ဪမိန်းမ

" ဪ မိန်းမ "

ဟဲ့ သူငယ်မ
မယ်ပပပျို သည်းလှိုက်ဖို
ရှိုက်ငို လို့မဆုံး
ငိုယိုပုံ အသွင်ဆန်းတယ်
လင်းစမ်းပါဦး။

ရှင်းတမ်းတော့ မဟုတ်ပေ
အဖေ နဲ့ အမေ
ကျုပ်ကိုလေ အိမ်ထောင်ချ
ပေးစားမည်ပ။

နားချလို့ မရနိုင်
အဖေ ဓားမကိုင်
မယူနိုင် သူ့သဘော
ခုတ်လိုက်မည်ပြော။

နင်ကရော အတင်းသာ
ဇွတ်ငြင်းလို့ နေမှာ
မလိမ္မာ ပညာန
နင့်ရဲ့ ဘဝ။

ဟုတ်ပကယ် ဘုတ်မရယ်
ကျုပ်ဘဝ နတယ်
နင်နဲ့သာ အဖေါ်ရ
ငြင်းလိုက်တာပ။

ဟဲ့ငါက နင့်လိုသာ
မိန်းမ တွေပါ
အားကိုးရာ ရှာထားမှ
နောင်ရေးစိတ်ချ။

နင့်မိဘ သဘောဝယ်
ဘယ်ရွာက ကောင်ရွယ်
ငါကိုကွယ် ပြောကာပြ
မိခင်ပပ။

အမလေး ဘုတ်မရယ်
မပြော လိုက်ချင်တယ်
မြောက်ပိုင်းက ကိုသာလှ
နင့်ရဲ့ ကောင်ပ။

ဟဲ့ဟဲ့ ဟဲ့ ပြောစမ်းပါ
နောက်ထပ်တစ်ခါ
ဒင်းအကြည့် မျက်စိအ
ငါနင့်ထက်လှ။

ဟဲ့ကောင်မ ဘုတ်မရေ
ကျုပ် ပိုလှသလေ
နင့်ကောင်က မျက်စိကျ
ကျုပ်ရဲ့ အလှ။

အေး နင်နဲ့ငါ အလှပြိုင်မယ်
ဒင်းရှေ့ မှောက်ဝယ်။

ရပါတယ် သွားကာပြ
ကျုပ်သာ ရွေးပါ့။

တော်တော် တော် မိရွှေဘုတ်ရယ်
ခေါင်းငြိမ့်လိုက်တော့မယ်
ကျုပ်ကသာ ပိုလို့လှ
နင်သိစေရ။

ဪမိန်းမ မိန်းမ အဲဒါ မိန်းမ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး