ငယ်သူငယ်ချင်း
” ငယ်သူငယ်ချင်း ”
ကောင်းတူ ဆိုးဖက် ၊ အတန်း တက်၍
ကျောင်းသက် ရှည်ရှည် ၊ တို့တစ်တွေ သည်
ဌာနေ ရပ်ခြား ၊ ကွဲကွာ သွားတာ
နေ့များ ရက်ရှည် ကြာပြီလေ။
မန်ကျည်း တောင့်လိုက် ၊ ဆားတို့ ကိုက်ကာ
ရေ၌ ခွေးရူး ၊ ကစား ဖူးပြီး
မြေလူး ဖုန်ထ ၊ ပျော်ခဲ့ ကြတာ
ကြာလှ မေ့များ နေပြီလား။
ရွာဦး စေတီ ၊ ကြိုကြား ဆီမှာ
ခိုမှီ ပုန်းအောင်း ၊ ကုတ်ချောင်းချောင်း ဖြင့်
ပြန်ပြောင်း တွေးကာ ၊ လွမ်းမိ ပါသည်
ငယ်ခါ နုသွေး ဘဝလေး။
ချစ် သူငယ်ချင်း ၊ ငါနဲ့ မင်းနဲ့
လည်ပင်း ဖက်ကာ ၊ တူသွား လာခဲ့
ရှိတာ တဝက် ၊ မျှစား လျက်ဖြင့်
ငါ့တွက် မင်းဟာ ၊ ချစ်စရာ ပေါ့
မင်းမှာ လည်းပဲ ၊ ငါက လွဲလို့
တူတွဲ သွားလာ ၊ ဖော်မရှာ ၍
ရင်မှာ စိတ်ချင်း ထပ်ခဲ့သည်။
ခုနေခါ များ ၊ သားမယား နှင့်
မအားနိုင် ပေ ၊ တို့တစ်တွေ သည်
သာစေ မာကြောင်း ၊ စကား ကောင်းတောင်
တောင့်တောင့် တတ ၊ မဆုံကြ လို့ (တောင်းတောင်း)
ဘဝ ငယ်ပေါင်း ၊ အရွယ် နှောင်းတို့
ကိုယ့်ကြောင်း နှင့်ကိုယ် ၊ သီးသန့် လိုပင်
ရွယ်အို ပုံပြောင်း ရှိတော့သည်။ ။
” သစ်ရိပ်ညို ”
ကောင်းတူ ဆိုးဖက် ၊ အတန်း တက်၍
ကျောင်းသက် ရှည်ရှည် ၊ တို့တစ်တွေ သည်
ဌာနေ ရပ်ခြား ၊ ကွဲကွာ သွားတာ
နေ့များ ရက်ရှည် ကြာပြီလေ။
မန်ကျည်း တောင့်လိုက် ၊ ဆားတို့ ကိုက်ကာ
ရေ၌ ခွေးရူး ၊ ကစား ဖူးပြီး
မြေလူး ဖုန်ထ ၊ ပျော်ခဲ့ ကြတာ
ကြာလှ မေ့များ နေပြီလား။
ရွာဦး စေတီ ၊ ကြိုကြား ဆီမှာ
ခိုမှီ ပုန်းအောင်း ၊ ကုတ်ချောင်းချောင်း ဖြင့်
ပြန်ပြောင်း တွေးကာ ၊ လွမ်းမိ ပါသည်
ငယ်ခါ နုသွေး ဘဝလေး။
ချစ် သူငယ်ချင်း ၊ ငါနဲ့ မင်းနဲ့
လည်ပင်း ဖက်ကာ ၊ တူသွား လာခဲ့
ရှိတာ တဝက် ၊ မျှစား လျက်ဖြင့်
ငါ့တွက် မင်းဟာ ၊ ချစ်စရာ ပေါ့
မင်းမှာ လည်းပဲ ၊ ငါက လွဲလို့
တူတွဲ သွားလာ ၊ ဖော်မရှာ ၍
ရင်မှာ စိတ်ချင်း ထပ်ခဲ့သည်။
ခုနေခါ များ ၊ သားမယား နှင့်
မအားနိုင် ပေ ၊ တို့တစ်တွေ သည်
သာစေ မာကြောင်း ၊ စကား ကောင်းတောင်
တောင့်တောင့် တတ ၊ မဆုံကြ လို့ (တောင်းတောင်း)
ဘဝ ငယ်ပေါင်း ၊ အရွယ် နှောင်းတို့
ကိုယ့်ကြောင်း နှင့်ကိုယ် ၊ သီးသန့် လိုပင်
ရွယ်အို ပုံပြောင်း ရှိတော့သည်။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment