ဖက်ဖူးဆင်
” ဖက်ဖူးဆင် ”
နန်းရဝေ စံချိန်ကျ
ကျံစိန်မြ ခန်းဇာ
ပန်နေကျ ပန်းပမာနှယ်
နန်းညွန့်လျာ ရောင်သွေး။
မင်္ဂလာ ခွန်းချွေဆက်
သွန်းငွေခွက် သက်သည့်နေ့လေး။
အာသာဝတီ နွယ်နီပန်းရယ်လို့
ဆင်မြန်းရွယ် ချစ်ရေး။
ရည်မှန်းငယ် အချစ်တေးတွေဖြင့်
ဟစ်ကြွေးလို့ အသံချီ။
ဂန္တဝင် အချစ်မျိုးပေသို့
တဆစ်ချိုး ကမ်းလင့်စုံညီ။
အသဲနု ပန်းအဆီဝယ်
လွမ်းအဖီ အစိုင်ခဲ
မယိုင်လဲ ချစ်စိတ်ပေါ်
အေးမြရွှင်ပျော်။
ပန်သစ္စာ ရွယ်ရည်မျှော်သည်
ရွှေစည်တော် ယွန်းပြီထင့်လေး။ ။
” သစ်ရိပ်ညို ”
နန်းရဝေ စံချိန်ကျ
ကျံစိန်မြ ခန်းဇာ
ပန်နေကျ ပန်းပမာနှယ်
နန်းညွန့်လျာ ရောင်သွေး။
မင်္ဂလာ ခွန်းချွေဆက်
သွန်းငွေခွက် သက်သည့်နေ့လေး။
အာသာဝတီ နွယ်နီပန်းရယ်လို့
ဆင်မြန်းရွယ် ချစ်ရေး။
ရည်မှန်းငယ် အချစ်တေးတွေဖြင့်
ဟစ်ကြွေးလို့ အသံချီ။
ဂန္တဝင် အချစ်မျိုးပေသို့
တဆစ်ချိုး ကမ်းလင့်စုံညီ။
အသဲနု ပန်းအဆီဝယ်
လွမ်းအဖီ အစိုင်ခဲ
မယိုင်လဲ ချစ်စိတ်ပေါ်
အေးမြရွှင်ပျော်။
ပန်သစ္စာ ရွယ်ရည်မျှော်သည်
ရွှေစည်တော် ယွန်းပြီထင့်လေး။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment