Posts

Showing posts from August, 2017

မပန်းဖြူ

Image
” မပန်းဖြူ ” ပန်းကိုကြိုက်​တဲ့ မပန်းဖြူ စိတ်​နှလုံး​လေးဖြူ။ သူ့ဟန်​မူမှာ လွန်​ယဉ်​​ကျေး သိမ်​သိမ်​​မွေ့​မွေ့လေး။ အ​ရောင်​အ​သွေး သူ့ဂုဏ်​ရည်​ ဖြူစင်​​အေးမြကြည်​။ တံ့တံ့တည်​တည်​ သူ့စကား ရည်​မွန်​လှ​ပေသား။ အားကစားနဲ့ သင်​ခန်းစာ ဘက်​စုံ​တော်​သူပါ။ နှုတ်​မှု​ရေးရာ ​ချိုသာလှ စည်းကမ်းစနစ်​ကျ။ ဆရာမိဘ ချစ်​ကြည်​ဖြူ ​​ရိုးသားကြိုးစားသူ။ ရနံ့ကြူကြူ သင်းပြန့်​​မွှေး မပန်းဖြူက​လေး။ ။ ” သစ်​ရိပ်​ညို ”

ဝါဒ

Image
” ဝါဒ ” တော်ပါကွယ် တန်ပါတော့ လျော့ကြရော့ ကွယ်။ လျှောက်နေတာ ဘရိတ်အုပ် ထိန်းချုပ်တော့ ဟယ်။ အမျိုးကို ချစ်ရင်တကယ် ရှောင်ကျဉ်ဖွယ် သတိထား။ အကြံဥာဏ် အမှန်ဟုတ်ယောင် စိတ်ယုတ် မပွား။ ။ ” သစ်ရိပ်ညို ”

ရှက်​ပြုံး

Image
” ရှက်ပြုံး ” အငိုလွယ် အရှိုက်ခက် တရှိုက်မက် မက်ဖွယ်။ အပျိုစင် ခင်လေး လွမ်းဆွေးလျက်ကွယ်။ တော်လေးဝ ပေါင်းစုနှယ် နွဲ့နှောင်းငယ် လှသွေး။ အရွယ်အို အချိုကြိုက်လို့ သွားကိုက်ချင်သေး။ ။ ” သစ်ရိပ်ညို ”

သံခိပ်

Image
” သံခိပ် ” စာတိုတို လိုရာကိုတွေး။ အဓိပ္ပါယ် အကျယ်ချုပ်ကို ထုတ်နှုတ်ချုံးရေး။ ။ ” သစ်ရိပ်ညို ”

ပုဒ်​ပြတ်

Image
” ပုဒ်ပြတ် ” သည်အမှုဟာဖြင့် ကိုယ်ပြုလို့ ကိုယ်ခံ ကိုယ်တိုင်သာ စံ။ ပွက်ပါနဲ့ တစ်ညံညံ ဟစ်တိုင်ယံ သံကြွေး။ သဒ္ဓါခံ ကံအကြောင်းလို့ ပေါင်းမှတ်ရော့လေး။ ။ ” သစ်ရိပ်ညို ”

အောင်​စိတ်

Image
” အောင်စိတ် ” မြည်တွန်ပြီ သည်အရိုး တို့အမျိုးဟု မာန်ချီ။ သွေးသားတွေ ပေါင်းဆုံစီး ရင်နှီး ချစ်ကြည်။ တို့မြန်မာ အာဇာနည် ဘာမထီ ဝံ့ကြွား။ နေတန်ဆောင် ခေါင်ထွဋ်ဖျားမယ် ခန်းနားလျက်သား။ ။ ” သစ်ရိပ်ညို ”

စကြာဝဠာမြစ်

Image
'' စကြာဝဠာမြစ် '' ကောင်းကင်ဝယ် လှော်ခတ်သွား ကြယ်စင်များ ဝန်းရံကာ။ ငွေသော်တာ ရောင်စဉ်ဖိတ် တိတ်ဆိတ်လျက်သာ။ ရွှန်းပသည့် လစန္ဒာ စကြာဝဠာ မြစ်တွင်း။ ဟင်းလင်းပြင် မြူမှုံစက်လို ရွက်လွင့်နေရင်း။ ။ ” သစ်ရိပ်ညို ”

နောင်​တ

Image
” နောင်တ” စိတ်အလို လိုက်လွဲ မိုက်မဲတော့သည်။ စရိုက်အစွဲ နွံပလီ နစ်ကျွံဝင်ပြီ။ လင်းရောင်ခြည် အချိန်မှီ မပျိုး။ နောက်နောင်ခါ မိုက်နောင်တကြောင့် ကျမျက်ရည်မိုး။ ။ ” သစ်ရိပ်ညို ”

ချစ်​​သောကုမုဒြာ

Image
" ချစ်သော ကုမုဒြာ " မြတ်နိုးယုယ ချစ်ခင်လှစွာ တသချိုအေး ပုံရိပ်လေးရေ..... စေတေးနွယ်စို ဟန်မူပိုလှ နွဲ့ပျိုသစ်လွင် ကျော့မူရှင်သို့ ဆင်ရင်ထုံးဖွဲ့ ပြုံးလဲ့လဲ့ဖြာ ရွှန်းလဲ့စွာတေး မျက်ကျော့မှေးစဉ် ခင်လေးကြည်သာ ဟန်မူဖြာလို့ ချော့ကာမှေးသိပ် ကြိတ်မှိတ်အိပ်သည် လှရိပ်သွယ်ဖြာ ရူပကာကား နန္ဒာပေလော သူဇာလောကွယ်။ စီးမျောရစ်နွယ် စုတ်သချယ်လျှင် ဆေးနှယ်မှင်ကျဲ ရှုံးမှာပဲမို့...... ဆန်းလှမူယာ ဟန်မူပါသည့် ပန်းကြာဝတ်မှုံ သင်းပျံ့ ထုံသို့ ရဂုံနန်းကြွ တင့်ဆန်းစွပင် မိုးကျရွှေကိုယ် နံ့သာချိုမွှေး လွှမ်းပိုအေးမြ ချစ်စရာ့သွင် ဝင်းပကြည်လွင် ဝါရွှေစင်သွေး ညှို့ ငင်ငေးကာ ခန်းသဉ္စာထက် နန္ဒာပေလော သူဇာလောကွယ်။ ။ " သစ်ရိပ်ညို "

တော်​ဝင်​နှင်းဆီ

Image
” ​တော်​ဝင်​နှင်းဆီ ” ရနံ့သင်းကြည်​ ၊ ပန်းနှင်းဆီ နီနီ​စွေး​စွေး ​မွှေးမြသည်​။ တိမ်​ပန်းချီ​ ​နေခြည်​​ထွေး ​ရောင်​နီ​လု​ဆွေး ​နေညို​သွေး။ နှင်းဆီပန်းလေး ၊ လှ​ရေးကြွယ်​ နန်းထိုက်​​တော်​ဝင်​ ပန်းပါကွယ်​။ ပင်​ဆူးငယ်​ငယ်​ ချွန်​ချွန်​မြ ရန်​စွယ်​ရန်​စ ကာကွယ်​ရ။ သူ့ရဲ့အလှ သူ့ဘဝ ဆူးဝန်းရံခ ပန်းအလှ ​မွှေးကြိုင်​ နမ်းမဝ။ ။ ” သစ်​ရိပ်​ညို ”

မမငယ်​ငယ်

Image
” မမငယ်ငယ် ” စိတ်ကူးယဉ် နေချင်မိသေး။ ချိန်အရွယ် ပျိုငယ်ဟောင်းကို အောင်မေ့လို့တွေး။ လှလိုက်တာရှင် ငယ်ဆင် နုသွေး။ ပါးဆီမယ် စံပယ်နု ဖွေးဥဥလေး။ ဖေကြီးနဲ့မေကြီးမှာ ပူဆာဖို့ တွေး။ ချိတ်ထဘီ လယ်ရင်ဖုံး ဝယ်ဦးပေါ့ လေး။ ဟိုအဆင် ထဘီချိတ် လှိုင်းရိပ် ရစ်ထွေး။ လှုပ်လှုပ်ခါ ပူဆာပြတယ် လိုတရလေး။ ချူသံခွာ လေးကွက်ကျဲ မြင်းလှည်းနဲ့ပြေး။ ဘုရားစုံ ရွယ်ရည်စူး ဖူးကြစို့လေး။ နေမင်းကပူ ချွေးထူပေါ့ လေး။ ဟိုအပင် ရွှေညောင်ရိပ်မှာ ချွေးစို့သိပ်အေး။ မောပမ်းနွမ်းပြေ ခုန်ပေါက်နေသေး။ ညောင်သီးကြွေ လျှပ်တိုက်ထိုး တိုးတိုက်ရော့လေး။ ။ ” သစ်ရိပ်ညို ”

ဘယ်​လိုလုပ်​ပါ့

Image
” ဘယ်လို့လုပ်ပါ့ ” မေမေ မေမေ ဘယ်သွားတယ် မီးသွေးထွက်လို့ဝယ်။ ထမင်းရယ် ဘယ်မကျက် လျှပ်စစ်မီးကပျက်။ အားကိုးရခက် လျှပ်စစ်ရယ် မီးသွေးရှားပါးတယ်။ တောတောင်မယ် သစ်တောများ ခုတ်ထွင်ခက်လို့လား။ ခုတ်ထွင်ထားတဲ့ ဟင်းလင်းပြင် စိုက်ပျိုးထုတ်လုပ်ချင်။ မိုးရေမတင် ရာသီပျက် ရွာချင်ရာ ရွာလျက်။ ရေဝင်ကောင်းတဲ့ လယ်တွေမှာ ရေကြီးရေလျှံလာ။ ပြည်မြန်မာ သာစေကြောင်း ပရဟိတ အလှူခံတောင်း။ အိုးဟောင်းလောင်း အိမ်ဟောင်းလောင်း အိုးဟောင်းလောင်း အိမ်ဟောင်းလောင်း။ ။ ” သစ်ရိပ်ညို ”

ပိန္နဲပင်

Image
” ပိန္နဲပင် ” ရွာဦးထိပ်က ပိန္နဲပင် အုံ့အုံ့ဆိုင်းဆိုင်း မှိုင်းတဲ့သွင် သရဲမြင်တယ် ကိုယ်ထင်ပြ ရွာလုံးကြောက်ကြရ။ ပရိတ်ဆေးမန်း ဦးသူတော် ရွာလူထုက လွန်ပူဇော် ဦးသူတော်က ညွှန်ကြားပြ ပိန္နဲပင် ကို တုတ်နှင့်ချ။ ဟိုနေ့ကလဲ ဦးလှကြွယ် မြွေပွေးပိုးထိ ခံရတယ် အပမှီတယ် သူဆိုမှ ပိန္နဲပင် ကို တုတ်နဲ့ချ။ ရွာတောင်ပိုင်းက ကိုထူးသာ ရေတိမ်နစ်လို့ မေ့မျောကာ အဲ့ဒါဟာ အပပဲ ပိန္နဲပင် ကို ကလော်ဆဲ။ ရွာထဲဖြစ်တဲ့ ပြသနာ ပိန္နဲပင် ကြောင့် တို့ရွာနာ ပိန္နဲပင် လည်း မခုတ်ရဲ အပဝင်မှာ ကြောက်နေမြဲ။ ခြံစည်းရိုးငယ် ဝန်းပတ်ရံ ပရိပ်မန်းကြိုး တန်းလို့ခံ အရိပ်မည်းဖန် ဒီသရဲ ပိန္နဲပင် မှာ မှီခိုဆဲ။ လူ့ရပ်ရွာမြေ ခက်လှပေ ဖော်စားလှော်စား စိတ်ထားတွေ ငါ့ကိုလေ အဟုတ်ရိုက် ပိန္နဲပင် ကို ခလုပ်တိုက်။ ဪ လူမိုက် ဪလူမိုက်။ ။ ” သစ်ရိပ်ညို ”

ကျမ်းဂန်​ကယ်​မှ

Image
" ကျမ်းဂန် ကယ်မှ " တို့ရွာက ကိုလူလှ ရိုးအလှပေ။ စာပေနယ် ကျမ်းဂန်ပြ ကြောက်ရွံ့တတ်ပေ။ မင်းမှူးမတ် အထွေထွေ သူ့မလေရှောင်ပုန်း။ မင်္ဂလာ လှူဖွယ်ရေး ဆေးတဲ့ပန်းကန် လုံး။ လူလုံးပြ အလှဆင် ရွံ့ တဲ့သူ့သွင်။ ဆေးမန်းဝင် ပုံပြင်ပြ သိပ်​သဘောကျ။ ဆိုးသွမ်းပေ့ ကိုလူမော် ကွမ်း ဆေး အရက် ဖေါ်။ မြှောက်ပင့်ခေါ် ကိုလူလှ ကျွမ်းဝင်လာရ။ သင်ပြလို့ ဖေါက်သည်ဖေါ် မူးရစ်လို့အော်။ ရွာဆော်လည်း မနေရ တော်တော်ဂွကျ။ ရွာဦး​ကျောင်း ဆရာ​တော်​ လက်​​လျော့​ပေါ့​နော်​။ သူကြီးလည်း မနေရ ခက်လှပြီပ။ မဖြစ်ချေ ဒီကလေး သူ့ရဲ့ နောင်ရေး။ ရွာရေးမို့ ဆရာတော် ပြောရပြီနော်။ လူလှကို စာဝါချ ခေါ်သင်ပေးရ။ ငယ်လတ်ကြီး တန်းလွန်သော် ရွာရဲ့ လူတော်။ ကျော်ပါလေ့ ဂုဏ်သတင်း မွှေးပျံ့ ကြိုင်သင်း။ အသင်းနဲ့ ခပင်းရယ် ခွဲခြားတတ်လွယ်။ မူရင်း အခြေခံက လူပင်း မသွေမှန်မှ လူ့ရွာမြေ ပလီလွန်းတယ် ဝန်းကျင်ကောင်းမှ။ ။ " သစ်ရိပ်ညို "

နားဝင်​ပီယံ ပိုဒ်​စုံရတု

Image
" နားဝင်ပီယံ ဂီတသံ " (ပိုဒ်​စုံရတု) ဂီတသံလေး ၊ ငြိမ့်ငြိမ့်အေးလျှက် နုသွေးရွှင်ပျော် ၊ လျောင်းစက်သော်မှ ရောင်တော်နံနက် ၊ လင်းရိပ်သက်လည်း အိပ်စက်မပျော် ၊ လင်းကြက်အော်သည် ကြင်ဖေါ်မဲ့တေး ၊ ဆွေးဆွေးလေးကြောင့် အတွေးဝင်္ဂဘာ ၊ ဝဲလည်ချာသည် ရင်မှာပင့်သက် မောသောကြောင့်။ ။ ပီသမှန်အေး ၊ သံချိုသွေးသည့် နွဲ့ရေးငယ်ပျို ၊ ချွဲချွဲပိုလျှက် ခွန်းချိုလက်သံ ၊ သော့သော့ညံသည် ချော့ဟန်ဟစ်ကြွေး ၊ သံသာတေးဖြင့် ချစ်ရေးငယ်ဆင် ၊ ရွှေဘဝင်ကို တွင်တွင်လှုပ်ခါ ၊ ခန်းသဉ္ဇာဝယ် ညင်သာခင့်တွက် ပြောသောကြောင့်။ ။ သီပြခံတေး ၊ သံစုံပေးလို့ မယ့်တွေးကြည်သာ ၊ ချစ်စိတ်ဖြာလည်း ကညာပျိုသွေး ၊ မိန်းကလေးမို့ ရွှေရွေးပန်းကန် ၊ ထိုက်သင့်ရန်သာ ရည်သန်လျှက်တွေး ၊ ချစ်ဖို့ရေးက မယ်လေးမေ့မှာ ၊ ပင့်သက်ဖြာပြီ ရင်မှာချင့်လျှက် မျောသောကြောင့်။ ။ " သစ်ရိပ်ညို "

အက္ခရာတိုင်းပြည်

Image
" အက္ခရာတိုင်းပြည် " ကဗျာလှ စာသတဲ့ တို့တိုင်းပြည် တို့မြန်ပြည် စုံမြိုင်တွင်း ထွေခင်းလို့သီ။ အသက်သွင်း ခဲ့ လက်ရင်းမူ အက္ခရာ စာသားမှာဖြင့် ချက်ခြင်းလူ သတ္တဝါ ဇာတာပွားရသလို ဆွေသဟာများ ဝိုင်းဖွဲ့ညီ ပီပြင်လှသည်။ ကဗျာတွင်း စုံမြိုင်ယံမတော့ ဂုဏ်ပြိုင်ဟန် တေးဆိုညင်းတယ် သာယာသင်း မွှေးပျံ့ကြည် သိုင်းဖွဲ့ချီ မာယာအသွေး။ စာနရီ သံသာဆီသို့ ဖန်လာပြီ ကာရန်ချိုးကာဖြင့် ဆွေမျိုးညာတကာ အက္ခရာ သည်​စာလုံးတို့ရယ် စုရုံးဖွဲ့တေး။ ပြုထုံးသွဲ့ နွဲ့ပလီစွာ ညီညီညာ ချို​အေး။ ဖွဲ့တည်လာ သံစဉ်ကွဲသော်လည်း ကာရန်ထဲ တက်ကျကာ လှစေရဲ့ ခက်မ ဖြာ ပိုက်စုံစု လိုက်ရင် ဂရု လဟု စုံညီစွာဖြင့် ရတု ရကန် အဲ အံ အိုင်ချင်း တို့လို စွဲဖန်ကြိုင်သင်း လှစေပေါ့ ထွေခင်းစို့လေး။ ။ " သစ်ရိပ်ညို "

ပန်းချစ်​သူနိဂုံး

Image
” ပန်းချစ်​သူ နိဂုံး ” ချစ်​တတ်​တယ်​ အပြစ်​ရယ် ​မယူ။ ပန်​ဆင်​ရွယ်​ တွယ်​တာစစ်​ ပန်း ချစ်​တဲ့သူ။ ​မွှေးကြူကြူ မချူငင်​ ချိန်​​လေး။ မ​ကြွေခင်​ ပီတိဖုံးတယ်​ ပြုံးစ နု​သွေး။ ။ ပိုတဲ့ စကား အနားစ မတင်​။ ချိုပလီ တီတီနွဲ့ ညင်းသွဲ့ ပန်​ဆင်​။ နဂိုယဉ်​ တွယ်​ငင်​စွာ ပိုက်​​ထွေး။ ပန်းချစ်​သူ သူဇာညွှန်းတဲ့ ရွှန်းလဲ့ ချစ်​​တေး။ ။ မူယာအ​သွေး ချစ်​​ရေးငယ်​ တူပြိုင်​။ ပန်​ရွယ်​ချင်​ ဘယ်​မမုန်း ဆုံးဘဝ သက်​တိုင်​။ ချစ်​မဏ္ဍိုင်​ အသည်းဆိုင်​ ချို​အေး။ ခိုင်​မာလာ တစ်​ပွင့်​ပန်း၏ လန်းသည့်​ ချိန်​​လေး။ ။ ” သစ်​ရိပ်​ညို ”

ဇနီး​မောင်​နှံ

Image
” ဇနီး​မောင်​နှံ ” ​မောင်​​ရေချမ်းနှင့်​ မပန်းနွယ်​ လယ်​တဲ​​လေးမှာ ​နေကြတယ်​။ မပန်းနွယ်​ ယက်​ကန်းယက်​ ​မောင်​​ရေချမ်း​လေး ဝတ်​ဖို့တွက်​။ လယ်​ယာသီးထွက်​ စပါးဆန်​ အိမ်​​မွေး တိရိစ္ဆာန်​။ ခွန်​အားသန်​သန်​ ရုန်းကန်​ရ ​မောင်​​ရေချမ်း တို့ဘဝ။ ​အေးချမ်းလှပ ချစ်​စဖွယ်​ မိသားစု​ လေးရယ်​။ သူတို့မှာကွယ်​ မာန်​မာန မရှိ ကြဘူးဗျ။ ။ ” သစ်​ရိပ်​ညို ”

၅၂၈

Image
” ၅၂ဂ ” ရှိ​စေ​တော့ ချစ်​သစ္စာ အရှုံး​နောက်​မှာ ထားခဲ့မယ်​။ ရာသီ​တွေ အလီလီ​ရွေ့လို့ ​မေ့ဖို့ မလွယ်​။ ငါးရာနှစ်​ဆယ့်​ ရှစ်​ကြိုးသွယ်​ ချစ်​နယ်​ပယ်​ ခိုင်​မြဲ။ လွမ်းသံစဉ်​ ဒီဃ​တေး ​အေးမြ လျက်​ပဲ။ ။ ” သစ်​ရိပ်​ညို ”

ပန်း​ဟေဝန်

Image
” ပန်းဟေဝန် ” ရွှေမှော်ကြာတော ၊ အံ့ဩပွင့်စုံ ရဂုံစိမ့်စမ်း ၊ မြိုင်တန်းဝန်းရံ ရေကန်ငါးပွက် ၊ ငါးရစ်တက်သော် မိုးသက်လေပြင်း ဆင်တော့မည်။ စိန်းစိုလန်းဆန်း ၊ မြိုင်တန်းဟေဝန် တံခွန်ဖြာဆင်း ၊ ရေနှင်းမှုန်လျှင် ရောင်စဉ်သက်တန့် ၊ ကွေးညွှတ်ပျံ့ကိုင်း ရနံ့ပန်းတိုင်း သင်းပြန့်ကြည်။ လိပ်ပြာပြန့်ကျဲ ၊ ပျံဝဲဥယျာဉ် တွယ်ငင်ခိုတန်း ၊ နွယ်ပန်းစီရီ တေးသီငှက်ကျေး ၊ သမင်လေးနှင့် ယုန်ပြေးဒေါင်းငယ် မြူးတော့သည်။ ” သစ်ရိပ်ညို ”

နှောင်းအရိပ်

Image
” နှောင်းအရိပ် ” သူငယ်ချင်းရေ ၊ ကျောင်းပျော်တွေပေါ့ တို့တွေငယ်က ၊ မုန့်ဝေမျှ၍ စားခဲ့ကြတာ မမေ့ပါ။ ချုံကြိုချုံကြား ၊ ဆော့ကစားခဲ့ ပျော်ပါးဈေးသယ် ၊ မုန့်ရောင်းဝယ်နှင့် ချိန်ရွယ်ပစ်ခတ် ၊ ဝမ်းလျားအပ်လို့ မပြတ်ဒိုင်းညှောင့် ၊ သစ်ကိုင်းခြောက်ဖြင့် ကောက်သစ်စားပွဲ ၊ မြေမုန့်ခဲကို ဖက်ထဲခံကာ ၊ စားခဲ့တာတွေ ကြာလေမမေ့ လွမ်းရသည်။ ခုနေရပ်ထံ ၊ ပြန်လှန်စဉ်းစား ကျောင်းတော်အားလျှင်... နွမ်းအိုရွဲ့စောင်း ၊ စာသင်ကျောင်းလေး ကျောင်းဝင်းလေးမှာ ၊ သံဝါဝါနှင့် စာအံစာရေး ၊ အပြိုင်ပြေး၍ ကလေးဘဝ ၊ စာကိုပြသည် ပျော်ရရွှင်ရ ပါဘိကော။ ။ ” သစ်ရိပ်ညို ”

တောင်​​ပေါ်​ကျောင်း​လေး

Image
” တောင်ပေါ်ကျောင်းလေး ” တောင်ကုန်းလေး တောင်ကုန်းလေး စာသင်ကျောင်းရဲ့ တောင်ကုန်းလေး။ ကျောင်းလမ်းကလေး နှင်းငွေ့ခြုံ မြူတွေအုံ့ဆိုင်း ဝိုးဝါးမှုန်။ အစုံအစုံ ဖူးပွင့်လန်း တောတောင် ဇလပ်ပန်း။ ။ ” သစ်ရိပ်ညို ”

ရင်​​လေးဖွယ်​​နောင်​​ရေး

Image
” ရင်လေးဖွယ် နောင်ရေး ” မွေးတော့မယ်တဲ့ မွေးတော့မယ် လူလေးမောင် နောင်ရွှေသွေး မွေးပါတော့မယ်။ အစားအစာ ၊ အဆိပ်ပါလို့ သားမှာဒုက္ခ ၊ မွေးလာစ စိတ်ကျရောဂါ ၊ နုံးခွေစွာနှင့် ခန္ဓာနွဲ့ပါး ၊ ရောဂါများ အင်အားဘယ်သို့ မွေးပါ့ကွယ်။ အိုဘယ့်လောက အိုလောက သာပါဘိလော သာ၏လော။ ။ တွေးတော့မယ်တဲ့ တွေးတော့မယ် ရွှေသွေးငယ် လူမယ်လေး တွေးဆတော့မယ်။ အတတ်ပညာ ၊ သိလိမ္မာနှင့် ရိုးရာအမွေ ၊ ထိန်းသိမ်းစေ ဆိုးမွေကောင်းမွေ ၊ ဆိုးများနေက ဘယ်ခြေဘယ်က ၊ ဘယ်လိုစ ကြံဆရဖွယ် တွေးကြည့်တယ်။ အိုဘယ့်လောက အိုလောက သာပါဘိလော သာ၏လော။ ။ မေးတော့မယ်တဲ့မေးတော့မယ် ရွှေသွေးနောင် ဘဝရေး မေးလှရော့မယ်။ လူ့ယဉ်ကျေးမှု ၊ အစုစုတွင် ယဉ်တုလွှမ်းမိုး ၊ အရိုင်းမျိုး မတိုးပွားစေ ၊ ယဉ်ကျေးစေဖို့ မျိုးမွေရိုးရာ ၊ စောင့်ရှောက်တာ အိုဗျာ ဘယ်သို့ မေးရမယ်။ အိုဘယ့်လောက အိုလောက သာပါဘိလော သာ၏လော။ ရေးတော့မယ်တဲ့ ရေးတော့မယ် ရွှေသွေးမောင် ရောင်စဉ်တေး ရေးပြတော့မယ်။ ကြံ့ခိုင်ဖွံ့ဖြိုး ၊ သတ္တိမျိုးဖြင့် တိုင်းကျိုးပြည်ရွာ ၊ စာမျက်နှာ တင်လာသမိုင်း ၊ လွမ်းမိုက်ရိုင်းစွာ လူတိုင်းကိုယ်ကျိုး ၊ အတ္တဖြိုး ငုတ်လျှိုးဘာသာ သာသနာတွက် ဘယ...

ဪမိန်းမ

Image
" ဪ မိန်းမ " ဟဲ့ သူငယ်မ မယ်ပပပျို သည်းလှိုက်ဖို ရှိုက်ငို လို့မဆုံး ငိုယိုပုံ အသွင်ဆန်းတယ် လင်းစမ်းပါဦး။ ရှင်းတမ်းတော့ မဟုတ်ပေ အဖေ နဲ့ အမေ ကျုပ်ကိုလေ အိမ်ထောင်ချ ပေးစားမည်ပ။ နားချလို့ မရနိုင် အဖေ ဓားမကိုင် မယူနိုင် သူ့သဘော ခုတ်လိုက်မည်ပြော။ နင်ကရော အတင်းသာ ဇွတ်ငြင်းလို့ နေမှာ မလိမ္မာ ပညာန နင့်ရဲ့ ဘဝ။ ဟုတ်ပကယ် ဘုတ်မရယ် ကျုပ်ဘဝ နတယ် နင်နဲ့သာ အဖေါ်ရ ငြင်းလိုက်တာပ။ ဟဲ့ငါက နင့်လိုသာ မိန်းမ တွေပါ အားကိုးရာ ရှာထားမှ နောင်ရေးစိတ်ချ။ နင့်မိဘ သဘောဝယ် ဘယ်ရွာက ကောင်ရွယ် ငါကိုကွယ် ပြောကာပြ မိခင်ပပ။ အမလေး ဘုတ်မရယ် မပြော လိုက်ချင်တယ် မြောက်ပိုင်းက ကိုသာလှ နင့်ရဲ့ ကောင်ပ။ ဟဲ့ဟဲ့ ဟဲ့ ပြောစမ်းပါ နောက်ထပ်တစ်ခါ ဒင်းအကြည့် မျက်စိအ ငါနင့်ထက်လှ။ ဟဲ့ကောင်မ ဘုတ်မရေ ကျုပ် ပိုလှသလေ နင့်ကောင်က မျက်စိကျ ကျုပ်ရဲ့ အလှ။ အေး နင်နဲ့ငါ အလှပြိုင်မယ် ဒင်းရှေ့ မှောက်ဝယ်။ ရပါတယ် သွားကာပြ ကျုပ်သာ ရွေးပါ့။ တော်တော် တော် မိရွှေဘုတ်ရယ် ခေါင်းငြိမ့်လိုက်တော့မယ် ကျုပ်ကသာ ပိုလို့လှ နင်သိစေရ။ ဪမိန်းမ မိန်းမ အဲဒါ မိန်းမ။ ။ " သစ်ရိပ်ညို "

အညာ​မြေ

Image
" အညာမြေ " စခန်းသာ လှမ်းလာပေါ့ ရွှေဧည့်သည် ပမ်းလာတော့ ငွေအိမ်စည်မယ် ဆွေသာကီ ဝင်တည်းလို့ နေဆဲခိုက် ဧည့်ဝတ်ကျေတယ် စားဝတ်နေ တကယ် အလျင်းသာစွ မပျင်းပါဗျ ဟာရယ ရွှင်ဖွယ်မို့ လေညင်းသံ ခင်းသည်နှင့်လေး။ ရွှေဧည့်သည် သုခမ အနုအရွသာလျှင် ပြုစုရ သဒ္ဓါရွှင်ဖွယ် လာစေချင် နောင်ရေးရယ်ပ ဆောင်တေးငယ်ပြင် ရွာတန်းစဉ် ရွာသာယာဓလေ့မို့ အိမ်သာလို့ ဧည့်လာတာရယ်ကွယ် မင်္ဂလာ နှင်းသည်နှင့်လေး။ ငွေအိမ်စည် တည်ကြည်စွ ရွာထုံး သစ်လုံးတိုင် လက်တစ်ခိုင်စာနဲ့ တစေး နိုင်နိုင် သုတ်ပါလို့ မြေထုတ်ခွာ ဆင်ဝင်လောက်ကဲ့ ခြေချုပ်တာ မြေဝါသဲကျပ်က စွဲမြဲ ပါ့ ခိုင်ခိုင် ဝါးကပ်သာ ပိုင်ပိုင်မိုးလို့ ကျူရိုးဖျာ ခင်းကာပေးပါ့မယ် ကျေးရွာဂုဏ် သင်းသည့်နှင့်လေး။ " သစ်ရိပ်ညို "

လားရာလမ်း

Image
" လားရာ လမ်း " သင်္ခါရ ထင်ရာပြ ဟုတ်အံ့မထင် ကျုပ်ဖခင် ဘိုးဘင်ဘေးတို့ ရှေးရိုးအစဉ်။ လက်ဆင့်ပေး တွေးကြည့်လျှင် ဆင်ခြင်နိုင်ရေး။ ဘဝပေး အခြေနေက နတ်ရေး ရွှေပေစာငယ်နှင့် နေမကြာ ရေစက်ပြောက်လို လွတ်မြောက်ရန်ဝေး။ ။ " သစ်ရိပ်ညို "

ဂုစ္ဆာ

Image
” ​ဂုစ္ဆာ ” မနာလို ခါခါ​ပြော ဒုက္ခ​နှော လူ့မိစ္ဆာ ကူဇိတ ဂုစ္ဆာ။ အသားက ​လောက်​ထွက်​လာ အသည်းမှာ ခံခက်​။ ကူဇတိ အသံပြာ အသူရာ ပါယ်​တံခါး​သို့ သွားဖို့ ​ရှေ့ထွက်​။ ။ ဇိဂုစ္ဆာ ပုဗ္ဗင်္ဂမ ကဲ့ရဲကြ စက်​ဆုပ်​စွာ အတ္တ ဖက်​ကာ။ ​အော်​​ဟောင်​ကျူး လျှပ်​ပြာပြာ ဝမ်းနှုးစာ လှုပ်​စကား။ ​လော်​လီစွာ ဆိုစကား။ ကူဇမာန ရယ်​နှင့်​ ကုက္ကုရ ကူဇိတ​တွေ တဖွဖွ ကြား။ ။ ” သစ်​ရိပ်​ညို ” ဂုစ္ဆာ = စက်​ဆုပ်​ရွံရှာစွာ ​ပြောတတ်​သူ ကူဇိတ. = မြည်​တွန်​​တောက်​တီး ကူဇတိ = တွန်​ကျူး ဇိဂုစ္ဆာ = ကဲ့ရဲ့စက်​ဆုတ်​ ရှုတ်​ချခြင်း ပုဗ္ဗင်္ဂမ. = ​ရှေ့အသွားရှိ​သောပြဋ္ဌာန်း​သော ​လော်​လီ = လျှပ်​​ပေါ်​လော်​လီ ကုဇမာန = အသံရှည်​ ကုက္ကုရ. = ​တိရိစ္ဆာန်​ ကူဇိတ. = မပြီ​သော အသံ

လျှပ်​​ပြေး

Image
” လျှပ်ပြေး ” အားအင်ကို အခြေစမ်းဖို့ ရေပေါ်လှမ်း ပစ်ဆဲမှာ ခဲရေလျှပ် ပမာ။ ရေထဲ၌ လျှပ်တိုက်စွာ ခုန်ပေါက်ကာ ထပြေး။ အားရယ်ကုန် ရေငုံငုတ်တယ် မြုပ်ပါပေါ့လေး။ ။ ” သစ်ရိပ်ညို ”

လောကလူ့ဘုံ

Image
” လောက လူ့ဘုံ ” အုံးအုံးကြွက်ကြွက် ၊ ဆူညံပွက်သည့် ဟိုဘက်ဒီနား ၊ အော်သံများဖြင့် လှုပ်ရှားသက်ဝင် ရှိလှသည်။ ဓာတ်စက်မြည်သံ ၊ တီးလုံးသံနှင့် ကားသံလူသံ ၊ စုံစီညံလျက် ခုန်ပျံကျော်လွှား ကြားရသည်။ မရှိဝမ်းစာ ၊ ရှိဝမ်းစာတွက် လာပါယူပါ ၊ တစာစာဖြင့် အော်ကာဟစ်ကာ ခေါ်နေသည်။ ရောင်းသူကရောင်း ၊ ဝယ်သူကဝယ် ရွက်သူကရွက် ၊ ထမ်းသူကထမ်း သယ်သူကသယ် စုံလင်သည်။ စားသောက်ဖွယ်စုံ ၊ လူသုံးကုန်နှင့် ထုတ်ကုန်ပစ္စည်း ၊ ပေါင်းဆုံစည်းသည့် ဈေးကြီးပတ်လည် စည်ကားသည်။ ဟုန်းဟုန်းတောက်လျှံ ၊ လောင်မီးလျံဖြင့် ချိန်မှန်ရထား ၊ ခုတ်မောင်းသွားသို့ လူသားဘဝ ရုန်းကန်ကြသည် အတ္တခရီး လောဘမီး။ ။ ” သစ်ရိပ်ညို ”

ရွှေဘိုမြင်း

Image
" ရွှေဘိုမြင်း " ရွှေလည်ဆံ လှုပ်ရှားလို့ ဖွံ့ထွားတဲ့ တို့မြင်းဟာ လေးချက်ညီစွာ။ ရွှေဘိုမြို့ လှည်းယာဉ်သာ အမြင်မှာ လှသား။ ဖေ့သားမောင် အပြင်းနှင်ပါနဲ့ ညဉ်းညင်သာ ဧည့်ကြိုတုန်းကွဲ့ ရုန်းဟဲ့ဖေ့သား။ " သစ်ရိပ်ညို "

အချစ်​ဋီကာပါးပါးလ်လ်

Image
" အခ်စ္ဋီကာ ပါးပါးလ်လ် " ခ်စ္တယ္စကား ရွှေနှုတ်ဖျားနဲ့ ပြောအားမညီ ဖြစ်တတ်သည်။ ပြောမည်ဆိုကား သတိထားလော့။ ချော့စားပင့်ယူ နင်းချေသူလည်း ရှိတတ်သည်။ တွယ်သူခဏ သမုဒယဟု လွဲစွယူသုံး ချစ်စိတ်ရှုံးမှ လုံးလုံးမညှာ စွန့်ပစ်တာလည်း ရှိတတ်သည်။ သည်းလှိုက်ဖြာငို ချစ်တယ်ဆိုပြီး ပိုမိုခွင့်ရေး သူအလေးသာ နှာစေးလာက သူခွာချတာ ရှိတတ်သည်။ ရာဂစိတ်တွေး တဏှာပေးမှ မပေးဖယ်ခွာ ရန်မူတာလည်း ရှိတတ်သည်။ ကျွန်မှာမယား ငါဘုရားဟု နိုင်စားပြုမူ စေညွှန်သူလည်း ရှိတတ်သည်။ ငယ်သူမြင်တွေ့ လွန်ပျော်မွေ့သည့် အိုပွေ့မြက်နု အမိုက်စုလည်း ရှိတတ်သည်။ ရွက်အိုနာညောင်း ပင်အိုဟောင်းလို့ အကောင်းဖွေရှာ သာယာဖို့လည်း ရှိတတ်သည်။ မည်သို့ဆိုစေ ချစ်စိတ်ထွေကြ လူ့ပြေလူ့ရွာ လူ့ကမ္ဘာဝယ် အဓိပ္ပါယ်အနက် ဖွင့်ဆိုခက်သည့် ချစ်သက်ဋီကာ ဖွင့်ကြရာဝယ် ဝေးကွာမနီး ကြံရွယ်ပြီးလည်း နီးကြသည်။ မရနိုင်မှ စွန့်ခွာကြရာ ဖွင့်ဟမေတ္တာ စေတနာပြ ချို့ မှာတန်ပြန် ရန်စွယ်မာန်ပြ ပွင့်အံမျိုသိမ့် ဖြေသိမ့်နှိမ့်ကြ ကြွေလိမ့်မျက်ရည် ပျက်စီးသွေခွာ စေတတ်သည်။ ချစ်တာဘာလဲ ချစ်တာကိုယ့်ကိုယ် ဘာ့တွက်ချစ်လဲ ကိုယ့်တွက်ချစ်ပို တကယ်ချစ်လဲ ရွှေလက်တွဲလ...

နှောင်း​ရစ်​ချစ်​သည်း

Image
” ​နှောင်းရစ်​ ချစ်​သည်း ” ကံ ကံငယ်​ချို့လို့ ကိုယ့်​အဖို့ အသည်းမှာ လွမ်းရိနွမ်း နာ။ ချစ်​ကဗျာ စာနာသည့်​ အ​တွေး။ ပန်းဦး​ရွှေစင်​ လွမ်းရင်​ပြင်​ ရွှေရည်​လူး ရူးခဲ့ ​ပေါ့လေး။ ။ ” သစ်​ရိပ်​ညို ”

မောင်​​ရေ​အေး

Image
” ​မောင်​​ရေ​အေး ” ​မောင်​​ရေ​အေး​ မောင်​​ရေ​အေး စိတ်​ထား​လေးက ဖြူဖြူ​ဖွေး။ ​မောင်​​ရေ​အေး​လေး ချစ်​စရာ အမြဲ ပြုံးရွှင်​စွာ။ မပီကလာ သံချို​အေး သားသားချစ်​တဲ့ ​မောင်​​ရေ​အေး မီးမီးချစ်​တဲ့ ​မောင်​​ရေ​အေး။ ။ ” သစ်​ရိပ်​ညို ”

အောင်​နိမိတ်​ထွန်း

Image
” အောင်နိမိတ်ထွန်း ” တစ်နပ်ပြာ တဏှာပြတ်အောင်လို့ သံသရာ သာသနာအကျိုး ကိုတဲ့ ဖန်တစ်ရာ မြန်မာအမျိုး ဟာမို့ သဒ္ဓါပျိုးလို့ နှိုးဆော်သည်။ ဘာသာ တန်ခိုးရယ်တို့ ဖြိုးဝေစည် တိုးနေခြည် ရောင်ဖြာထွန်း။ သာသနာ ရောင်ဝါလွှင့်ပြီပေါ့ နောင်အခါ ဘာသာတင့် ရအောင် သံတော်ဆင့် ခပင်းညီညီ မယွင်းပြီ စက္ကဝါဠ မှာဖြင့် လက္ခဏာပြ အောင်နိမိတ်သွန်း ပါတဲ့ လက်ယာတောင်ကျွန်း။ ။ ” သစ်ရိပ်ညို ” စက္ကဝါဠ = စကြဝဠာတိုက်

ကြောက်​တယ်

Image
” ကြောက်တယ် ” အိုကွယ် ကြောက်တယ် အို ကြောက်တယ် ကြောက်လှပါတယ်ကွယ်။ စိုးထိတ်ထိတ် ရင်သိမ့်သိမ့် ဖိန့်ဖိန့်တုန် ကြောက်တယ်။ ဒိန်းဒိန်းဒိတ် လန့်စိတ်ဝယ် မေ့လောက်ဖွယ် သက်ရှုမှား။ သုံးဘက်မြင် အရိပ်မဲနှင့် သရဲ ဇာတ်ကား။ ။ ” သစ်ရိပ်ညို ”

ချစ်​စုဗူး

Image
” ချစ်စုဘူး ” ချစ်စရာ နှာရောင်သားနဲ့ ပါးကွက်ကျား ချိုပြုံးစွာ ဖိုးဝရုပ်ပါ။ စဉ်အမြဲ စုလာတာ နေ့တိုင်းသာ ငွေကြေး။ ချစ်ရတဲ့ ဖိုးဝလေးကို မွှေးမွှေးလေးပေး။ ။ ဒီမယ်ကွယ် ဖိုးဝလေးရယ် ငွေကြေးက အရေးပါ လိုအပ်ပြီကွာ။ ဝမ်းတွင်းပြည့် ပြည့်စုံရာ ရက်စက်စွာ ဖောက်ခွဲ။ သို့ပေမယ့်...ကွယ် ဖိုးဝငယ် အမူတုန်း ပြုံးလို့နေမြဲ။ ။ ” သစ်ရိပ်ညို ”

တသသ

Image
” တသသ ” ငိုညည်သံ တစ်ချက်ကြားလို့ ထသွားလို့ကြည့်ရာ။ သွေးမျက်ရည် ပျံ့ကျဲပါပေါ့ ဝေ့ဝဲလို့ ရှိုက်ရှာ။ ငိုသူရဲ့ အခေါက်မှာ အခေါင်းဖွာ အိုမင်း။ စိန်ပန်းနီနီ မြေညီညီ ပင်ခြေရပ်မှာ ခဝပ်ပြန့်ဆင်း။ ။ ” သစ်ရိပ်ညို ”

ကတ္တီပါဖိနပ်​စီး​ရွှေထီး​ဆောင်း​စေ

Image
" ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းစေ " ချစ်သည်းပျို ပြုံးချိုချို မျက်နှာထား သက်ထားခင် ငယ်နှမ ဘယ်ကြွခြေ ညာခြေကြွဟန်က ဆင်မယဉ်သာ။ ယဉ်စစ ခင်ကညာ ညင်သာစွာ လျှောက်လှမ်း ဆင်ခြင်ကာ အသာလျောင်းစက် မင်္ဂလာအပေါင်း တက်သည့် ဣိတ္ထိယာ ကောင်းခြင်းငါးဖြာ။ အသံသာ ဆံနွယ်မှာ ကျော့ရှင်း ပျော့ဝါဝင်း အသားရောင် ဖြောင့်စင်းအရိုး သွားအလှစေတယ် အသားတွေ ညီမွတ်ဝင်း မြမျက်ဝန်း လဲ့ဝင်းဖြာ ဆင်းအင်္ဂါ ပြည့်စုံထင်လို့ လျှောက်လှမ်းလျှင် လေယူရာ ယိမ်းနွဲ့ကာ ပါဖို့လေး။ အဆင်ငြိမ်းစရာ ထဘီအင်္ကျီမှာ ပိုးကြာချိတ်တို့ဖြင့် အဖိုးမှာထိပ် မဟာဆန်လှတော့ ကတ္တီပါ ဖိနပ်စီးစေလို့ ရွှေထီးလေး ဆောင်းပေါ့ခင်ရယ် ပေါင်းကျော့ယဉ်သွေး။ ။ " သစ်ရိပ်ညို "

နွမ်း

Image
" နွမ်း " ရယ်စမ်းပ ခင်ရယ်။ ဘယ်ကမ်းသောင် တင်မသက် ခက်ခက်လှဖွယ်။ ရက်စက်ပြ စိတ်မကြည်ဖွယ် အားငယ်ငယ် အတွေး။ ခိုင်ပန်းရုံ မငုံခင်ချိုးသလို ကျိုးကျပျက်ဆွေး။ ။ " သစ်ရိပ်ညို "

အေးငြိမ်းသာယာ

Image
" အေး ငြိမ်း သာ ယာ " လေ တင် ညှာ ကူး ၊ ပင့် လေ ရူး လျှင် ရွှင် မြူး သော့ သော့ ၊ ဟန် ကြော့ ကြော့ နှင့် ဖျော့ ဖျော့ ရစ် နွယ် ၊ ဆင်း ရိပ် ကြွယ် သား ဆံ နွယ် လျှပ် လျှပ် ၊ တ ဖျတ် ဖျတ် သာ ထပ် ထပ် လူး သည် ၊ ချော့ မြှူ သီ လို့ လေ ပြည် သာ မှ ၊ အေး တော့ သည် ။ နွေ ဂိ မှန် တ ၊ နေ ချည် ခ သော် နွမ်း လျ ဖျော့ စိတ် ၊ ချွေး စို့ သိပ် ဖို့ သစ် ရိပ် ညို အောက် ၊ နေ ခို လျှောက် ရန် တ ထောက် ခို နား ၊ ခ ရီး သွား မှာ အင် အား ကို ချီ ၊ မော ပန်း သည် တွင် လေ ပြည် ဖြာ ကျ ၊ သွေး တော့ သည် ။ ဝေ ရွှန်း ခက် ပျို ၊ အေး ရိပ် ပို သား နန်း ညို သစ် ရိပ် ၊ လေ မွှေ့ အိပ် ယာ ငွေ့ ထိပ် မျက် ရင်း ၊ ရွေ့ ရွေ့ ဆင်း စဲ "မ" ခြင်း ခ ဏ ၊ ပြန် ၍ ကျ ကာ စဉ်း လှ ဝေ ရီ ၊ မျက် လွှာ အီ သည် လေ ပြည် လာ စ ၊ မှေး တော့ သည် ။ ။ " သစ်ရိပ်ညို "

လျှပ်​ပ​လော်

Image
" လျှပ်ပလော် " သမင်လည်ရွဲ ဝင်းပမြဲပင်။ ပုလဲ ရတနာ ဝင်းမွတ်စွာလျှင်။ သို့သို့ငယ် လင်လင် ပီပြင်ဖို့တွေး။ မျောက်ကိုလျှင် မျက်စဉ်းခတ် စပ်လို့ထွက်ပြေး။ ။ " သစ်ရိပ်ညို "

မင်္ဂလာပါ သူငယ်​ချင်း

Image
" မင်္ဂလာပါ သူငယ်ချင်း " စိတ်ကြည်သာ အေးမြပါစ သူငယ်ချင်း ။ စေတနာ မေတ္တာစိတ်နဲ့ တို့မိတ်ဆွေရင်း။ ကြည်သာမွေ့ ဒီလိုနေ့မှာ ရက်မြတ်မင်္ဂလာ။ ချမ်းမြေ့စေ ကြည်ရွှင်အေးလို့ ဘေးဘယာဝေးကွာ။ ချစ်ဇနီး သားသမီးနှစ်ဖြာ သွင်တူစွာ ဘဝလုံး။ ညီညီညာ မေတ္တာစစ်နဲ့ ချစ်ဖွဲ့နှောင်ထုံး။ ။ ရင်းနှီးသည့် ချစ်မိတ်ဆွေ ပေါင်းဆုံပါစေ။ မြဲရှာဖွေ ဓနအင်အား တွက် ကြိုးစားလျက်ပေ။ တောင်းဆုပြု ပေးဝေနေ လူဋ္ဌာနေ ရပ်ကျေး။ ပီပီပြင် ပီတိလွှမ်းဖွယ် မြန်းဆင်ကွဲ့လေး။ ။ " သစ်ရိပ်ညို "

ငယ်​မူ

Image
” ငယ်မူ ” အချစ်ရူး ဖြစ်ဖူးခဲ့ သူပါ ချစ်တတ် လှစွာ။ သည်ဒဏ်ရာ အနာရယ် မကျက်သေး။ လေအလာ သည်အသိုက်မှ ပျံလိုက် ချင်သေး။ ။ ” သစ်ရိပ်ညို ”

အ​ဝေး

Image
” အဝေး ” တိတ်တခိုး အတိတ်ကြိုး နှောင်ချည်။ ပန်းနှင်းဆီ ရနံ့မွှေး အေးမြသင်းကြည်။ တလည်လည် မျက်ရည် လည်ဆွဲ။ ပန်းဝတ်ရည် ဆောင်တော်ကူး ခူးရ ခက်ခဲ။ ။ ” သစ်ရိပ်ညို ”

ပင်​တိုင်​စံ

Image
” ပင်တိုင်စံ ” ဝေရွှန်းလဲ့ ခိုင်ကြည်။ မြဝတ်ရည် ပန်းရုံဦး ဖူးပွင့် ရံတည်။ တိမ်ဝါနီ ဇာချည် အလွှာခြား။ ပန်းကမ္ဘာ လေအသွေး မွှေးမြ စေသား။ ။ ” သစ်ရိပ်ညို ”

တိမ်​မြူဖယ်

Image
” တိမ်မြူဖယ် ” ကျေနပ်စွာ ရယ် ပြုံးနေ မယ် ခင်တွယ် မေတ္တာထား။ ကြင်နာ ဆတိုး ခိုင်ကြည် ဖြိုး မြတ်နိုး သဒ္ဓါပွား။ မြတ် ရတနာ ဖွေစစ် ရှာ သစ္စာ မှန်တရား။ ။ ” သစ်ရိပ်ညို ”

တာဝန်​​ကျေကြပါ

Image
” တာဝန်ကျေကြပါ ” တို့ပြည်သူ ကိုယ်စားပြု တို့များစု ရွေးချယ်။ ညီနောင်ဆွေ မြန်မာ့သားတို့ အားဖြစ် ပေတယ်။ သူရဲကောင်း တို့မျိုးနွယ် မှန်ရာဝယ် ရပ်တည်ရေး။ ခေတ်သမိုင်း ရုပ်ဆိုးအသွင် ငုတ်လျှိုးဝင် မနေကြပါနဲ့ကွယ် နိုးထ ကွဲ့လေး။ ။ ” သစ်ရိပ်ညို ”

ဖုတ်​ပူမီးတိုက်

Image
" ဖုတ်ပူမီးတိုက် " မမြင်မစမ်းနဲ့ တစ်စခန်း ထပြီပေါ့ မပန်းဝေ။ နင့်မှာလေ ဒေါသတွေ ပဲ။ နင့်ကိုယ်နင် အရင်ထဲက ဆင်ခြင်မှ ဘဲ။ ။ " သစ်ရိပ်ညို "

မင်္ဂလာ ​ဆောင်

Image
" မင်္ဂလာဆောင် " ခိုးယူပေါင်းသင်း ၊ လက်ထပ်ခြင်း။ အကျဉ်းချုံးကျွေး ၊ မင်္ဂလာလေး။ လက်ထပ်စာချုပ် ၊ အကျဉ်းချုပ်။ အိမ်နားဖိတ်ကြား ၊ မင်္ဂလာများ။ ဆွမ်းကပ်ကျွေးလှူ ၊ မင်္ဂလာယူ။ ဒါနလှူဒါန်း ၊ မင်္ဂလာဆွမ်း။ ရပ်ရွာနှင့်ဆောင် ၊ မင်္ဂလာဆောင်။ ဟိုရှေးမြင်ယောင် ၊ မင်္ဂလာဆောင်ဖြင့် ဆံယောင်ထုံးထိန်း ၊ ထိုင်မသိမ်းနှင့် ထောက်ထိန်းအင်္ကျီ ၊ ချိတ်ထဘီနှင့် တလီယောင်္ကျား ၊ တောင်ရှည်များနှင့် ဆင်ထားတိုက်ပုံ ၊ ရင်ကိုလုံလျက် မျိုးဂုဏ်တက်စေ ၊ မောင့်ကျက်သရေနှင့် ခြံရွေရံထား ၊ မောင်းမများလျှင် စံထားဘိသိဟ် ၊ မင်္ဂလာဟိတ်နှင့် ဆောင်ထိပ်ကြုညင်း ၊ ခရုသင်းနှင့် အောင်ခြင်းမင်္ဂလာ ၊ အောင်ကြောင်းသာသည် အောင်ပါစေသော ၊ အောင်စေသော။ ။ " သစ်ရိပ်ညို "

ဆယ်​အိမ်​စုတို့ရွာ​လေး

Image
"ဆယ်အိမ်စု တို့ရွာလေး" ဆင်ကောင်ကြီး အမြီးမှာ တစ်တတ်သည် အရီးသာ တို့ချစ်စရာရွာ လှစ်ဟကာ ပြမယ်ပ ကိုးဆယ်ဆသာ။ ဆယ်အိမ်စု ချိန်ပြုလို့ ခက်ပိုနော် ရမက်ကို တကယ်သိမ်းမှ နွဲ့ယိမ်းတတ် မောဟခွာ ဒေါသမှာ သံသရာကွဲ့ လောဘဟာ သံသယတိုးတယ် ဖိုးအေးတို့ရွာ။ သူကြီးက ငါ့နေရာ သူငယ်က ငါအတတ် မယ်အေးသာ မလယ်ရှုပ်လို့ အမယ်ဘုတ်ကဲ့ သူ့ချည်မျှင် မိကြည်ခင် ငေးမှိုင်စွာ ဘေးထိုင်ကာ ဘုပြောလုပ် ယစ်ထုတ်က ဟောင်ဖွာဖွာ ဗလာတုတ် ယောင်ချာချာ တုတ်တုတ်သာ မလှုပ်။ တို့ကျေးရွာ မွဲပြာဆုပ်ချိန် သဲကာလှုပ် ညီစေချင် ရွှင်ပျော်ပျော် စီဝေလျှင် ခင်မင်ဖေါ် ဒီတစ်သက် ဖဲ့မထွက် တွဲလျှက်သာ သံသရာ အကျိုးမျှော် နှိုးဆော်လို့ တို့ကျေးရွာ ဆွေးနွေးကာလုပ် ။ ။ " သစ်ရိပ်ညို "