ဝသန်

" ဝသန် "

မိုးရေဖွေးဖွေး ၊ အေးအေးစိမ့်စိမ့်
လိမ့်လိမ့်လူးလူး ၊ လေရူးရူးတွင်
ကျူးကျူးထစ်ချုန်း ၊ ဖုံးထပ်ထပ်လွှာ
ပြာပြာပိန်းပိန်း ၊ ယိမ်းယိမ်းနွဲ့နွဲ့
သွဲ့သွဲ့မှုန်ရီ ၊ မိုးတိမ်ဆီလည်း
ပန်းချီဆေးစက် ၊ ရာသီမျက်ဝန်း
ကွက်ကွက်ပီပြင် ၊ အားမာန်ဆင်သည်
နေခြည်မှိုင်းမှိုင်း ၊ ဆိုင်းသည့်နှယ်။

လေပြေသာသာ ၊ မာယာနှောနှော
ရောရောငြိမ့်ငြိမ့် ၊ မွှေးအိမ့်အိမ့်လျှမ်း
သိမ့်သိမ့်ရွှင်လန်း ၊ ပန်းမိန့်မိန့်ကြည်
တည်တည်ခံ့ခံ့ ၊ ပျံ့ပျံ့ပျူးပျူး
မြူးမြူးလွင့်လွင့် ၊ ပန်းဝင့်ဂုဏ်ထည်
လွန်ဘွယ်သာမော ၊ စုံစုံတောတို့
အံ့ဩပန်းမန် ၊ ဖူးပွင့်လျံသည်
မြိုင်ယံထပ်ထပ် ၊ အပ်သည့်နှယ်။

မြေသားပြန့်ပြန့် ၊ တန့်တန့်တည်တည်
ညီညီယိမ်းယိမ်း ၊ လယ်စိမ်းစိမ်းတွင်
လိမ်းလိမ်းမြရည် ၊ ရေကြည်ကြည်တွင်
ယဉ်ယဉ်ဆန်းဆန်း ၊ လန်းလန်းစွင့်စွင့်
တင့်တင့်တယ်တယ် ၊ ပျိုးခင်းရယ်ကား
ပင်ရွယ်အားကောင်း ၊ မြေဆီလောင်းက
အောင်းအောင်းကြွကြွ ၊ ပင်သန်လှသည်
မြေမှလျှိုးလျှိုး ၊ တိုးသည့်နှယ်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်