Posts

Showing posts from 2020

မာန်ပြေချော့သွေး ရွှေမိုးလေး

"မာန်ပြေချော့သွေး ရွှေမိုးလေး" ကိုကိုရွှေမိုး ဘယ်အငြိုးကြောင့် မာန်ပျိုးရစ်ခွေ စိတ်မပြေတည့်။ ရွှေရင်ပူမီး ငြူစူပြီးလျှင် လျှပ်စီးမရွှင် မိုးမမြင်ခဲ့။ မြစ်ပြင်ကန်ချောင်း ဆည်အပေါင်းမှ ရေဟောင်းရေကျန် သောက်ရန်မရ ခမ်းခြောက်ကြ၏။ နေ့လဲတောက်လောင် ညလဲလှောင်လို့ နေလောင်ကင်းပ အရိပ်ရရာ ဖိတ်ကျလျှံငြား သူရိန်အားက လွှားလွှားမခံ လေပူပြန်၏။ တိမ်ရောင်မတောက် မြူခိုးခြောက်ကာ မိုးသောက်လာမှ မှောင်ရိပ်ပြထိ ကြွမိသည့်ရင် မရွှင်ပင်ပန်း ရစ်နွမ်းနွဲ့ခွေ ဖြတ်ကျော်လေတိုင်း စိတ်တွေလေလွင့် လွန်မျှော်လင့်လှ မိုးမြင့်ယံဘွေ ဝဠာမြေဝယ် သွယ်စေအုံ့ဆိုင်း ရှစ်ခွင်တိုင်းလုံး ညို့သိုင်းချည်နှောင် စိတ်ပြေအောင်လို့ မာန်ဆောင်ဖြေလျော့ ပြေပါတော့ကွယ် မိုးမင်းရယ်ရှင့်။ " သစ်ရိပ်ညို "

ရွှေမိုးညိုညို

"ရွှေမိုးညိုညို" အုံ့ဆိုင်းညို့မှိုင်း ရှစ်တိုင်းဝန်းရံ တိမ်တောင်တိမ်လိပ် ဖြန့်သိပ်ပြည့်လျှံ တောင်လေရယ်ပျိုး ထက်မိုးလွင့်ပျံ အာကာစိုး ဝေဖြိုးရွာမယ့်ဟန်။ လျှပ်နွယ်လျှပ်ပန်း တင့်ဆန်းဝေယံ အေးသက်လေတိုး ချစ်မိုးခေါ်သံ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ခြိမ့်ခြိမ့်ရယ်ညံ အာကာမိုး ဆွေမိုးရွာမယ့်ဟန်။ မိုးစက်လေပြင်း တိုက်ခွင်းရွာသံ ရာသီစက်ကွင်း ပြည့်နှင်းဟန်ပန် တောင်သာကျေးလက် မြို့ဘက်မကျန် ဝဿာန်မိုး ရွာဖြိုးစေမယ့်ဟန်။ ဖူးပွင့်လှပန်း တင့်ဆန်းဝေစံ တောတောင်စိမ့်စမ်း ပြည့်ဝှမ်းစေမှန် ချေငယ်ဆိုင်ဆတ် ငါးငှက်တိရိစ္ဆာန် ရွှင်ပျော်မြူး ဆုထူးပန်မယ့်ဟန်။ မုတ်သုန်လေပျိုး ရွှေမိုးခေါ်ဟန် တောင်သူယာပျိုး ထွက်တိုးစပါးနှံ ပြည်ခိုင်စိုဖြိုး ရပ်ကျိုးဆောင်ရန် ဒါနမျိုး နောင်တိုးလှူကြဟန်။ " သစ်ရိပ်ညို "

သံသရာ နိဂုံး

” သံသရာ နိဂုံး ” လောကီရေးရာ လူတို့ရွာ ဘယ်ခါ မအားချေ။ နေ့ညမပြတ် တရစပ် ထပ်ထပ် တိုးရှာဖွေ။ သက်တန်းရွယ်စုံ သံပါတ်ကုန် လူ့ဘုံ ခန္ဓာကြွေ။ ။ ” သစ်ရိပ်ညို ”

မြတ်တရား

” မြတ်တရား ” ဖွေးလွှရောင် ပြောင်စင်ဝင်း မှောင်ခွင်းလို့ အလင်းထင် ပုလဲ မျက်ရှင်။ နက်ရှိုင်းတဲ့ ပင်လယ်ပြင် ပေါ်လွင်လာ လေလည်း။ ထိုထိုသော ရတနာ တွေထက် ဓမ္မဒေသနာ သာလွန်ကျူး ထူးမြတ် သည်ပဲ။ ။ ” သစ်ရိပ်ညို ”

မနားမနေ

” မနားမနေ ” ဥာဏ်အလွှာ ခါခါမှုန်း ပညာသုံး အဖန်ဖန် သီကုံး လို့ပန်။ ဖတ်မှတ်မေး တွေးဆကြံ နာခံသင့် ပေသား။ ဥာဏ်ရင်ပြင် စံတင်ထွန်းပါပေ့ ကံစွန်းဝယ် ဥာဏ်ရည်တက်ကာ ထက်မြက် ဖွင့်ထွား။ ။ ” သစ်ရိပ်ညို ”

လက်ခံပါ

" လက်ခံပါ " ကိုယ်ထင်ရာ အမှန်မှတ် မှားတတ်ပါတယ်။ အမှားရယ် ကိုယ်ထင်မှတ်တွေလည်း မှန်တတ်ပါတယ်။ သူ့အဉ္ဇတ သဏ္ဌာန်ဝယ် ရပ်တည်ဖွယ် အခြေသဘော။ ကိုယ်ထင်တာ အယူသည်းရင်ဖြင့် နည်းကျမည်လော။ ။ " သစ်ရိပ်ညို "

အောင်မြင်စွာ ကျော်ဖြတ်ခြင်း

" အောင်မြင်စွာ ကျော်ဖြတ်ခြင်း " သမုဒယာ ဝမ်းတစ်ထွာ ဝဲဂယက်။ စိတ်နေကံ မှန်တစ်စ တွေးဆ နှုတ်ထွက်။ ။ များများရယ် လုပ်နိုင်ဖို့ စို့စို့နင့် စားရာ။ လုပ်ငန်းခွင် အားပြည့်ကောင်း ကြောင်းကျိုး ညီစွာ။ ညောင်းကိုက်ကြ ပင်ပန်းနာ ခန္ဓာမှာ နုံးနယ်နွမ်း။ အားရစွာ တစ်နပ်စာ တစ်ခါစားလို့ အားဖြည့် မာကျန်း။ ။ ခန္ဓာကိုယ် တရားပိုက် အားစိုက်၍ မလှုပ်သာ။ သမထ အဓိပတိ ဝိပဿ နာ။ ခွန်းအားကို ချွေတာ ကျင့်ရတာ ခက်ခဲ။ ကံသတိ တွေနဲ့ ဥာဏ်ကြည့်ကာ နာကျင်စမ်းတယ် ပင်ပန်း ဆင်းရဲ။ ။ " သစ်ရိပ်ညို "

ပရမတ်သဘော

" ပရမတ်သဘော " အကြောင်းဆုံခိုက် ဖြစ်ပေါ်လာ မဖြစ်ခင်က ဘာမှမရှိ။ ဖြစ်လာတော့လည်း ဖြစ်ရုံသာ ဖြစ်ပြီးတော့လည်း မကျန်ရှိ။ ဖြစ်ပျက်တရား မှန်စွာသိ ပရမတ်သဘော ထင်ရှား၏။ " မောင်သစ္စာ " မြန်မာပြည်သား

အတွင်းဓာတ်

" အတွင်းဓာတ် " အမြင်ငယ် နုပ်သမို့ ရွှေထုတ်လို့ မထင်။ ခြေစကြာ ဘယ်ညာလှဲ့ ခတ်ခဲ့ သည်တွင်။ လှစ်ကနဲပင် ပေါ်လွင်သည့် ရွှေအဆင်း။ ဘုရားကယ်ပါလို့ ရွှေစင်မှာ ဘယ်မယွင်းရတယ် ဝင်းမှဲ့ လက်တွင်း။ ။ ပညာရှိ သူတော်ကောင်း ပျော့ပျောင်း သည့် ရိုးဂုဏ်။ ဂုဏ်သိမ်သူ ဟိတ်ဟန်လုပ် ရှိုးထုတ် အဖုံဖုံ။ သူတော်ကောင်း နှင့်ကြုံဆုံ လူဘုံတွင် နှိမ်ချသေး။ မနိမ့်ပါကုန် သီလဂုဏ် ပညာရှိမှာဖြင့် သမာဓိ အသွယ်သွယ်နဲ့ သတ္တိကြွယ် အရည်အချင်းတွေကြောင့် ရှင်းသန့် ထင်လင်း။ ။ " သစ်ရိပ်ညို "

ကယ်သူမဲ့

” ကယ်သူမဲ့ ” အကြော်ကြော် ရောင်းကာမှ အကြွေးကျ ရင်းပြုတ်တယ်။ တစ်ရာမှာ နှစ်ဆယ်တိုးနဲ့ ငွေတိုး ချေးတယ်။ စိတ်ညစ်ပါတယ် အကြော်သည် ငွေရှား။ မျက်နှာငယ် ပရုပ်လုံးလို လုံးချာလိုက် ပါး။ ။ ” သစ်ရိပ်ညို ”

ဆင်းရဲခြင်း

” ဆင်းရဲခြင်း ” နွေကျောင်း ပိတ်ရက် ၊ ငါးဖမ်း ထွက်သည် တက်ကြွ နေသော သားငယ်ငယ်။ ကျောင်းအပ် ငွေမျိုး ၊ စာအုပ်ဖိုး နှင့် ငွေတိုး လေးလည်း ချေဖို့ကွယ်။ ဗိုက်ပူ နံပေါက် ၊ ဖင်ကောက်ကောက် နှင့် နောက်မှာ ပလိုင်း လွယ်လိုက်တယ်။ ခနွှဲ ဒေါက်ဆင် ၊ ရေထုတ် လျှင်မူ စိတ်ဝင် တစား ကြည့်နေတယ်။ ရေခမ်း မွှေနှောက် ၊ ရွှံ့နွံ အောက်မှာ ငါးပေါက် လိုက်စမ်း ဖမ်းရှာတယ်။ လိမ့်လိမ့် လူးလူး ၊ လှုပ်လှုပ် လူးသည့် ခေါင်းဦး ကိုကိုင် ဖမ်းရာဝယ်။ ငါးလည်း မဟုတ် ၊ မြွေပုချုပ် က ဆိပ်ထုတ် လှမ်းကိုက် ခံရတယ်။ ဖေ့မှာ ပူပန် ၊ သားထမ်း ပြန်၍ အမြန် ဆေးရုံ သွားရတယ်။ နေကောင်း သက်သာ ၊ ရှိလာ ပါမှ ဖေ့မှာ ဟင်းချ နိုင်တော့တယ်။ နောက်များ ဆိုရင် ၊ ငါးရှာလျှင် ဖြင့် ဖေပင် တစ်ယောက်ထဲ သွားတော့မယ်။ လိုက်နဲ့ကွယ် သားလေးရယ်။ ။ ” သစ်ရိပ်ညို ”

ကျန်းမာရေး

” ကျန်းမာရေး ” သူပေါ့ သူလေ လုံ့လကို သတ်တဲ့သူ သူလေ သူပဲပေါ့။ ။ ” သစ်ရိပ်ညို ”

ငါ့ တဝက် ပေး

” ငါ့ တဝက် ပေး ” မေမေရေ တိုင်လို့ပြော ဟောသည်မှာ ညီလေးလေ။ ကျွင်းအိမ်သာ မန်ကျည်းခြောက် ကောက်လို့ စားနေ။ ဟဲ့ စားချင် စားပါလေ့စေ အငတ်တွေ စားခွင့်ပေး။ ညီလေးရေ အကုန်မစားနဲ့ ငါလည်းကွဲ့ စားချင်လှတယ် ငါ့ တဝက် ပေး။ ။ ” သစ်ရိပ်ညို ”

ဖုန်းဝယ်ပေးမိကာမှ

” ဖုန်းဝယ်ပေးမိကာမှ ” ဟယ် ကြည့်စမ်းပါ့ မိချမ်းမြ ဖြစ်အင်။ ကိုရင်မောင် အငယ်လေးနဲ့ ပြေးသွား လို့ထင်။ သားခါးထစ် ဝမ်းလွယ်ပင် နွမ်းနယ်ဆင် ဖျော့သွေးစို့။ ဖုန်းရောက်လာ လူပါပျောက်ပြီရှင့် ယောက်ျားကို အချစ်ဆုံးမို့ ဖုန်းဝယ် ပေး လို့။ ။ ” သစ်ရိပ်ညို ”

လုံ့လသတိ မဲ့သူ

” လုံ့လသတိ မဲ့သူ ” ရိုး အ အ ထူ ထူ ထုံ ထုံ ပေါ ပေါ ချောင် ချောင် ရူး ရူး သွပ် သွပ် သွမ်း ပညာ ခမ်း သော် မျက်ကန်း သွင်သို့ ဖြစ်ပြီကော။ ။ ” သစ်ရိပ်ညို ”

သူတော်ကောင်း နတ်ကောင်းဆောင်မ

" သူတော်ကောင်း နတ်ကောင်းဆောင်မ " ဇာတာခွင် စစ်တမ်းမှာဖြင့် ကံသာလျှင် မညစ်နွမ်းပါက မိုးဆမ်းသည့် ပန်းအသွင်။ လူလိမ်သာ ညာချင်စမ်းပေတဲ့ လူလိမ္မာ ပညာလွှမ်းပါပေါ့ ချမ်းမြ စိတ်ရွှင်။ ကုသိုလ်သာ ပဓာန ဟာမို့ လမ်းအစ စိတ်ကိုပြင် ဆင်ခြင်ကွဲ့ မလွတ်တမ်း။ လိမ်မာလျှင်လေ လူ့ရွာပြေ လူတွေချစ်ယုံမက ခြောက်ရွာနေ သွေမပစ်တယ် နတ်ချစ်သည့် လမ်း။ ။ " သစ်ရိပ်ညို "

မြိုင်နန်းစံ

” မြိုင်နန်းစံ ” ပန်း​ဟေဝန်​နန်း ဆင်​မြန်းလှ နုပျို။ ​ရေတံခွန်​ နွယ်နတ်ပန်း တင့်ဆန်းလှ ဆို။ ​ကြာညိုညို ပိုမိုလို့ ပြန့်ကား။ တေးချိုချို စာဆိုငှက်ကယ် မိုးထက် ပျံလွှား။ ။ ” သစ်ရိပ်ညို ”

လူဖြစ်ကြစေ

" လူဖြစ်ကြစေ " မကောင်းရာ သံသယ တိုးပွားဖို့ ကြံရွယ် စီမံ လျှင်ကွယ်။ အမျိုးမျိုး အသွယ်သွယ် ပျက်စီးဖွယ် အဖျက်သဘော။ ကံစိတ်ကို ရည်ရွယ်သုံး မုန်းစိတ် ယှဉ်နှော။ ။ အယောင်ဆောင် မျက်နှာဖုံး စိတ်ပုန်းလို့ ယုတ်မာ လူ မဟုတ်ပါ။ လူဆိုတာ ကောင်းရာသာ မြတ်နိုး။ မကာင်းစေရန် အကျင့်ပုပ်က ယုတ်တဲ့ ဓာတ်ဆိုး။ ။ " သစ်ရိပ်ညို "

ကြုံဖူးဘူး

" ကြုံဖူးဘူး " နွမ်းနယ်စိတ်ပန်း သည်နှစ်ဆန်းဝယ် အိမ်ခန်းထဲက မထွက်နိုင်။ ။ " သစ်ရိပ်ညို "

စိတ်သည်သာ အဓိက

" စိတ်သည်သာ အဓိက " သတ္တဝါ စိတ်ခွာက ပြိတ္တာ ဗျ ရှုမြင် အတိတ်ကမ္ဘာမှ ယခုတိုင်ပင် ကံသည်လျှင် စိတ်ပဲ။ စိတ်အနှစ် ပစ္စယုပ္ပန် လို အသစ်အဟုတ်အမှန် အားစိုက်ရမလွဲ။ ဇွဲလုံ့လ ဝီရိယကံမှာ ဥာဏ်ပညာ အုပ်မြဲ။ စံတင်စရာ လွန်ခက်ခဲ ပေမယ့် မရွံ့ဘဲ ဆက်ရာ။ ဓူဝံကြယ် ဘယ်မလွတ်ပါဘု လှမ်းဆွတ်လို့ ရယူနိုင်တာ။ စိတ်ရှိသည့် ရုပ်ခန္ဓာ ဟုတ်မှန်ရာ လူ့အကျိုးကိုဖြင့် သယ်ပိုးလို့ ထမ်းရွက်သော် မြင့်မြတ်ကွဲ့နော်။ လူ့ဘဝ ခဏပျော် ချိန် စိတ်အဖေါ် ဥာဏ်သုံးကွဲ့ လေး။ ။ " သစ်ရိပ်ညို "

ကုသိုလ် အကုသိုလ် ကံအလုပ်သည်သာ

" ကုသိုလ် အကုသိုလ် ကံအလုပ် သည်သာ " ထီးနန်းစံ ချိန်ကာလ ဒေသက ကိုက်ညီ။ ရှေးကုသိုလ် ကံအကျိုး စိုး ရပေမည်။ ကံပေး၍ မတ်တည် ရပ်နေပြီ ဆိုသော်လည်း။ ကုသိုလ်ကံ ကံအလုပ် မိုးချုပ် တတ်မြဲ။ ။ ကုသိုလ်ရှိန် ကံရတုန်း ကျိုးလုံ့လ သတိကြွယ်။ များဝေနေ ကုသိုလ်ရေး အလေးပေး သင့်တယ်။ ဟိုး အမြင့် စံချိန်ဝယ် လေတိုက်တယ် သတိထား။ ကုသိုလ်ကံ အကျိုးပျက် ချိုးဖျက် တတ်သား။ ။ ရွှေနန်းစံ ဘုံထိပ်ဖျား ဆက်နားဖို့ ကြံရွယ်။ အကုသိုလ် မလွယ်ထုပ် မန်းမှုတ် ကာကွယ်။ ကုသလ မခင်တွယ် ရက်စက်မယ် ဆိုငြား။ အကုသလာ ပြဿာဒ်ရွာ ငရဲလမ်းက ဖြောင့်တန်း လှသား။ ။ ကံကူတယ် မကူငြား စိတ်ထားမြတ် ထားကြပါ။ ရောက်လေရာ သင့်အရပ်က သင့်မြတ် မည်သာ။ ကျိုးလုံ့လ ကုသလာ လူ့ပြည်ရွာ ချစ်မြဲ။ လူမခြားပါဘု နတ် သိကြား ဗြဟ္မာ များပင် အားကျ စိတ်ထဲ။ ။ " သစ်ရိပ်ညို "

ခြေရာ

" ခြေရာ " ဇရာ ချဉ်း ညှဉ်းသည့် ဝေဒနာ သတိရလာ။ တစ်ရံခါ သာယာတဲ့ ရင်တွင်း။ မေတ္တာအိမ် တံခါးဝ တမ်းတမိခြင်း။ ။ " သစ်ရိပ်ညို "

ဝါရည်မဲ့ရှင်း ပိတောက်ကျဉ်

" ဝါရည်မဲ့ရှင်း ပိတောက်ကျဉ်း " အပွင့်ဦး ငုံဖူးခွင့် မသာ။ သည်ရာသီ မိုးဓာတ်ပျက် အိပ်စက်လျက်သာ။ ပိတောက်ဝါဝါ နွေချိန်ခါ ရွှင်လန်း။ မိုးမလာ ရေမသက် ပွင့်ခက်သည့် ပန်း။ ။ " သစ်ရိပ်ညို "

မသူဇာ

" မသူဇာ " မဟူရာ ညှို့မျက်ဝန်း ဝေရွှန်းတဲ့ သူဇာ။ မျက်ဝန်းချို ပြိုရောင်ဆင်း ဝင်းလဲ့ ရည်ဖြာ။ အသည်းမှာ စွဲထင်လာ ဒီမျက်ဝန်း။ ဟိုယခင် ပျိုဖေါ်ဝင် သူဇာနတ်နွယ် ညှို့ဓါတ် ကြွယ်လွန်း။ ။ ခုနေချိန် သူဇာလှ ဘယ်ဘဝ မှာရယ်။ လှဂုဏ်ရည် ချိုလွင်အေး ဝေးခဲ့ ပြီကွယ်။ အိပ်မက်နယ် စက်ရာငယ် တစ်လွမ်း။ ပုံပန်းချီ နဂိုရည် မြပုလဲနှယ် စွဲမြဲ တ တမ်း။ ။ " သစ်ရိပ်ညို "

လမ်း

" လမ်း " စိတ်ချင်းက တူ မူချင်းကျ ကွဲ။ ငယ်ပေါင်းဖေါ် သူငယ်ချင်း ကွေကွင်းကြ မြဲ။ ။ " သစ်ရိပ်ညို "

အချစ် ငယ်ဖြူ

"အချစ် ငယ်ဖြူ" နှစ်သက်စွာဖြင့် ချစ်ခဲ့သည် ချစ်နေပါ၍ ပြုံးပြသည်။ ပြုံးစေလိုလို့ ခွာမိသည် ခွဲခွာလိုက်၍ မုန်းတော့သည်။ မုန်းစိတ်ဝင်၍ ဖြတ်ပစ်သည် သံယောဇဉ် ဖြတ်လို့ လွမ်းရသည်။ မလွမ်းချင်၍ ဆက်ခဲ့သည် ကြိုးခြင်းထိတော့ ငြိပြန်သည်။ တွဲလက်ယှက်ကာ ချစ်မိလာသည့် မဆုံးနိုင်ပါ သံသရာ။ အချစ်အမုန်း အပြုံးအငို အခွာအဖျက် အလွမ်းအဆွေး အတွဲအဆက် တွေ့ဆုံလျှက်သာ စိတ်ညစ်စရာ ဝေဒနာ။ ရင်မှာခံစား စိတ်နွဲ့ပါးသည့် သက်တူရွယ်တူ ချစ်ငယ်ဖြူကို ရည်တူမျှော်မှန်း ဘဝလမ်း။ တစိမ့်စိမ့်ကြည့် တသိမ့်သိမ့်ပြုံး တသသ တ ချစ်မဝ။ " သစ်ရိပ်ညို "

ခါသင်္ကြန်

" ခါသင်္ကြန် " နေတက်စဝယ် ဖူးစို့ကြွယ်သား ပန်ရွယ်ခွန်းချွေ နုသစ်စေ၍ ပွင့်ဝေထွန်းသစ် ကြွလျက်ပင်။ ဖြေခက်လှဖွယ် ချမ်းစိမ့်မယ်ပါ့ လန်းဖွယ့်စမ်းရေ ပန်းနံ့ဝေကာ ခွင့်ချွေသွန်းချစ် စ ပက်လျှင်။ ရေပက်ကြမယ် မျိုးသစ်နွယ်တို့ ခင်တွယ်မျိုးဆွေ ပန်းပေါင်းထွေနှင့် လွှင့်ရေမွှန်းနစ် မြသက်ရွှင်။ " နွေဂိမှာန် " တသွေ့သွေ့ဆင် တသွင်သွင်မွေ့ တစ်ဆွေ့တစ်ခုန် တသုန်တကွေ့ သွေ့သွေ့လွမ်းမိုး စိုးကြောက်ဖွယ်။ တရွေ့ရွေ့လျှင် တငင်ငင်လှေ့ တမေ့တဖုံ တစ်ငုံတစ်ပွေ့ ရွေ့ရွေ့ပန်းကျိုး ညှိုးခြောက်တယ်။ တငွေ့ငွေ့ပင် တလွင်လွင်ဝှေ့ တစ်ဝေ့တစ်အုံ တဆုံတမြေ့ ငွေ့ငွေ့ချမ်းဖြိုး မိုးသောက်ကြယ်။ " မိုးဦးသံစဉ် " မို့မို့မှိုင်းမှိုင်း ညို့ညို့စိုင်းနှင့် တံတိုင်းထွဋ်တင် တိမ်တောင်ဆင်လျက် ရှစ်ခွင်ရစ်ဝိုင်း မှိုင်းတတ်သည်။ ညို့ညို့စိုင်းစိုင်း ၊ စို့စို့ထိုင်းကာ ရစ်ဝိုင်းပြိုဆင် အာကာပြင်ဝယ် နှစ်စဉ်နှစ်တိုင်း စိုင်းတတ်သည်။ စို့စို့ထိုင်းထိုင်း မို့မို့မှိုင်း၍ သင်တိုင်းမြူးရွှင် တောင်လေနှင်လျက် မြစ်ပြင်ချစ်လှိုင်း ထိုင်းတတ်သည် " ချိုပလီချစ်ခွန်း " တစ်နေ့အတွက် မမေ့ရက်နိုင်ပ...

နာကျင်တတ်သော နှလုံးသား

" နာကျင်တတ်သော နှလုံးသား " စိတ်လေပွေ ဝှေ့အမြူး လေရူးသို့ ကိုယ့်မှာ။ စာကဗျာ ဥာဏ်အသွား လှုပ်ရှား လျက်သာ။ သံစဉ်ရှာ ရေမှာ အရုပ်ရေး။ ပျိုးမျက်ရည် ငွေပုလဲ ဝဲပြီပေါ့ လေး။ ။ " သစ်ရိပ်ညို "

ဥာဏ်စိတ်

” ဥာဏ်စိတ် ” လေအယူ တစ်ခါနွဲ့ သယ်ခဲ့တဲ့ ဒေသနာ ပျောက်ရှ တတ်စွာ။ ဥာဏ်အသိ စိတ်အခွာ ပျက်ပျယ်လာ နေဆဲ။ ကြည်သဒ္ဓါ အာရုံထူး မြူးခက်ခက် ပဲ။ ။ ” သစ်ရိပ်ညို ”

ခလုပ်တိုက်သောည

” ခလုပ်တိုက်သောည ” လပြည့်ကျော် ခုနစ်ရက် လင်းလက်စ အဖုံဖုံ ညရိပ် ရောင်မြုံ။ မြူးနင့်ငယ် သက်ပုံ ကြယ်မစုံ ညလေး။ သန်းကောင်ယံ လပြည့်ဝန်းရယ် ထွန်းခက် လှသေး။ ။ ” သစ်ရိပ်ညို ”

အလွယ်လုပ်သော လက်သမားများ

” အလွယ်လုပ်သော လက်သမားများ ” ရှေ့က ဟို လက်သမား လုပ်ထားတဲ့ ခေါင်အစုံ အမိုးက မလုံ။ လွယ်ပါတယ် ပုဆိုးခြုံရေ ချောင်ခိုလှုံ ခက်နေလား။ ဟောသည်လို မိုးယိုလျက်ကို ဖျက်လို့သာထား။ ။ ” သစ်ရိပ်ညို ”

မိတ်ကောင်းဆွေကောင်း

” မိတ်ကောင်းဆွေကောင်း ” ဆွေတစ်ဖြာ တူဓလေ့ ပညာမွေ့ ပြည့်စုံ။ ကောင်းသတင်း ဆွေးအရင်း လက်ချင်း ဆက်ကြုံ။ လုံ့လပြည့် ဓနဂုဏ် ဓမ္မဘုံ လူသား။ မြတ်သဒ္ဓါ သမာဓိ ပြည့်ဝ သည့်အား။ ။ ” သစ်ရိပ်ညို ”

နိုးထဟန်ပြင်

” နိုးထဟန်ပြင် ” တသုန်သုန် လေတဖြူး မြူးတဲ့ လကဆုန်။ နေအရောင် ပြောင်ရည်ဝင်း လင်းလှတဲ့ ဂုဏ်။ မိုးရွှေပဇ္ဇုန် အမုန် မာန်တင်း။ တိမ်သဉ္ဇာ တရွေ့ရွေ့နှင့် ဝေ့ဝိုက် လို့ဆင်း။ ။ ” သစ်ရိပ်ညို ”

မောင်မောင်ဆိုလေ ထီးရိုးရှည်

” မောင်မောင်ဆိုလေ ထီးရိုးရှည် ” ညိုသွဲ့သွဲ့ တခွေခွေ ငိုမဲ့မဲ့ တတွေတွေ မျှော်တ ခက်ပေ။ မောင့်အလှ လန်းလေလေ ထောင့်တစ်ည လွမ်းတာရှည် နွမ်းလျ ထွေထွေ။ ပြုသမျှ တဝေဝေ ကုသလ မြတ်စိန္တေ ပေးဝေ မျှတမ်း။ ကျွမ်းဆူဝေ ရင်အငြိမ်း လွမ်းပူဗွေ ကြင်အတိမ်း စိမ်းလု ကြွေခမ်း။ ။ ” သစ်ရိပ်ညို ”

ကိုကိုလူဆိုး

” ကိုကိုလူဆိုး ” အို ကြည့်​စမ်းပါ့ ဇွတ်​နမ်းလိုက်​တာ။ လှ​နေတဲ့ သနပ်​ခါးလေး ပျက်​သွားမယ်ကွာ။ ​နောက်​တစ်​ခါ ဒါမျိုး မလုပ်​နဲ့။ မကြိုက်ပေါင်ဗျာ သူ့ မျက်​နှာကြီး ကိုက စပ်​ဖြီးဖြီး နဲ့။ ။ ” သစ်ရိပ်ညို ”

မင်္ဂလာ

” မင်္ဂလာ ” တူနှစ်ဖြာ ဂုဏ်ရည်ဖက် ရွှေလက်တွဲ မြဲဖို့ရွယ် စုလျားရစ်နွယ်။ ဂုဏ်နှစ်သွယ် ပျော်ရွှင်ဖွယ် ကြည်နူး။ စုံညီစွာ သံသရာ တူယှဉ်လျက်ကယ် ပေါင်းဖက် ရည်စူး။ ။ ” သစ်ရိပ်ညို ”

မှတ်ကရော

” မှတ်ကရော ” နွေရာသီ အားလပ်ရက် မေ့သားတွက် အလိမ္မာ။ မြတ်မင်္ဂလာ ဓမ္မစကူး တက်ဖူး စေချင်တာ။ တော်ပါပြီ မေမေရာ ဖေဖေ့သာ တက်ခိုင်း။ တနေ့က မူးလဲတော့ ဆဲပေါ့ လွန်ရိုင်း။ ။ ” သစ်ရိပ်ညို ”

ရပ်မိရပ်ဖ

" ရပ်မိရပ်ဖ " အိုကြီးအိုမ ၊ အရွယ်ကျ၍ ဒုက္ခမများ ၊ နေချင်သားဟု တရားသတိ ၊ မပြတ်ရှိလျက် ဒိဋ္ဌိဖယ်ခွာ နေကြသည်။ ဒိဋ္ဌိဖယ်ခွာ ၊ နေနေရှာလည်း ဆွေညှာမျိုးဆက် ၊ အိမ်ပေါ်တက်၍ အရက်သေစာ ၊ သောက်စားကာဖြင့် သံဝါနေ့ည ခြိမ်းခြောက်သည်။ သံဝါနေ့ည ၊ လူ့ဗာလကြောင့် ဒုက္ခလွယ်ပိုး ၊ မျက်ရည်မိုးလျှင် လွှမ်းမိုးသောက ၊ ဘုရားတလျက် ချုံးချငိုကြွေး ကြရသည်။ ချုံးချငိုကြွေး ၊ ရတက်မအေးစွ သေရေးမဖြောင့် ၊ စိုးရိမ်ကြောင့်ကျ ရောင့်တက်လူမိုက် ၊ အိမ်ရောင်းလိုက်ဟု တိုက်ခိုက်စကား ဆိုတော့သည်။ တိုက်ခိုက်စကား ၊ ဘေးအိမ်များတွက် နားငြီးနှောက်ယှက် ၊ ဒေါသထွက်၍ ဝိုင်းလျက်လူစု ၊ ထိန်းကြောင်းပြုသည် လူမှုဝန်ထမ်း ခရီးသည်။ လူမှုဝန်ထမ်း ၊ လူနတ်ချမ်းသာ စမ်းရေအေးမြ ၊ နတ်ကောင်းမသို့ စောင့်ကြရပ်ရွာ ၊ တရားစွာလျှင် သာယာစေကြောင်း ပေါင်းစုရည်။ ။ " သစ်ရိပ်ညို "

ဒုတိယအရွယ်

" ဒုတိယအရွယ် " ပျော်ရွှင်လျပ်ပါး ၊ လောင်းကစားနှင့် ဆေးဝါးမူးရစ် ၊ ခုံမချစ်ဘဲ ထုဆစ်တိုးတက် ၊ ဘဝတွက်တာ အသက်မွေးမှု ၊ အစုစုတွင် တစ်ခုမိရ ၊ ကြိုးစားကြသော် ပျားလှပိတုန်း ၊ ဝတ်ရည်သုံးသို့ စုရုံးသည့်မိတ် ၊ ပုရွက်ဆိတ်သို့ ထိုးဆိတ်ရှာစား ၊ ငှက်ပျံလွှားသို့ မနားမနေ ၊ အင်အားစေလျက် ရွှေငွေဥစ္စာ ၊ ရှာဖွေရာ၌ လိမ်ညာရှောင်ရှား ၊ ကိုယ့်လုပ်အားဖြင့် တရားနည်းကျ ၊ ရှာဖွေကြရင်း ဝမ်းလှစိုပြည် ၊ လူစဉ်မီအောင် ခေတ်မီအတွေး ၊ ပညာရေးနှင့် ဆိုရေးဆိုမှု ၊ ကောင်းအောင်ပြုလော့။ စုတုပြုသော သားရွှေစင်။ ။ " သစ်ရိပ်ညို "

နဒီမာယာ

" နဒီမာယာ " အစတုန်းက ပြုံးပြုံးလေးပါ။ ခုများကျ ပြုံးစ မလာ။ အရှုံးမှာ မုန်းတာ အကြောက်ဆုံး။ ကြည်စယ်တာ သူနှင်ရက်ပြီကွယ် မျက်သည့် ဆက်ထုံး။ ။ " သစ်ရိပ်ညို "

အချိန်ကျလျှင်ဖြင့်

" အချိန်ကျလျှင်ဖြင့် " သူတော်ကောင်း နတ်ကောင်းစောင်မပြီ။ သူတော်မဟုတ် ထိုသူယုတ် တေ့ဖြုတ် ချင်သည်။ မြဲကြံစည် သည်းခံသည် ဆိုသော်လည်း။ နတ်ဆိုင်းသံတွေဖြင့် သည်းခံသည့် သူတော်ကောင်းဖက် ပေါင်းဆက် "ကာ" မြဲ။ ။ " သစ်ရိပ်ညို "

စိတ်တိုတယ်

” စိတ်တိုတယ် ” ငိုမနေ ပါနဲ့ကွဲ့ မတည့် အတူနေ။ ပြန်တည့်ရင် တဟီးဟီးနဲ့ သွားဖြီး လျက်ပေ။ သူ စတတ်တယ်လေ ရှောင်နေမယ် မစဉ်းစား။ ငိုမြဲ ငိုပြန်ပြီလေ မှတ်သည်းချေ တကယ်ပဲ နည်းလှ ပါလား။ ။ ” သစ်ရိပ်ညို ”

တိမ်ကြားငှက်ငယ်

” တိမ်ကြားငှက်ငယ် ” ကြင်ဖေါ် မဲ့ဝေး ၊ ငှက်ကလေး ရေ လွမ်းတေး ငိုယို ၊ လူးလာ ဆို၍ ဟိုသည် ပျံလို့ ဝဲလှတယ်။ ငိုပါနဲ့ ကွယ် ၊ အို ငှက်ငယ် ရယ် တစ်နယ် ရပ်ခြား ၊ လေဆန် တား၍ သင့်နား ရောက်ချိန် လွဲရတယ်။ သိုက်မြုံ နှင့်ဝေး ၊ သွားချိန်လေး မှာ ပူဆွေး လွမ်းစ ၊ လွန် တမ်းတ ၍ မှန်းဆ စိုးရိမ် ကဲသို့နှယ်။ ရင်ဝယ် လွယ်ပိုက် ၊ ဥ အသိုက် နှင့် မောဟိုက် ဖြာဖြာ ၊ သောက ရွာ၌ မျှော်ကာ စောင့်ဆဲ သဲလို့ရယ်။ ရွှေရင် ထင့်ထင့် ၊ မြန်နှုန်း မြှင့်ကာ မျှော်လင့် ငှက်ကယ် ၊ တိမ်ကြား ကွယ်၌ တောင်ငယ် ဖျတ်ဖျတ် ၊ လေဟုန် ခတ်၍ လွမ်းတတ် သူထံ ၊ အရောက် ပျံသည် အားမာန် အပြည့် ရှိသည့်နှယ်။ ။ ” သစ်ရိပ်ညို ”

ပန်ကြားလွှာ

” ပန်ကြားလွှာ ” ကြားရသည်တဲ့ ကြားရသည် မလေးမောင် သည်နားရှိ ကြားသိရသည်။ ပြောမိသည်တဲ့ ပြောမိပြီ မလေးမောင် စိတ်အငြိ ပြောမိပြန်သည်။ ကောင်းတာလည်း ရှိပါသည် ဆိုးသည်လည်း ရှိ။ အမှားပါ ဝန္တာမိ ကြောင်းရယ်လို့ တောင်းပန်ပါ၏။ ။ ” သစ်ရိပ်ညို ”

မရှိမပူ

” မရှိမပူ ” လ အစ မျှော် လ လယ် မျှော်သည် ”တ” မျှော် တို့လစာ။ လ လည်းကုန် ရော ပြောင်ပါရော ကွယ် တယော ထိုးပြီကွာ။ ဒါတောင် သူခိုး ထမင်းအိုး ကို လာခိုး သွားရောဗျာ။ ငါ့ထက် ပိုဆိုး ဒီသူခိုး ကွယ် ရွာရိုး ကိုးပေါက်ရှာ။ ။ ” သစ်ရိပ်ညို ”

စာကျက်ချင်ပါဘူးဆို

” စာကျက်ချင်ပါဘူးဆို ” စာစိတ်ရယ် မဝင်စား သင်ကြားဖို့ ခက်လှတယ် ကလေး ငယ်ငယ်။ မိဘနှင့် ဆရာရယ် ကလေးငယ် ပညာရေး။ ထောက်တံ ယိုင်ယိုင် သုံးပွင့်ဆိုင် တစ်ခိုင်ပျက်က ခက်လှ တယ်လေး။ ။ ” သစ်ရိပ်ညို ”

ဓမ္မပါလ

" ဓမ္မပါလ " ဓမ္မပါလ ၊ ဗြဟ္မဏသို့ မသေမျိုးနွယ် ၊ ရွယ်ငယ်ငယ်များ ဘယ်လိုတရား ၊ ဘယ်ကျင့်အားဖြင့် ငယ်သားထက်အောက် ၊ အကျိုးရောက်ဟု ပါမောက္ခကြီး ၊ မေးမြန်းပြီးသော်...... တို့ဆွေမျိုးများ ၊ ကျင့်ကြိုးစားသည် တရားနှစ်ချိုက် ၊ သုစရိုက်ဆောင် မကြိုက်သူတော် ၊ ဒုစရိုက်ခေါ်သည့် မလျော်မုသား ၊ သတ်ခိုးသားနှင့် သောက်စားကာမ ၊ ရှောင်သွေကြ၏။ ထို့ပြင်တစ်ဝ ၊ ငရဲကျသည့် နိမ့်ကျအယုတ် ၊ ထိုအလုပ်ကို မလုပ်ရှောင်ရှား ၊ မျိုးဆွေများနှင့် မခြားခြွေရံ ၊ အကျင့်မှန်စွာ ကျင့်ကြံ`သု´ကို ၊ မြဲဆောင်လို၏။ `ဒု´ကိုရှောင်ရှား ၊ `သု´ကိုပွားလျက် ဟောကြားသူတော် ၊ လျော်စွာနာကြား ပွားများသန္တ ၊ သူယုတ်စသည် ပယ်ချခွာရှဲ ၊ သူတော်တွဲ၍ အမြဲဆည်းကပ် ၊ လှူဒါန်းအပ်တည့်။ ရဟန်းပုဏ္ဏား ၊ သူတော်အားမူ ဆွမ်းများကပ်လှူ ၊ တရားယူ၏။ လှူရန်လှူဆဲ ၊ လှူပြီးမြဲပင် လှိုက်လှဲဝမ်းသာ ၊ မုဒိတာဖြင့် သီတာချမ်းမြ ၊ မြတ်ဒါနတည့်။ သီလဖြူစင် ၊ အိမ်သူရှင်မ သန့်စင်ဖွားရာ ၊ သားလိမ္မာတည့်။ ပညာသုတ ၊ စွယ်စုံရပေ ဝေဒကျွမ်းကျင် ၊ သီလစင်ကြယ် ငယ်လျှင်ရွယ်သား ၊ မသေငြားတည့်။ တမိသားလုံး ၊ ဆွေမျိုးလုံးနှင့် ခိုင်လုံးခြွေရံ ၊ သုစရိုက်မှန်ကို ရည်သန်ကျင...

စိတ်ဖြူစင် နည်း

" စိတ်ဖြူစင် နည်း " မဲစိတ်မြူ ဖြူစေလို ထိုအာရုံ စုံညစ်မျိုး တိုးမတွေ့ ကွေ့ရှောင်ဖယ် ၁ ပယ်ပစ်ပြောင်း ကောင်းအာရုံ ပင်။၂ နုလုံပဋိ ညှိဉာဏ်ချိန် ၃ ထိန်လျံစို့ ပို့မေတ္တာ ရွှင်။၎ သမထ ၅ ဆဝိပသ် ၆ ရပ်ခြောက်ဆင့် သင့်ရာသုံး ထုံးစိတ်ဖြူ တူစိတ်ဝမ်း ချမ်းမြေ့ရွှင် သွင်နှလုံး တည့်။ ။ " သစ်ရိပ်ညို "

ယဉ်တကိုယ် မယ်

” ယဉ်တကိုယ် မယ် ” ဆီအိမ့်ပို အလွန်ဝ မမလှ ရယ်။ အနှေးယာဉ် လုပ်သားလေးရဲ့ ဆိုက္ကား နဲ့သယ်။ ထိုင်ခုံက ငယ်ငယ် တင်တုန်ရယ် မဆန့်။ ပျဉ်ပြားတင် ထိုင်ခုံထက်မှာ တက်ထိုင် ဖို့ လန့်။ ။ ဆိုက္ကားရှင် ဗလံလေး နှစ်ဆပေး တောင်းရာ။ ငွေကုန်တာ မနှမျော ချောအလှ ကညာ။ ဟော စတွေ့ ပါပြီဗျာ ဂုံးကျော်မှာ ဆင်းလို့တွန်း။ ကျော နေပူ ပြိုက်ပြိုက်ဆူ ချွေးသံနှော တယ် မောဟိုက် လှလွန်း။ ။ ” သစ်ရိပ်ညို ”

ပျော့တူးမနပ်

” ပျော့တူးမနပ် ” ဂလွိ ဂလွိ ရယ်နဲ့ တကွိကွိ မည်သံ။ ထမင်းနော် မကျက်သေး ပွက်ပွက်လေး ဆူညံ။ ယောက်မမွှေတံ ထမင်းရေ ခံခွက်။ နှပ်ထားစဉ် စမ်းကြည့်ရင်း ထမင်းက မကျက်။ ။ ” သစ်ရိပ်ညို ”

ကောင်းသတင်း

” ကောင်းသတင်း ” အကျိုးလို အကျိုးပျက် တိုးတက်တဲ့ သတင်းရယ်။ ကောင်းခြင်းနှင့် မကောင်းခြင်း အပေါင်းသင်းတို့ သိပါတယ်။ ခွဲခြားသိ ရှိဖို့ရယ် ငြိတွယ်ကာ မနစ်မွန်းစေနှင့်။ တို့ပြည်သူ တို့အကျိုးကို တိုးတက် စေသင့်။ ။ ကောင်းတာကို လူအများ လိုလားသော် လည်းကွယ်။ စိတ်ပျော်ရာ ခြေတင်ငြင်း သတင်းကို ကြိုက်တယ်။ လှော်စာနဲ့ ရစ်မူးတွယ် အမှန်ဖယ် ပုဂ္ဂိုလ်စွဲ။ ယောင်းရင်းတို့ရေ ကောင်းခြင်းဖွေ ထိုသတင်းကို မင်း ကြိုက်တာ လွဲ။ ။ ” သစ်ရိပ်ညို ”

ရွှေမိုးငွေမိုးရွာ

" ရွှေမိုးငွေမိုးရွာ " ဂျိုးဂျိုးဂျိန်းဂျိန်း မိုးသံချိန်း မြည်ဟိန်း ကြယ်လောင်စွာ။ လေအေးဝှေ့တိုး တောင်လေပျိုး ရေခိုး အပြည့်ပါ။ ဝဠာအုံ့ဆိုင်း တိမ်တောင်မှိုင်း လေရိုင်း ရောလို့လာ။ နေခြည်ငုတ်လျှိုး တိမ်မြူခိုး အုပ်စိုး ကောင်းကင်မှာ။ ဖြိုးဖြိုးဖြောက်ဖြောက် မိုးရေပေါက် တောက်လျောက် မိုးသည်းရွာ။ ရွှေမိုးငွေမိုး ရွာသွန်းဖြိုး တိုင်းကျိုးပြည်ကျိုးသာ။ ။ " သစ်ရိပ်ညို "

အင်အား

" အင်အား " သံသာယာ ရွှေဥဩ ဥဩဥဩ ရယ်တဲ့အော်။ ဖော်မပါ အမျှော်ထောက် ကိုင်းခြောက်ရဲ့ အပေါ်။ သင်းကွဲငှက် ဥဩသော် တမ်းတခေါ် အမြဲ။ လွန်တိတ်ဆိတ် သစ်ရိပ်ညိုမှာ လွမ်းပိုလို့ချွဲ။ ။ ရွှေကျီးညို တေးဆိုက နားဝမှာ မသာယာ။ အုပ်စုဖွဲ့ ပေါင်းစုံထား တအားအား နှင့်သာ။ ဘုံရန်သူ အံတုရာ ပေါင်းစုလာ အများ။ အမြင်မည်းပေမယ့် ယှဉ်တွဲကာ ဖေးကူဝိုင်းတယ် သိုင်းဖွဲ့အင်အား။ ။ နာမည်မှာ ဟုန်းဟုန်တောက် ဝုန်းဝုန်းဟောက် ရွှေကျားမောင်။ အားကောင်းတဲ့ ကြွက်သားဆောင် နွားတကောင် ကိုက်ချီရုန်းတောင် ပြုံးမပျက်ပေါင်။ အားကြီးတဲ့ အကောင်လည်းမရှောင် တစ်ကိုယ်တော်တစ်ကောင်ကျား။ မတစ်ထောင် တစ်ကောင်ဘွားတွေကွဲ့ ကျားဆိုမှကျား။ ။ ရွှေခြင်္သေ့ ဆိုပါက နဂိုလှ တသွေးတမွေးသာ လည်ဆံမွှေး ရွှေရောင်ဖြာ။ တောင်သုံးလုံး တောသုံးလီ မြေမဟီ စုံမြိုင်မျိုးကို ပိုင်စိုးတဲ့ ရာဇာ။ ဝုန်းကနဲ ဟိန်းဟောက်လာ ဒူးဘယ်ညာ ပြိုဆင်း။ စုပေါင်း ညီညာ ဓလေ့ကွဲ့ မင်းခြင်္သေ့ သားရဲစုမှာ အားပြုဖြိုခွင်း။ ။ ကျားဆရာ ကြောင်ပါကွဲ့ တစ်ကောင်ထဲ အစာရှာ။ နယ်ချဲ့ကာ မိတ်လိုက ဗိုလ်ကျတတ်တာ။ မှောင်မည်းတဲ့ ဟိုချောင်မှာ ချောင်းမြောင်းကာ ...

ပါရမီဖြင့်ကောင်းကျိုးတည်စေခြင်း

" ပါရမီဖြင့်ကောင်းကျိုးတည်စေခြင်း " ကံခွက်ငယ် ကုသိုလ်ဖြည့် လွန်လွယ်လေ့ ပြည့်လျှံ။ ကံဖြည့်ရန် အုတ်ကန်ထက် ပြည့်ခက် ဧကန်။ များလှသည့် ပါရမီခံ ရေမြေခံ ကြည့်ရွေး။ ပြည့်ဝစုံ ပါရမီကြောင်း ဇာတ်ပေါင်း ရလေး။ ။ ကံစေရာ ဥာဏ်တံခါး ဖွင့်ထားကြ များဝေနေ။ ကံသို့ပုံ ဥာဏ်ဖြည့်အား ကြိုးစား ကြပေ။ ဥာဏ်အသိ ကံရှိသူတွေ မှန်သိလေ ထင်ရှား။ ပါရမီ ဥာဏ်စက်သွား ဓားစက် အလား။ ။ ဥာဏ်သိပုံ ကုသိုလ်ဖက် ကံသက်ဆက် ပါရမီ။ ပြည့်ရင့်သန် ပါရမီကြောင်း ကောင်းဖို့ လိုသည်။ အကုသိုလ် ကင်းစင်ကြည် လင်းနေခြည် နုအသွေး။ မျိုးဇီဝ ရုက္ခာ ရွှင်လန်းဖြာ သာယာဖြိုး ကောင်းကျိုး ပြည့်လေး။ ။ " သစ်ရိပ်ညို "

ဇာတ်ပျက်ဗိုလ်

" ဇာတ်ပျက်ဗိုလ် " အုပ်ကထို ဥက္ကဌပေါ့ ကျုပ်ကတော့ မလုပ်ချင် ရှုပ်သမျှ အပြစ်တွေလျှင် ညစ်လွင်ပြင် ပြန့်ကျဲ။ အောက်လူရို့ စိတ်ပုပ်ပါက ထိန်းအုပ်ရာ ခက်ရသည်ပဲ။ အုပ်စုလှုံ့ တုန့်အလှည့်တွေကြောင့် ပုပ်အဲ့ဝေ နံစမြဲ။ ရှုံ့မဲ့နေ လူတွေထဲမှာလ ဖြူအမဲ လီလော်။ လိမ်ဆင်ရွယ် အလည်လုပ်သမျှ ဒုက္ခက ပေါလော လာပေါ်။ ပရိသတ် လူဘုံမှာနော် ကိုလူကျော် ကြက်သူခိုးတို့ ရှက်မစိုး မရွံ့စွာလျှင် အဓွန့်တက်ချင်။ သမားရင်း ကြွက်တွင်းဝင်ကာ လက်ငင်းပင် နှုတ်ထွက်လိမ့်လေး။ ။ " သစ်ရိပ်ညို "

မိမိကိုယ်ကို ချစ်သည်ဆိုက

" မိမိကိုယ်ကို ချစ်သည်ဆိုက " မိမိကိုယ်ကို ၊ ချစ်သည်ဆိုက နုပျိုစဉ်မှ ၊ အိုမင်းရသည့် ဘဝနောက်ဆုံး ၊ ချုပ်နိဂုံးထိ.... အဆုံးတိုင်ရောက် ၊ ကောင်းဖို့ထောက်၍ စောင့်ရှောက်အပ်လှ.... သုံးပါးအရွယ် ၊ တစ်ရွယ်ရွယ်တွင် ကျင့်ဖွယ်ကိစ္စ ၊ အဝဝကို လုံ့လထုတ်ကာ ၊ ကျင့်သုံးရာ၏။ ဖြစ်ရာပေါ်လာ ၊ ကိလေသာကို မျက်နှာမလွှဲ ၊ သုတ်သင်ပွဲကို ဆင်နွဲရန်တွက် ၊ မပျက်ကွက်လင့်။ ။ " မောင်သစ္စာ " " မြန်မာပြည်သား "

အထက်ဘုံ အောက်ဘုံ

" အထက်ဘုံ အောက်ဘုံ " အတ္တကို အခြေခံ ဒုစရိုက် မှန်သမျှ ပေါင်းစည်းရ လွယ်သည်။ ပြိုကွဲလွယ် မှန်သည်။ သီလကို အခြေခံ သုစရိုက် မှန်သမျှ ဆောက်တည်ရ ခက်သည် ဖြိုခွဲခက် ခိုင်မြဲသည်။ ။ လိမ်လည် ခိုးသား ၊ လုယက်များနှင့် ဓားပြ ပုန်ကန် ၊ စုလွယ်မှန်၏။ ချိန်တန် ပြည့်ဖြိုး ၊ အင်အား တိုးသော် ဂျိုကျိုး နွားနှယ် ၊ ပြိုကွဲလွယ်၏။ ရှင်သူမြတ်လောင်း ၊ ရှင်အပေါင်းနှင့် လူကောင်းလူတော် ၊ လူသူတော်တို့ ပေါင်းဖေါ်ယှဉ်တွဲ ၊ ခိုင်ကြည်မြဲလျက် မကွဲကျောက်တိုင် ၊ မယိမ်းယိုင်တည့်။ ။ သီလဖြူစင် ၊ စိတ်ကြည်လင် ၊ အမြင်ရှင်းလင်း၏။ အတ္တလွန်ကျူး ၊ ဒေါသမြူး ၊ သူရူးဝေဝါး၏။ အဖြူအမည်း ၊ အဓိပ္ပါယ်ကွဲ ၊ စဉ်မြဲသတိရှိ။ ကောင်းမှုကံကျိုး ၊ ရေရှည်ပျိုး ၊ နှောင်ကြိုးကင်းပ၏။ မကောင်းမှုကံ ၊ သဒ္ဓါပြန် ၊ ချိန်တန်ပျက်ဆီး၏။ လမ်းစဉ်အမှန် ၊ မြဲကျင့်ကြံ ၊ ထင်ကျန်ကောင်းကျိုးတည့်။ ။ " သစ်ရိပ်ညို "

ရေနည်းငါး

" ရေနည်းငါး " ရှေးသရောခါ ၊ ပြည်ဗာရာဝယ် ပြည်ရွာသေနင်း ၊ ပြည့်ရှင်မင်းမှာ အလျဉ်းမရှိ ၊ မင်းမြှောက်ဘိဟု နန်း၏အမတ်ချုပ် ၊ အကြံထုတ်၍ အုပ်ချုပ်နန်းလျာ ၊ ရူးနှမ်းစွာကို မင်းအရာ တင်မြှောက် ခဲ့လေသည်။ မင်းတို့ဖြတ်ထုံး ၊ လက်တစ်လုံးနှင့် ဝင်ဆုံးဖြတ်ကာ ၊ တီးတိုးစွာလျှင် မင်းမှာမိန့်မြွက် ၊ ဥပဒေသက်၏။ သူခိုးသူကန်း ၊ ငွေလက်ကမ်းပြီး လွတ်လမ်းမွှေနှောက် ၊ မင်းလျှင်နောက်က လွတ်မြောက်ကြစေ မိန့်မြွက်လေ၏။ မှန်စေမြတ်ပေါင်း ၊ သူတော်ကောင်းတို့ ပုပ်ယောင်းညစ်ပတ် ၊ အမြစ်ဖြတ်ဖို့ မြိုင်ရပ်နှင်စေ ၊ သားသတ်စေတည့်။ တစ်ထွေချဉ်းကပ် ၊ မင်းနားရပ်သော် လျဉ်းဖြတ်ပိုင်ပိုင် ၊ ချုပ်သံတိုင်နှင့် မနိုင်တိုက်ပိတ် ၊ ခြေလက်ထိပ်တည့်။ တစ်နေ့သောခါ ၊ ရူးသွမ်းရှာသည့် မင်းမှာမှားယွင်း ၊ မတ်ချုပ်မင်းကို ထောင်သွင်းတိုက်ပိတ် မိလေသည်။ မတ်ချုပ်မရှိ ၊ ဘာမသိနှင့် ဆိုး၏လွတ်ငြိမ်း ၊ သူတော်တိမ်းနှင့် ပွဲသိမ်းနီးကပ် ၊ ထိပ်တုံးခတ်ဟု ကောင်းဓာတ်ညှိုးအက် ၊ မုန်းဓာတ်သက်၍ စစ်ဖက်ရန်မီး ၊ လျှံလျှံငြီးလျက် ပြည်ကြီးပျက်စွာ ၊ ရှေးအခါဝယ် ဗာရာဏသီ ပြည်၌တည်း။ ။ " သစ်ရိပ်ညို "

သွေးသစ် လူငယ်

" သွေးသစ် လူငယ် " ရောင်နီပျိုး မိုးသောက်ချိန် စန်းလသော်တာ မှိန်။ ကြယ်စင်ထိန် မှုန်ပျပျ ရောင်နီ လာခါစ။ အာရုံတက်သည့် နံနက်မှာ ကျေးငှက်တွန်သံသာ။ စာအံကျက်ဖို့ နိုးထစို့ စာကြိုးစားပါစို့။ ကျောင်းတက်ခေါင်းလောင်း ထိုးတဲ့အသံ ဒေါင်ဒေါင်ဒင်ဒင်ညံ။ မင်္ဂလာပါ နှုတ်ခွန်းဆက် စာအံသင်ဖို့အတွက်။ စာသင်ခန်းလေး အတွင်းမှာ စာအံဖတ်ကြတာ။ တို့ပြည်ထောင် အောင်စေကြောင်း လူငယ် သွေးသစ်လောင်း။ ။ " သစ်ရိပ်ညို "

မောင်ရွှေသွေး မောင်ရွှေသွေး

" မောင်ရွှေသွေး မောင်ရွှေသွေး " မောင်ရွှေသွေး မောင်ရွှေသွေး ရွှေသွေးလူလေး မောင်ရွှေသွေး ။ မောင်ရွှေသွေးလေး ချစ်စရာ အိအိစက်စက် လုံးဖန်စွာ။ ကစားချိန်မှာ ဆော့ကစား အားပြည့်အင်ပြည့် လွန်ဖွံ့ထွား။ အစားအစာ ဝါးစားတာ သားငါးအရွက် စုံလင် ပါ။ သန့်ရှင်းစေတာ ကျန်းမာရေး ဖြူဖြူဖွေးဖွေး မောင်ရွှေသွေး။ နုနယ်ရွှေသွေး လှပစွာ ပြုံးပြုံးရွှင်ရွှင် ရယ်မောကာ။ လှုပ်ခါလှည့်ကာ လူးလာပြေး သားငယ်လူလေး မောင်ရွှေသွေး။ ။ " သစ်ရိပ်ညို "

ငယ်နုလန်းရွှင်

" ငယ်နုလန်းရွှင် " ဘဲပေါက်စလေး ခပ်ငယ်ငယ် ရေကန်လေးအလယ်။ ကြက်ပေါက်စငယ် အစာရှာထွက် ဘယ်ညာခြေစုံယက်။ ကြောင်ကလေးက တိမ်းဝှက်ကာ ကြွက်ချောင်းဟန်ပါပါ။ ခွေးလေးငယ်မှာ ဟောင်ကာပြ ဝုတ်ဝုတ်သံချိုမြ။ နွားလေးပေါက်စ မြူးတူးစွာ ခုန်ပေါက်ပြေးလွှားကာ။ သနားစရာ ယုန်ကလေး မျက်လုံးပန်းရောင်သွေး။ သေးကွေးနုနယ် ချစ်စဖွယ် အပြစ်ကင်းစင်ကြယ်။ ငယ်ငယ်ရွယ်ရွယ် ဆော့ကစား ဟန်မူရယ်ကွဲပြား။ " သစ်ရိပ်ညို "

စာသင်ကျောင်း

" စာသင်ကျောင်း " သားသား ချစ်တဲ့ ဆရာမ မီးမီး ချစ်တဲ့ ဆရာမ။ ဆရာမက စာအံသင် သားသားမီးမီး တို့ပျော်ရွှင်။ သင်ပုန်းပေါ်မှာ ဝလုံးရေး ဝိုင်းဝိုင်းစက်စက် စာလုံးလေး။ ကကြီးမှအ ဗျည်းတွဲရယ် သရပိုင်းခြား မှတ်ရတယ်။ မြန်မာစာပေ အက္ခရာများ မိမိရရ သင်ပြထား။ မြန်မာစကား ပြောရာဝယ် ယဉ်ကျေးလိမ္မာ ရှိရတယ်။ မင်္ဂလာပါ ဆရာမ ညီညီညာညာ နှုတ်ဆက်ကြ။ " သစ်ရိပ်ညို " " ငယ်နုလန်းရွှင် " ဘဲပေါက်စလေး ခပ်ငယ်ငယ် ရေကန်လေးအလယ်။ ကြက်ပေါက်စငယ် အစာရှာထွက် ဘယ်ညာခြေစုံယက်။ ကြောင်ကလေးက တိမ်းဝှက်ကာ ကြွက်ချောင်းဟန်ပါပါ။ ခွေးလေးငယ်မှာ ဟောင်ကာပြ ဝုတ်ဝုတ်သံချိုမြ။ နွားလေးပေါက်စ မြူးတူးစွာ ခုန်ပေါက်ပြေးလွှားကာ။ သနားစရာ ယုန်ကလေး မျက်လုံးပန်းရောင်သွေး။ သေးကွေးနုနယ် ချစ်စဖွယ် အပြစ်ကင်းစင်ကြယ်။ ငယ်ငယ်ရွယ်ရွယ် ဆော့ကစား ဟန်မူရယ်ကွဲပြား။ " သစ်ရိပ်ညို " " မောင်ရွှေသွေး မောင်ရွှေသွေး " မောင်ရွှေသွေး မောင်ရွှေသွေး ရွှေသွေးလူလေး မောင်ရွှေသွေး ။ မောင်ရွှေသွေးလေး ချစ်စရာ အိအိစက်စက် လုံးဖန်စွာ။ ကစားချိန်မှာ ဆော့ကစား အားပြည့်အင်ပြည့် လွန်ဖွံ့ထွား။ အစားအစာ ဝ...

ဆောင်းနှင်းမြူ မနောလှ

" ဆောင်းနှင်းမြူ မနောလှ " နှင်းစက်မိုးရေ တပေါက်ပေါက် တံစက်မြိတ် ရဲ့အောက်။ တတောက်တောက် စက်စက်ယို ပတ်ဝန်းကျင်တခို။ နေပျိုလာရင် ဖျောက်ဖျောက်ပြေး ချမ်းချမ်းစိမ့်စိမ့် အေး။ မြောက်ပြန်လေအေး တိုက်ပြီဆို ခိုက်ခိုက်တုန်သကို။ လေအေးချိုချို ဖျော့ဖျော့ပြေး ပါးမှာနီသွမ်းသွေး။ မြူနှင်းဖွေးဖွေး သည်းသည်းလျံ သာစွဆောင်းဟေမန်။ ဆန်သစ်ထွေးထွေး ချက်လို့ပေး ကောက်သစ်စားပွဲလေး။ " သစ်ရိပ်ညို "

ဆောင်းနံနက်ခင်း

" ဆောင်းနံနက်ခင်း " ကျေးငှက်လေးတို့ စိုးစိုးစီ နေခြည် ထွက်တော့မည်။ လေပြေညင်းလို့ တသွဲ့သွဲ့ သစ်ရွက် လှုပ်လဲ့လဲ့။ ဝန်းကျင်အနှံ့ ပျံ့လွင့်ခို ငွေနှင်း ဖွဲဖွဲစို။ ပန်းငုံပျိုမှာ ပွင့်အာဖူး လိပ်ပြာ ဖျတ်ဖျတ်လူး။ စမ်းချောင်းလေးရဲ့ ရေစီးသံ ငှက်လေးတေးသီသံ။ ကျေးငှက်သာရကာ သောက်ကာသုံး ပြုံးလို့ ပျော်မဆုံး။ ။ " သစ်ရိပ်ညို "

သစ်တောက်ငယ်နဲ့ ပိုးလောက်ရယ်

" သစ်တောက်ငယ်နဲ့ ပိုးလောက်ရယ် " သစ်တောက် သစ်တောက် အို သစ်တောက် သစ်ပင်ထက်မှာ တတောက်တောက်။ သူခေါက်ရှာတဲ့ ပင်အိုမှာ ပိုးလောင်းချလေး ရှိတယ်ဗျာ။ သစ်ခေါက်ကြားမှာ ပုန်းလို့ပြေး ကြောက်ရှာလွန်းလို့လေး။ မကြောက်ပါနဲ့ ပိုးလေးရယ် ထွက်လာခဲ့ပါကွယ်။ လိမ်လည်လို့သာ မြှူဆွယ်ထား ကိုသစ်တောက်ရဲ့ စကား။ သူ့ကိုယုံစား ပေါ်ထွက်လာ ပိုးလောင်းငယ်လေးဟာ။ ခေါင်းလေးဖေါ်ကာ ပြောဖို့သွား သူ့ကို ဆိတ်တောက်စား။ " သတိထား " အခါတပါး နားစည်ချို တောက်တောက်တက်တက်လို။ ဘဝထိုထို ဝါးမျိုလျက် သံချိုနှုတ်လျှာသွက်။ သစ်တောက်ငှက်လို မလည်လို ပိုးလောက်မအလို။ ရိုးသားဆင်ခြင် ဥာဏ်ရှေ့ပြေး သားနဲ့သမီးလေး။ ။ " သစ်ရိပ်ညို "

ချာမကို ချစ်တယ် ဂျာ နော်

" ချာမကို ချစ်တယ် ဂျာ နော် " ချရာမ ချရာမ တားကိုချစ်ရား ချရာမ။ တားကိုချစ်ရင် ရိုက်နဲ့ဂျာ တားတား ငိုကျစ်မှာ။ တားကိုအိမ်ဂျာ ခဏခဏပေး တားကိုရိုက်ဖို့ရေး။ အတန်းထဲမှာ တားချော့တာ ကျန်းမာရေး တွက်ပါ။ ပေပေကြောတာ တားမှတ်ထား အဲဒါအားကဂျား။ တားတို့ကျောင်းက ချာတင်ခုံ ချာအုပ်တေနဲ့ တနေကုန်။ အရိုက်ပါနဲ့ ချာမရေး တားတားချော့ချိန်ပေး။ ။ " သစ်ရိပ်ညို "

တို့အိမ်ခြံဝင်း

" တို့အိမ်ခြံဝင်း " အိမ်ကလေး အိမ်ကလေး တို့မိသားစု အိမ်ကလေး။ တို့အိမ်ဝင်းလေး အတွင်းမှာ ဖေဖေ မေမေ မမပါ။ ကစားစရာ အဖေါ်များ ခွေးကြောင်ကြက်ဝက် မွေးလို့ထား။ ခွေးပုလေး ဝုတ် ဝုတ် ဟောင် ခုန်ပေါက်ပြေးလွှား ချော့မြှူယောင်။ ပူစီကြောင် ညောင် ညောင် ပေး ကိုယ်ကိုပွတ်သပ် ချော့နေသေး။ ကြက်ဖလေးက အော်သံကျယ် အောက်အီအီးအွတ် မြည်သံရယ်။ ဝက်ဖြူလေးမှာ တ ဝတ် ဝတ်(ဝပ်) အစာတောင်းသံ မပြတ်ရွတ်။ တို့အိမ်ကလေး ချစ်စဖွယ် အေးချမ်းလှပတယ်။ စာသင်ချိန်မှာ ကျောင်းသို့သွား အိမ်ပြန်ရောက်မှ ဆော့ကစား။ တဝါးဝါး တဟားဟား တဝါးဝါး တဟားဟား ။ ။ " သစ်ရိပ်ညို "

အိုဘယ့်ပန်းမာရ်

" အိုဘယ့်ပန်းမာရ် " အဖူးငုံငုံ ၊ ပန်းတစ်ရုံ စုံစုံဆိုင်လို့ပွင့်။ အပွင့်မြိုင်မြိုင် ၊ သင်းပျံ့ကြိုင် လှိုင်လှိုင်ရနံ့လွှင့်။ ဝတ်ရည်နှံ့နှံ့ ၊ ပန်းမာရ်ဖြန့် တန့်တန့်တည်တည်စွင့်။ ပိတုန်းသီသီ ၊ ပျားဝေစီ အလီလီသောက်သုံးခွင့်။ သွင်တနှုံးနှုံး ၊ ရှုမဆုံး ပင်လုံးဖြိုင်ဖြိုင်ပွင့်။ ။ " သစ်ရိပ်ညို "

အသံ

" အသံ " တကျစ်ကျစ် နဲ့ စာလေးပျော် ကတော်ကတော် ကြက်မအော်။ အုံးအွမ် အော်သံ ဖားလေးမြူး မိုးခေါ်တေးသံ အသွင်ထူး။ ပဲပဲ မြည်တဲ့ ဆိတ်လေးရယ် ဂတ်ဂတ် ဆူညံ ဘဲမွေးမယ်။ တညောင်ညောင်နှင့် ကြောင်ကလေး ဝုတ်ဝုတ် ခွေးလေး ဟောင်လို့ပြေး။ ဒေါင်းငှက်တွန်ကြူး အိုးဝေသံ မျောက်က ကျိုးခွေ ဆူဆူညံ။ ဆင်လေးမိုမို တဝူး ဝူး ဂျိုးငှက်မြည်သံ တကူကူး။ ဝမ်းဘဲ မြည်တဲ့ နွားလေးရယ် ကျွဲလေး ညွမ့်ညွမ့် မြည်ပါတယ်။ မြင်းတွေရယ်သံ တဟီးဟီး မြွေအော်သံက တရွှီးရွှီး။ စာသင်ကျောင်းက ခေါင်းလောင်းသံ ဒေါင်ဒေါင်ဒင်ဒင် စီစီညံ။ စာအံသံ ညံမစဲ တို့ကျောင်းတော်ကြီးထဲ။ " သစ်ရိပ်ညို "

ပန်းဆယ်မျိုး ကဗျာ

" ပန်းဆယ်မျိုး ကဗျာ " ဦး"ပန်းတည်း" ငွေကြိုးသီ ညီလေး"ပန်းရံ" ဆောက်လုပ်စီ။ မေ"ပန်းချီ" မှာ ဆေးချယ်သ ဒေါ်"ပန်းပွတ်" နော် သစ်လုံးရ။ ကို"ပန်းပဲ" က သံကိုနိုင် မောင်"ပန်းတော့" လေး ပန်းရုပ်ပြိုင်။ ဦးလေး"ပန်းပု" ရုပ်ကိုထု မယ်"ပန်းတိမ်" တွက် ရွှေလက်မှု။ မ"ပန်းတမော့" ပန်းရိပ်ဖေါ် မိ"ပန်းယွန်း" ထည် ယက်ပေါ့နော်။ တူစုံလက်စုံ ပန်းဆင်နွှဲ မြန်မာ့ဓလေ့ လက်ရာပွဲ။ ။ " သစ်ရိပ်ညို "

ပန်းဆယ်မျိုး ကဗျာ

"ပန်းဆယ်မျိုး ကဗျာ" ဘုရားမတင် နတ်မဝင် လူတွင် ပန်းဆယ်မျိုး ။ မြန်မာ့ရိုးရာ ပညာရှင် လက်မှု ပညာပျိုး ။ ဆေးစက်ကျရာ အရုပ်ထင် ပန်းချီ ပညာပင် ။ ပန်းပုပညာ ထုဆစ်ကြ လှပ ရုပ်လုံးကြွ ။ ပန်းရံကတော့ တည်ဆောက်မယ် သံလျက် ကိုင်လို့ရယ် ။ ပန်းပဲထုတဲ့ သံပူရဲ လက်နှက် ပစ္စည်းမြဲ ။ လက်မှုရွှေသား ပန်းတိမ်မှာ လွပရတနာ ။ ပန်းပွတ်လုံးတွေ မျိုးစုံသုံး ဆင်လှ တစ်အိမ်လုံး ။ ပန်းတည်းခတ်က လှဆန်းကြယ် ငွေထည် လက်ရာကြွယ် ။ ပန်းနွယ်ခက်ကြွ လက်ရာလှ ပန်း တမော့ရယ်ပ ။ ပန်းတော့ပညာ ဖောင်းကြွစွာ နံကပ် ကနုတ်ပါ ။ ပန်းယွန်းဆွမ်းအုပ် ယွန်းထည်လုပ် နုရွ ပညာထုတ်။ စုံလင်လက်မှု လက်ရာများ ပန်း ဆယ်မျိုးကပွား ။ လက်မှုပညာ ထွန်းတောက်လျှင် နိုင်ငံ့ ဂုဏ်ရောင်ထင် ။ ဆယ်ဖြာလက်မှာ ဦးတင်ထား ကောင်းမှု ကြွယ်စေသား ။ ။ " သစ်ရိပ်ညို "

ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ

" ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ " ကျွန်ုပ်တို့ရဲ့ အလံတော် အရောင် လေးမျိုး ရှိသနော်။ ဖြူ နီ စိမ်း ဝါ အရောင်များ မြန်မာပြည် ကိုယ်စား။ ။ အလံတော်မှ အဝါရောင် စည်းလုံးညီညွတ် မှုကိုဆောင်။ ပညာတန်ဆောင် ထွန်းလင်းလျှက် တို့တွေ လက်ခြင်းဆက်။ ။ အလံတော်ရှိ အစိမ်းရောင် မြေဆီဩဇာ ကြွယ်ဝဆောင်။ ငြိမ်းချမ်းသာယာ မေတ္တာအေး စိမ်းလန်း စိုပြည်ရေး။ ။ အလံတော်၏ အနီရောင် ရဲရင့်ပြတ်သား အားကိုဆောင်။ သွေးစည်းညီစေ တို့တွေများ ပြည်ထောင်စုရဲ့ သား ။ ။ အဖြူရောင်ရဲ့ အဓိပ္ပါယ် မြင့်မြတ်သန့်ရှင်း ဖြူစင်ကြယ်။ တို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ရိုးသား ဖြောင့်မတ်မှု။ ။ စည်းလုံး ဝေစည် သွေးချင်းညီ ဖြူစင် သန့်ရှင်း စင်ကြယ်သည်။ စွမ်းရည် ပြည့်ဝ ရှိစေသား အလံတော်၌ ထား။ ။ လွတ်လပ်ရေးကို ထိန်းသိမ်းရန် သစ္စာရှိဖို့ သတိပန်။ တို့ပြည်ထောင်စု တို့လူထု နိုင်ငံတော်ကို အလေးပြု။ ။ ပေါင်းစုညီစေ တို့အင်အား ရိုးသားကြိုးစား တို့လုပ်အား။ မှတ်သားသိဖွယ် ဂရုပြု အလံတော်ကို အလေးပြု။ ။ " သစ်ရိပ်ညို "

ပလုပ်တုတ်

" ပလုပ်တုတ် " "သ မီး လေး ရယ် ၊ ကြိုက် တဲ့ အရုပ် လှုပ် လှုပ် လဲ့ လဲ့ ၊ အာ သာ ထုတ် သူ့ မှာ ပ လုပ် တုတ် ............ ခြေ တစ် ချောင်း လေး ၊ ရပ် ကာ လှုပ် ဘင် ဝိုင်း လေး ရယ် ၊ သူ့ အ လုပ် အဲ ဒါ ပ လုပ် တုတ် ............. လက် ကောက် ဝတ် လေး ၊ လှုပ် တဲ့ အရုပ် ရိုး ရိုး ဘယ် ညာ ၊ သံ သာ ထုတ် တုတ် တုတ် တက် တက် ၊ မည် တဲ့ အရုပ် အဲ ဒါ ပ လုပ် တုတ် ............. ဝ ဝ တုတ် တုတ် ၊ တ လှုပ် လှုပ် ရွှေ သွေး နု နယ် ၊ ပု သေး နုတ် သူ့ မှာ ငုတ် တုတ် တုတ် ............. ပ လုပ် တုတ် တုတ် ၊ ကြိုး မ ရှုပ် လှုပ် လီ လှုပ် လဲ့ ၊ တ တုတ် တုတ် အဲ ဒါ ပ လုပ် တုတ် ............. ကြိုး လေး သေး သွယ် ၊ ထု တဲ့ တုတ် အ သံ သာ သာ ၊ သူ့ အ လုပ် သူ့ မှာ ငုတ် တုတ် ၊ အ ဖြေ ထုတ် အဲ ဒါ ပ လုပ် တုတ် ............. မာ န မ ရှုပ် ၊ အ လုပ် လုပ် သူ့ ရဲ့ ပင် ကိုယ် ၊ ပြုံး လဲ့ သရုပ် သူ့ သ ဘော က လှုပ် တဲ့ တုတ် အဲ ဒါ ပ လုပ် တုတ် ............ " သစ်ရိပ်ညို "

သားသားမီးမီးချစ်သော ဆရာမ

" သားသားမီးမီးချစ်သော ဆရာမ " စိမ်းဖြူဖြူ ဝတ်လို့ထား သနပ်ခါး ပါးနုတင် ရှင်းသန့်လို့ယဉ်။ ပျိုသဇင် နဂိုသွင် ကြည်လင်လို့ ယဉ်ကျေး။ ရွှင်ပြုံးချိုသာပေရဲ့ လိမ္မာစေ တပည့်များကို အားပြုသင်ပေး။ ။ " သစ်ရိပ်ညို "

ကျောင်းတက်မယ်

" ကျောင်းတက်မယ် " သွားတိုက်ရေချိုး သန့်ရှင်းစင် သနပ်ခါးလေး လူးပြီးလျှင်။ အုန်းဆီလိမ်းကာ ခေါင်းကိုဖြီး ခြေသည်းလက်သည်းလှီး။ ကျောင်းကိုသွားဖို့ လွယ်အိတ်ပြင် စာအုပ်ခဲတံ စုံစုံလင်။ ဦးထုပ်ဆောင်းကာ ဖိနပ်ကိုစီး ဖြူစိမ်းလေးဝတ်ပြီး။ ကျောင်းတက်ခေါင်းလောင်း ဒေါင်ဒင်ဒင် ကျောင်သူကျောင်းသား စုံညီပင်။ တန်းစီညီညာ ရပ်ကာစု နိုင်ငံတော်ကို အလေးပြု။ ။ " သစ်ရိပ်ညို "

မေမေ့ရင်သွေး သားရွှေသွေး

" မေမေ့ရင်သွေး သားရွှေသွေး " ပုတုသေးကွေး သားရွှေသွေး ဖြူစင်အေးမြ စိတ်ထားလှ။ နုနုနယ်နယ် ချစ်စဖွယ် လိမ္မာယဉ်ကျေး မယ့်ရင်သွေး။ ပြုံးလျက်မူယာ ပီတိဖြာ ပန်းကလေးလို လန်းဆန်းစွာ။ ရီကာပြုံးလျှက် ခွန်းချိုသွဲ့ ချိုမိုင်မိုင်တေး လှုပ်လဲ့လဲ့ ။ လိုအင်ဆန္ဒ တောင်းတဲ့ခါ ခွန်းချိုတီတာ ပြောတတ်စွာ။ ပြုံးချိုမြမြ ပြောဆိုပြ မေမေ ဘဘ ပီပီသ။ ရေချိုးလက်သည်း လှီးတဲ့ခါ မေမေ့သားလေး မငြင်းပါ။ မေမေ့ရင်ခွင် အိပ်စက်မှေး ကြည်သာချိုအေး မျက်နှာလေး။ ကစားစရာ နှစ်သက်စွာ ဘောလုံးကလေး ကိုင်ဆော့ကာ။ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ပြေး မေမေ့ရင်သွေး သာရွှေသွေး။ ။ " သစ်ရိပ်ညို "

ဖြစ်မှဖြစ်ရလေဟယ်

” ဖြစ်မှဖြစ်ရလေဟယ် ” ကိုဖိုးစု ကိုဖိုးစု မိန်းမ ယူဖို့ ငွေကိုစု။ ရွာလယ်စုက မနုကျော် မေတ္တာ မျှကြသော်။ မနုကျော် အပျိုကြီး ဖိုးစု လူပျိုကြီး။ ရွာလူကြီးတို့ တိုင်ပင်ကာ ပေးစား လိုက်ရောဗျာ။ နောက်နေ့မှာ အသံဗြဲ မနု မျက်ရည်ရွှဲ။ ဖိုးစု ချော့လည်း မနု ငို ရွာလူကြီးတို့ မေးကြည့်ဆို။ မနုကို ဘယ်လိုများ နှိပ်စက် လေရော့လား။ မဟုတ်ပါလား သူကြီးရယ် မနု ဖြေရာဝယ်။ အုံးအုံးရယ် တဟားဟား ဝိုင်းရယ် ကြရော့ဗျား။ အချိန်တွေအား နှမျောဖွယ် တမ်းတလို့ ငိုတယ်။ ယောက်ျားကိုကွယ် မယူမိ ခုမှ ကောင်းမှန်းသိ။ ။ ” သစ်ရိပ်ညို ”

အတုရှိတော့အမှုလာ

" အတုရှိတော့အမှုလာ " တုယှဉ်ပြိုင် သည်စနက်ကယ်ကြောင့် အမှုရင်ဆိုင် အဖြေခက်စရာပေါ့ စဉ်အဆက် ရတက်ပွေ ဘဝမှာလေ။ လောဘ ဒေါသ မောဟထွေ သောကဝေ အတ္တများ။ အေးငြိမ်းရာ တရားရိပ်မှာ မှေးမှိတ်လို့ နား။ ။ အတုကင်းမှ အမှုအခင်းမလာ ပြုခြင်းက သမုဖြာ လူ့တို့ပြည်ရွာ။ အပြစ်ပြောလည်း အပိုသာ အေနမွန္တာ သင့်အကြောင်း။ နောင်တချိန် တကယ်တိမ်းသူက သူ့ကိန်းနဲ့ သူ့သဒ္ဓါ အမှန်ဟာ ပေါ်လာမြဲပေမို့ သည်းခံလို့ပေါင်း။ ။ အမှုက တုတယ် အတုက အမှုဝယ် တုမှုဆက်သွယ်။ လူ့ဘဝ ခဏတာဝယ် လိမ်လည်တာ သူ့အကြောင်း။ နောင်ဝယ်မယ် ဒီလူတောင်းကို ပေါင်းသင့်မှပေါင်း။ ။ " သစ်ရိပ်ညို "

တန်ကြေး

" တန်ကြေး " ခါးတင်ရင် နှစ်တောင်ဆုပ်ရယ်မို့ တလှုပ်လှုပ်နှင့်သာ။ ဟိုဒီသွား ဆိုက္ကားငြမ်းဖြင့် တန်းထိုးလိုက်ပါ။ နေရှိန်ကပြင်း ပါပေါ့ ခြေနင်းစင်္ကြာရှင်ရယ် ငြင်းပါနဲ့ ဒီကုန်း။ နင်းမနိုင် အားအင်သွန်းကာ ဆင်းကိုင်တွန်း ဒီကုန်းထက်ဆီသို့ ရုန်းတက်လေဦး။ " သစ်ရိပ်ညို "

ဒီစာတွေ့ရင် ပြန်လာပါ

" ဒီစာတွေ့ရင် ပြန်လာပါ " ကျောင်းပျော်ငယ်ရင်း ၊ သူငယ်ချင်းရေ လယ်ကွင်းထဲမှာ ၊ ငါမြင်တာဖြင့် သာယာရှုမော ၊ တို့ယာတောက ကျယ်ပြောလွင်ပြင် ၊ စိမ်းမြရွှင်လျက် သစ်လွင်စွင့်လန်း လာပြီလေ။ သည်နံနက်ခင်း ၊ ရှင်နေမင်းက နေ့ခင်းရက်သာ ၊ မင်္ဂလာဟု ရောင်ဖြာထွန်းလင်း ၊ ရွှေရည်ဝင်းလို့ ဖြန့်ဆင်းနိုးထ ၊ ဆင်းဟန်ကြွတာ ဝေးကလှမ်းမြင် ရတယ်လေ။ သံသာတွန်ကျူး ၊ ကျေးငှက်မြူးတဲ့ ကွင်းဦးလယ်ယာ ၊ တလွှားမှာလည်း ပျံကာဝေ့ဝဲ ၊ တေးဆိုဆဲပေါ့ ပေါက်လဲမို့ပွင့် ၊ ဝေဟင်လွင့်သို့ မိုးမြင့်တိမ်ယံ ထဲကိုလေ။ လယ်ကန်သင်းကြား ၊ ပုဇွန် ငါးအပြင် စားဖား ကြွက်တွင်း ၊ ငါးရှည့်တွင်းတွေ ရှာရင်းဖွေရင်း ၊ ပျော်ခဲ့ရင်းက မင်းတို့နဲ့ ငါ ၊ တစ်မြို့တစ်ရွာစီ ခွဲခွာ ခဲ့တာ ကြာပြီလေ။ ငယ်စဉ်တောင်ကျေး ၊ တို့ရွာလေးကို ပြန်တွေးကြည့်ပါ သူငယ်ချင်း။ ဟိုနှောင်းအတိတ် ၊ ငါ့ရဲ့စိတ်မှာ စီးဖိတ်ယိုဆင်း ၊ တို့ရောင်းရင်းတို့ ချစ်ခြင်းမုန်းခြင်း ၊ ကွဲကွာခြင်းတွက် တွေးရင်းသတိရ မိတယ်လေ။ မင်းတို့တစ်တွေ ၊ ဘယ်ရောက်နေလဲ မာစေသာကြောင်း ၊ ငါဆုတောင်းရင်း ရွာဟောင်းရင်ပြင် ၊ ယာတောခွင်မှာ ငယ်ပင်ငယ်သွေး ၊ လေပြေအေးတို့ တစ်ရေးနိုးထ ၊ ကြည်စယ်လှပေါ့ ...

ပန်းချစ်သူသို့

" ပန်းချစ်သူသို့ " ပန်ဆင်လေ ကြွေခရေ ပန်းငယ်။ မိုးတဖျ ရွာတော့ ဖြိုးကျ ရာဝယ်။ နိုးထပါ့ ပန်းငယ် လှမ်းရွယ်လို့ ကူဖေး။ ဖြာဝေလျှံ တန်သမျှရယ် ပန်သရွယ် ဆံနွယ်ရိုးမှာ ဖြိုးကြွ ပြန့်မွှေး။ ။ " သစ်ရိပ်ညို "

နောင်အရေး ရင်လေးသည်

" နောင်အရေး ရင်လေးသည် " မပူပန် တစ်ယူသန် စိတ်ကယ်နဲ့ မူ မမှန် သူ အကြံ နှိပ်ချေပေါ့ တိတ်ရတဲ့ မြန်ပြည်။ ငွေသပြာ ဖွေရှာရာ ခက်သနဲ့ မေကလျာ ရွှေမာယာ စနက်တွေ ကြောင့် အခွန် တွက် ပူသည်။ ဘယ်အရေး ကမှဖြင့် ဖြေတွေးလို့ မရနိုင်ပြီ မအေးပူ ရင်မှာ အခါခါ ဆူသမို့။ နေ မယွန်းခင် စေညွှန်းရှင် ဖန်တစ်ရာ စီမံဖျက်သနှင့် ပြည် သံသရာ ညီလာခံမှာ အဆင် အချိုးဟာဖြင့် ဤ မှန်ရာ အထင် တစ်မျိုး လွဲရ အောင် ကျွဲ ဖြစ်တယ် လို့။ ။ " သစ်ရိပ်ညို "

လက်ကြောတင်းသောမိန်းမ

” လက်ကြောတင်းသောမိန်းမ ” ရှေးမြန်မာ မိန်းမများ ထင်ရှားတဲ့ သုံးနှုန်းပါ။ ငရုတ်သီး အစိပျက် ကြေညက်အောင် ထောင်းတာ။ အဲ့ဒါမှ မိန်းမပီစွာ အိမ်မှုရာ လက်ကြောတင်း။ စံတိုင်းတာ ပမာပြတယ် မိန်းမ ရည်ခြင်း။ ။ ငရုတ်ဟာ ထမင်းမြိန်လွေး ဟင်းခတ်မွှေး သုံးတည့်စွာ။ ကျန်းမာသည့် ကျိုးသင့်ကြောင်း သောင်းပြောင်းထွေလာ။ ငရုတ်စိ ဝမ်းတွင်းမှာ ပုတ်တတ်ရာ အူအတက်။ ငရုတ်ဆုံ ထည့်ကာထောင်းမှ ကောင်းကောင်း ကြေညက်။ ။ ” သစ်ရိပ်ညို ”

မှိန်းပြုံး

” မှိန်းပြုံး ” သူဋ္ဌေးဈေးပါရှင့် ခပ်အေးအေးတည်တည်။ လူကုံတန် ဝယ်မလားရှင့် နှုတ်ဖျားဖြင့် တလည်လည်။ ချိန်ယွန်းပေါ့ ညနေရီ ဈေးဦးသည် မပေါက်။ ဈေးပြန်မှာ လုံခြုံစွာ ဈေးကိုသိမ်းလို့ မှိန်းပြုံး ပြုံးလျှောက်။ ။ ” သစ်ရိပ်ညို ”

နေ့ထွက်ခ

” နေ့ထွက်ခ ” ပန်းရန်သည် လက်သမား ငှါးသုံးကြ မလားဗျာ။ ဆေးသုတ်မယ် သံချည်ကွေး ခေါ်ပေးကြ ပါဗျာ။ လမ်းထိပ်က လ္ဘက်ရည်ဆိုင်မှာ ကန်ထရိုက်တာ မျှော်ကာစောင့်။ နေမြင့်ခေါင် ယောင်ချာပွက်ကယ် နေ့ထွက် စိုးနှောင့်။ ။ ” သစ်ရိပ်ညို ”

ကျေးဇူးရှင်

” ကျေးဇူးရှင် ” ကိုတောင်သူ လယ်လေးကိုဖြင့် ဝင်းခြံလေး ခတ်ချင်တယ်။ ဥပါဒ်ရန် နှင်ခွာထုတ် စာခြောက်ရုပ် ရယ်။ ထမင်းလုပ် ငယ်ငယ် ဈေးချုပ်ကယ် ဆန်စပါး။ အတိုးရွှင် လယ်ရှင်ကြီးရယ် ငြီးတွား လှသား။ ။ ” သစ်ရိပ်ညို ”

နို့တစ်စက် ထွက်သည့်မျက်ရည်

” နို့တစ်စက် ထွက်သည့်မျက်ရည် ” ရင်သွေးငယ် ချစ်အား နို့သားပြည့် သက်လာ။ အမေ့မှာ ဝန်ထမ်းမို့ ပင်ပန်းဆို့ ရင်မှာ။ သားလေးဖြင့် ခုနေခါ နို့ဆာကာ အော်နေမလား။ လူမမြင် တိတ်တခိုး ဖြင့် အမေ့ရင် ပူပန်ပျိုးပြီကွယ့် လှုပ်နိုးသီ နို့ရည်သက်ရတယ် သားသက်မေ များ။ ။ ” သစ်ရိပ်ညို ”

တရှိုက် ငိုသံ

” တရှိုက် ငိုသံ ” ဆုံးပြီတဲ့ ရှုံးပြီ မြပန်းချီ စိမ်းရည်လဲ့ ကွင်းမဲ့ခေါင်ထွေ။ ပြုန်းသည်တဲ့ ကုန်းညီ စုံယံချီ ရိပ်မဲ့နှော တောရဂုံဘွေ။ မိုးသက်လေ ဖြိုးဝေသည့် ညွှန်ရိုင်း။ ဆည်ချောင်း ကန် နဒီ မရွှင်ကြည် ညွှန်ရည်ရောတယ် မျောသည့် ရေလှိုင်း။ ။ ” သစ်ရိပ်ညို ”

ခေတ်ဆန်း ထဘီ

" ခေတ်ဆန်း ထဘီ " အဆင်ဆန်းသာပါ့ တင့်ဆန်းပါတဲ့ ချိတ်ထဘီ။ ယောထဘီ ရခိုင်ချိတ်နှင့် ဆိတ်ခွန်လုံချည်။ ခုခေတ်မှ စကပ်ထဘီ ဂျင်းဘောင်းဘီ ဖင်ကြပ်။ ဂါဝန်ပုံ အင်္ကျီမျိုးနဲ့ ဖိုးသိုးဖတ်သပ်။ " သစ်ရိပ်ညို "

အချိုး

" အချိုး " ထုံးအညီ ကုံးသီကွဲ့ စာချိုး။ ကာရန်ချို နဘေထပ် စပ်ဟပ်လို့ပျိုး။ ။ " သစ်ရိပ်ညို "

ကျနော့်ကဗျာ

" ကျနော့်ကဗျာ " ရသခုံမင် ၊ သုတယှဉ်၍ ဖတ်ချင်ဓမ္မ ၊ မကျန်ရအောင် စစတွေးတော မိပါသည်။ အဆုံးအမ ၊ ရွာအလှနှင့် ချိုမြသံချို ၊ လင်္ကာတိုဖြင့် ခွန်းချိုကဗျာ သမိသည်။ အနှောင့်အသွား ၊ စာစကားဖြင့် အများသူငါ ၊ မပြောပါဘူး သာယာချိုနှော ပြောခဲ့သည်။ ရှေ့သို့လည်းသင် ၊ ပညာရှင်ထံ သင်အံမှတ်သား ၊ စာဝါပွားလျက် ကြိုးစားမှတ်သိ ရှိပါသည်။ လူငယ်နောင်သွေး ၊ ပညာပေး၍ ဆွေးနွေးသုတ ၊ နည်းလမ်းပြဆို ဝေငှအတွေး ပေးပါသည်။ အကောင်းအဆိုး ၊ ထိုနှစ်မျိုးတွင် ကောင်းကျိုးစေငြား ၊ ထိုနှစ်ပါးတွင် ဆိုးသွားသည်လည်း ရှိခဲ့သည်။ တစ်နေ့တစ်ည ၊ တစ်ဘဝတွင် လှပစိတ်ဝမ်း ၊ လွန်အေးချမ်းသည့် ပြုံးပန်းဝေဆာ ရှိပါမည်။ သာယာကြည်အေး ပန်းတိုင်းမွှေးသို့ ရွှင်အေးစေကြောင်း တောင်းဆုရည်။ ။ " သစ်ရိပ်ညို "

တမ်းမျက်ရည်လွမ်း

" တမ်းမျက်ရည်လွမ်း " လှယမင်း ပဝင်းတဲ့ သူရယ်။ မေတ္တာအိမ် တံခါးပေါက် တိုးလျှောက်လာတယ်။ ခင်တစ်မယ် ကြင်ရွယ်မိ လေအား။ ရွှေအိမ်စံ နေရှိန်ခံ သည်အလွမ်းရယ် ကျွမ်းလု ရော့လား။ ။ " သစ်ရိပ်ညို "

တစ်ကိုယ်စာအတွေး

" တစ်ကိုယ်စာအတွေး " ဥာဏ်လှပေမယ့် ကံက မလျှော်စွာ။ စိတ်ရောင်စဉ် ကွယ်ကာပုန်း ဖုံး လျက်လေးသာ။ အမိန့်တွေ လိုက်နာ နေတတ်လာ ကြုံ့လျှိုး။ ကြွရဲပါဘူးလေ ရလေမယ့် ပင်စင်လေးတွက် တွေး ကြောင့်ကြ စိုး။ ။ " သစ်ရိပ်ညို " " လှည့်ကွက် " ရေကြောမြေ အခြေဖြတ် ခြောက်တတ် သူရေ။ နင်လည်းလေ လောကီသား စောင့်စား ကြည့်နေ။ အလှည့်ကျ နွဲ့ နဲ့လေ အမှည့်ချွေ ကြွေမြဲ။ ပလီ ဆင် နင် တီထွင် နင်လျှောက်လှမ်းတာ လမ်းမှ ဟုတ်ဘဲ။ ။ " သစ်ရိပ်ညို "

စိတ်ရောင်ခြည်

” စိတ်ရောင်ခြည် ” ငွေတွင်းမှာ ခြေဆင်းလို့ ထွေခင်းတဲ့ အိရွှေစင်။ ဘောဂရှင် လိုရာပြည့် ချမ်းမြေ့ လုင်။ စိတ်ကူးရယ် ယဉ် ကုတင်ပေါ် စက်မှေး။ ခန်းသဉ္ဇာ လရောင်သက်ပါပေါ့ နိုးတဝက် အတွေးပျက်ပျယ် ညဥ့်နက် ညလေး။ ။ ” သစ်ရိပ်ညို ”

နဝေတိန်တောင်

" နဝေတိန်တောင် " ရာဇသံသင့် အမျက်မာန် လွှင့်ရှာတယ် အိုဘယ့်ချစ်သူရယ်။ ထားကညာ တစ်ပါးကွယ် သနားဖယ် အမျက်ပွား။ အလိုလိုက် အကြိုက်ဆောင်သူအရှုံးမို့ မုန်းရက်တာလား။ ။ အပြင်မှာ မငိုပေမယ့် ရင်မှာလေ ငိုနေတယ်။ အပြင်မှာ မျက်ရည်မကျပေမယ့် ရင်ထဲက အသည်းကျေမွနေတယ်။ ဘာ့ကြောင့်ကွယ် ချစ်သူရယ် ငြင်းတယ်ရယ်လို့ များ။ ဘယ်အခြေ ဘယ်အရေးကြောင့် တွေးဆခက်သား။ ။ " သစ်ရိပ်ညို "

မိဘမေတ္တာ

" မိဘမေတ္တာ " ပျားအုံတွင်းအောင်း ၊ ပျားသားလောင်းတွက် ပျားပေါင်းရှာပေး ၊ ပျားရည်ကြွေး၏။ အစာရှာပေး ၊ သားငယ်လေးတွက် ခွံ့ကြွေးငှက်မ ၊ ဪမိဘတည့်။ အရွယ်ငယ်သွေး ၊ ခွေးပေါက်လေးကို အံကြွေးချစ်ခင် ၊ ခွေးမိခင်တည့်။ ပုရွက်ဆိတ်များ ၊ ဥ၍ထားသည့် ဥအားစောင့်လျှောက် ၊ အံ့ဩလောက်၏။ သိဥာဏ်ပြည့်ဝ ၊ လူမိဘလျှင် သားလှသမီး ၊ ရှုမငြီးစွာ ငယ်ကြီးမဟူ ၊ ချစ်ရည်တူ၏။ ရင်မှသွေးသား ၊ မေတ္တာထား၍ ဆပွားမေတ္တာ ၊ ပေးဝေကာဖြင့် မေတ္တာနှလုံး ၊ ကိုယ်စီသုံးရင်း နှလုံးမြတ်လှ ၊ ဪ.. မိဘတည့်။ " သစ်ရိပ်ညို "

စိစစ်လက်ခံ ကောင်းရာကံ

" စိစစ်လက်ခံ ကောင်းရာကံ " ဤသူတော်ကောင်း ၊ ဘယ်လောက်ကောင်းစေ မကောင်းအပြစ် ၊ ရှာဖွေစစ်က အညစ်အနွမ်း တွေ့လိမ့်မည်။ ဤသည်လူဆိုး ၊ ဘယ်လိုဆိုးစေ အကျိုးမေတ္တာ ၊ ကောင်းကွက်ရှာက ကောင်းရာကံကျိုး တွေ့လိမ့်မည်။ ဘယ်သူဘယ်ဝါ ၊ ဘယ်အရာမဆို ဘယ်ဟာပုဂ္ဂိုလ် ၊ မှားမှန်ကိုဖြင့် သာပိုဓမ္မ ၊ အဓမ္မဖြင့် နှိုင်းဆပိုင်းခြား ၊ တိုင်းတာငြားမှ ခွဲခြားသိမြင် ရှိလိမ့်မည်။ သူ့လူငါ့လူ ၊ အတ္တကူ၍ မတူစိတ်ထား ၊ ယူဆခြားကာ ကွဲပြားဆန့်ကျင် ၊ ပြစ်မမြင်ဘဲ ဆင်ခြင်ဓမ္မ ၊ အဓမ္မဖြင့် ထောက်ပြသင့်ပေ ၊ လက်ခံလေမှ များထွေကျိုးဖြာ ၊ အောင်မြင်ရာ၏။ ။ " သစ်ရိပ်ညို "

အမေများနေ့

"အမေများနေ့ " အမေရွယ်အို အလှပြိုလည်း အမေ့အပြုံး ရှုမဆုံးခဲ့။ အမေ့စကား ဝမ်းလွယ်ထားဆဲ သန္ဓေခဲစဉ် နားချိုဝင်ခဲ့။ အမေဆိုတေး နို့ချိုကြွေးတိုက် အိုအေးအေးအို ချော့မြှူဆိုပုံ အရွယ်မခြား ကြင်နာအားဖက် သားသ္မီးတွက်ဆို အသက်ပါပုံ ကုန်လုံပြည့်ဝှမ်း အမေ့ဝမ်းတွင် စိတ်ကြည်လင်ဖို့ ရယ်ရွှင်စို့စို့ အမေ့နို့ဖိုး ကျေစေချင်။ သစ်ရိပ်ညို

ပိတ်မိနေပြီ

" ပိတ်မိနေပြီ " ခဏလေးပေမယ့် ဘဝအရေး က ခက်လှတယ် စားဝတ်နေ မလွယ်။ စည်းကမ်းဘောင် ကျဉ်းကျဉ်းမယ် ဝဲပျံနယ် ရှိဘူး။ ဘောင်၌ပျံ လှောင်ချိုင့်စံ ငှက်ငယ်ဘဝတို့ ခပ်နန ရူး။ ။ " တနင့်တပိုး " အခွန်တွေ တုပ်ပါလို့ လှုပ်သည်နှင့် ကြိုးချည် ဒုက္ခ ဗျာသီ။ ချုပ်ညနာရီ မအီသာ လိမ့်လူး။ တိရစ္ဆာန် ရုံ ဗိမာန်ဘုံ ရဂုံတောဝယ် မောမေ့မေ့ မူး။ ။ " ဘဝမေ့သူ " ကိုယ်လိုလူ အာဏာရ ဘဝကို ပြောင်းပြန်မြင် လူ့ဘဝ ဘုံခွင်။ စက်ရုပ်သွင် ထင်မြင်သည့် လူသား။ သနားမညှာတာ ခါးတမာ သကာဖုံးနှယ် သုံးချ ပုံများ။ ။ " ကျွန် " အခွန်ပေါ် အခွန်ဆင့် အခွန်မြင့် တို့တိုင်းပြည် တိုးကောက် လိမ့်မည်။ စိုးကြောက်ဖွယ့် ဗာရာဏသီပြည် ဖြေမဆည် နိုင်အား။ ရာဇမာန် အနိမ့်စံ လှိမ့်ခံဦးကွယ် ရုန်းထ ခက်သား။ ။ " ကျီးလန့်စာစား " ဖမ်းမယ်တဲ့ဆီးမယ်။ တစ်ပိုင်နိုင် ဈေးသူသား လမ်းကြား ထိကွယ်။ စက်ဘီးနဲ့ ဘက်ထရီရယ် လိုင်စင်ငယ် ချမပေး။ ပါးစပ် သေနတ် သာဖြင့် ခပ်ပြတ်ပြတ် အပိုင်သိမ်း လို့ ဂိမ်း ဆော့ ရော့လေး။ ။ " တောကစားထွက်ခြင်း " ဖြစ်ချင်တာဖြစ်စေတေ...

ခရေချစ်သူ

" ခရေချစ်သူ " မိုးအချွေ လေအလိုက် ဆောင်းနှင်းလှိုက် ပွင့်ကြွေ။ ပြန့်အကြွေ မြေအရောက် လိုက်ကောက်ကာနေ။ မိခေရ ပျော်နေတယ် မဟုတ်လား။ နှီးကြိုးသီ ခရေကုံးက မွှေးတုန်းကွဲ့ လား။ ။ စွန့်မည့်ချိန် နင်မစွန့် စိတ်အညွန့် သာယာ။ ပန်းခြောက်တွေ စာအုပ်ကြား သိမ်းထားပြန်တာ။ နင်ချစ်တာ သေချာ စဉ်းစား။ ဘဝကို ဒီလိုစိတ်က နှိပ်စက် တတ်သား။ ။ ခရေလို ထိုလူသား နင်ခစား တော့မယ်။ ပန်းကုံးသီ နင့်သျှောင်ထုံး သုံးချ တော့မယ်။ မလည်ဝယ် မပစ်ပယ် နိုင်ဘူး။ ပေးဆပ်ချင် မြေကျပန်းကို တမ်းတ လျက် ရူး။ ။ " သစ်ရိပ်ညို "

ကောင်းစိတ်သက်ဝင်

" ကောင်းစိတ်သက်ဝင် " သူယုတ်ပါက လူမဟုတ် ကပြီ။ လူဆိုတာ လူ့အကျင့် ရှိ သင့် အညီ။ လူ့တိရိစ္ဆာန် အမည် ကျင့်မညီ လူ့အကြောင်း။ လူပီပီ လူလိုကျင့်တာ ဖြစ်သင့်ပါကြောင်း။ ။ " သစ်ရိပ်ညို "