ပန်းချစ်သူနိဂုံး
” ပန်းချစ်သူ နိဂုံး ”
ချစ်တတ်တယ်
အပြစ်ရယ် မယူ။
ပန်ဆင်ရွယ် တွယ်တာစစ်
ပန်း ချစ်တဲ့သူ။
မွှေးကြူကြူ
မချူငင် ချိန်လေး။
မကြွေခင် ပီတိဖုံးတယ်
ပြုံးစ နုသွေး။ ။
ပိုတဲ့ စကား
အနားစ မတင်။
ချိုပလီ တီတီနွဲ့
ညင်းသွဲ့ ပန်ဆင်။
နဂိုယဉ်
တွယ်ငင်စွာ ပိုက်ထွေး။
ပန်းချစ်သူ သူဇာညွှန်းတဲ့
ရွှန်းလဲ့ ချစ်တေး။ ။
မူယာအသွေး
ချစ်ရေးငယ် တူပြိုင်။
ပန်ရွယ်ချင် ဘယ်မမုန်း
ဆုံးဘဝ သက်တိုင်။
ချစ်မဏ္ဍိုင်
အသည်းဆိုင် ချိုအေး။
ခိုင်မာလာ တစ်ပွင့်ပန်း၏
လန်းသည့် ချိန်လေး။ ။
” သစ်ရိပ်ညို ”
ချစ်တတ်တယ်
အပြစ်ရယ် မယူ။
ပန်ဆင်ရွယ် တွယ်တာစစ်
ပန်း ချစ်တဲ့သူ။
မွှေးကြူကြူ
မချူငင် ချိန်လေး။
မကြွေခင် ပီတိဖုံးတယ်
ပြုံးစ နုသွေး။ ။
ပိုတဲ့ စကား
အနားစ မတင်။
ချိုပလီ တီတီနွဲ့
ညင်းသွဲ့ ပန်ဆင်။
နဂိုယဉ်
တွယ်ငင်စွာ ပိုက်ထွေး။
ပန်းချစ်သူ သူဇာညွှန်းတဲ့
ရွှန်းလဲ့ ချစ်တေး။ ။
မူယာအသွေး
ချစ်ရေးငယ် တူပြိုင်။
ပန်ရွယ်ချင် ဘယ်မမုန်း
ဆုံးဘဝ သက်တိုင်။
ချစ်မဏ္ဍိုင်
အသည်းဆိုင် ချိုအေး။
ခိုင်မာလာ တစ်ပွင့်ပန်း၏
လန်းသည့် ချိန်လေး။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment