ဆယ်​အိမ်​စုတို့ရွာ​လေး

"ဆယ်အိမ်စု တို့ရွာလေး"

ဆင်ကောင်ကြီး
အမြီးမှာ တစ်တတ်သည်
အရီးသာ တို့ချစ်စရာရွာ
လှစ်ဟကာ ပြမယ်ပ
ကိုးဆယ်ဆသာ။

ဆယ်အိမ်စု
ချိန်ပြုလို့ ခက်ပိုနော်
ရမက်ကို တကယ်သိမ်းမှ
နွဲ့ယိမ်းတတ် မောဟခွာ
ဒေါသမှာ သံသရာကွဲ့
လောဘဟာ သံသယတိုးတယ်
ဖိုးအေးတို့ရွာ။

သူကြီးက ငါ့နေရာ
သူငယ်က ငါအတတ်
မယ်အေးသာ မလယ်ရှုပ်လို့
အမယ်ဘုတ်ကဲ့ သူ့ချည်မျှင်
မိကြည်ခင် ငေးမှိုင်စွာ
ဘေးထိုင်ကာ ဘုပြောလုပ်
ယစ်ထုတ်က ဟောင်ဖွာဖွာ
ဗလာတုတ် ယောင်ချာချာ
တုတ်တုတ်သာ မလှုပ်။

တို့ကျေးရွာ မွဲပြာဆုပ်ချိန်
သဲကာလှုပ် ညီစေချင်
ရွှင်ပျော်ပျော် စီဝေလျှင်
ခင်မင်ဖေါ် ဒီတစ်သက်
ဖဲ့မထွက် တွဲလျှက်သာ
သံသရာ အကျိုးမျှော်
နှိုးဆော်လို့ တို့ကျေးရွာ
ဆွေးနွေးကာလုပ် ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး