ပိန္နဲပင်

” ပိန္နဲပင် ”

ရွာဦးထိပ်က ပိန္နဲပင်
အုံ့အုံ့ဆိုင်းဆိုင်း မှိုင်းတဲ့သွင်
သရဲမြင်တယ် ကိုယ်ထင်ပြ
ရွာလုံးကြောက်ကြရ။

ပရိတ်ဆေးမန်း ဦးသူတော်
ရွာလူထုက လွန်ပူဇော်
ဦးသူတော်က ညွှန်ကြားပြ
ပိန္နဲပင် ကို တုတ်နှင့်ချ။

ဟိုနေ့ကလဲ ဦးလှကြွယ်
မြွေပွေးပိုးထိ ခံရတယ်
အပမှီတယ် သူဆိုမှ
ပိန္နဲပင် ကို တုတ်နဲ့ချ။

ရွာတောင်ပိုင်းက ကိုထူးသာ
ရေတိမ်နစ်လို့ မေ့မျောကာ
အဲ့ဒါဟာ အပပဲ
ပိန္နဲပင် ကို ကလော်ဆဲ။

ရွာထဲဖြစ်တဲ့ ပြသနာ
ပိန္နဲပင် ကြောင့် တို့ရွာနာ
ပိန္နဲပင် လည်း မခုတ်ရဲ
အပဝင်မှာ ကြောက်နေမြဲ။

ခြံစည်းရိုးငယ် ဝန်းပတ်ရံ
ပရိပ်မန်းကြိုး တန်းလို့ခံ
အရိပ်မည်းဖန် ဒီသရဲ
ပိန္နဲပင် မှာ မှီခိုဆဲ။

လူ့ရပ်ရွာမြေ ခက်လှပေ
ဖော်စားလှော်စား စိတ်ထားတွေ
ငါ့ကိုလေ အဟုတ်ရိုက်
ပိန္နဲပင် ကို ခလုပ်တိုက်။

ဪ လူမိုက် ဪလူမိုက်။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး