟီးလောင်မြိုက် ၊ လူသူမိုက်အောင်
ကုန်းတိုက်ကုန်းချော ၊ ထိုသဘောကို
ရောနှောလို့လဲ ၊ မပြောသင့်။

ဘုရားတရား ၊ သံဃာအားလျှင်
စော်ကားနှိမ့်ချ ၊ သူပြုကြဖို့
ရှုံ့ချနှိုးဆော် ၊ နှောင်ကြိုးသော်တည့်။

မတော်မလျား ၊ မြုံမသားသို့
လှုပ်ရှားသည့်သူ ၊ ယုတ်သောသူကို
ခေါ်ယူမြှောက်စား ၊ မပြုသင့်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်