မမငယ်​ငယ်

” မမငယ်ငယ် ”

စိတ်ကူးယဉ်
နေချင်မိသေး။
ချိန်အရွယ် ပျိုငယ်ဟောင်းကို
အောင်မေ့လို့တွေး။

လှလိုက်တာရှင်
ငယ်ဆင် နုသွေး။
ပါးဆီမယ် စံပယ်နု
ဖွေးဥဥလေး။

ဖေကြီးနဲ့မေကြီးမှာ
ပူဆာဖို့ တွေး။
ချိတ်ထဘီ လယ်ရင်ဖုံး
ဝယ်ဦးပေါ့ လေး။

ဟိုအဆင် ထဘီချိတ်
လှိုင်းရိပ် ရစ်ထွေး။
လှုပ်လှုပ်ခါ ပူဆာပြတယ်
လိုတရလေး။

ချူသံခွာ လေးကွက်ကျဲ
မြင်းလှည်းနဲ့ပြေး။
ဘုရားစုံ ရွယ်ရည်စူး
ဖူးကြစို့လေး။

နေမင်းကပူ
ချွေးထူပေါ့ လေး။
ဟိုအပင် ရွှေညောင်ရိပ်မှာ
ချွေးစို့သိပ်အေး။

မောပမ်းနွမ်းပြေ
ခုန်ပေါက်နေသေး။
ညောင်သီးကြွေ လျှပ်တိုက်ထိုး
တိုးတိုက်ရော့လေး။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး