နားဝင်​ပီယံ ပိုဒ်​စုံရတု

" နားဝင်ပီယံ ဂီတသံ "
(ပိုဒ်​စုံရတု)

ဂီတသံလေး ၊ ငြိမ့်ငြိမ့်အေးလျှက်
နုသွေးရွှင်ပျော် ၊ လျောင်းစက်သော်မှ
ရောင်တော်နံနက် ၊ လင်းရိပ်သက်လည်း
အိပ်စက်မပျော် ၊ လင်းကြက်အော်သည်
ကြင်ဖေါ်မဲ့တေး ၊ ဆွေးဆွေးလေးကြောင့်
အတွေးဝင်္ဂဘာ ၊ ဝဲလည်ချာသည်
ရင်မှာပင့်သက် မောသောကြောင့်။ ။

ပီသမှန်အေး ၊ သံချိုသွေးသည့်
နွဲ့ရေးငယ်ပျို ၊ ချွဲချွဲပိုလျှက်
ခွန်းချိုလက်သံ ၊ သော့သော့ညံသည်
ချော့ဟန်ဟစ်ကြွေး ၊ သံသာတေးဖြင့်
ချစ်ရေးငယ်ဆင် ၊ ရွှေဘဝင်ကို
တွင်တွင်လှုပ်ခါ ၊ ခန်းသဉ္ဇာဝယ်
ညင်သာခင့်တွက် ပြောသောကြောင့်။ ။

သီပြခံတေး ၊ သံစုံပေးလို့
မယ့်တွေးကြည်သာ ၊ ချစ်စိတ်ဖြာလည်း
ကညာပျိုသွေး ၊ မိန်းကလေးမို့
ရွှေရွေးပန်းကန် ၊ ထိုက်သင့်ရန်သာ
ရည်သန်လျှက်တွေး ၊ ချစ်ဖို့ရေးက
မယ်လေးမေ့မှာ ၊ ပင့်သက်ဖြာပြီ
ရင်မှာချင့်လျှက် မျောသောကြောင့်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်