ကသိုဏ်း၁၀ပါး

"ကသိုဏ်း၁၀ ပါး"

၁။ ပထဝီကသိုဏ်း
အစွမ်းဖြင့် တရာ၊တထောင် စသည်၊ နဂါး ဂဠုန်
ယောင် စသည် ဖန်ဆင်းခြင်း၊ ကောင်းကင်၌၎င်း၊
ရေပေါ်၌၎င်း မြေဖန်ဆင်း၍ ခြေဖြင့်နင်၍ သွား
ခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ အိပ်ခြင်း တို့ကို ပြခြင်း
သစ်ပင် တော တောင် မြေ အိမ် ကျောင်း ဗိမာန်
စသော အထည် ဝတ္ထု မိုးကို ရွာစေခြင်း၊ ပေါ့
သောဝတ္ထုကို လေးစေခြင်း၊တစုံတစ်ခုသော ဝတ္ထု
ကို ရွေ့ရှား၍ မရနိုင်အောင် ခိုင်မြဲစေခြင်း၊ စသည်
တို့ကို ဖြစ်ကုနိ ပြီးစီးကုန်၏။

၂။ အာပေါကသိုဏ်း
အစွမ်းဖြင့် မြေ၌ ငုတ်မှု ပေါ်မှုကို ပြုခြင်း၊ မိုးရွာ
စေခြင်း၊ မြစ် သမုဒ္ဒရာ စသည် ဖန်ဆင်းခြင်း၊
ပကတိ ရေကို ဆီ ပျား နို့ရည် စသည် ဖန်ဆင်း
ခြင်း၊ ကိုယ်မှရေစိုင်ထွက်စေခြင်း၊ မြေ တောတောဂ်
ပြာသာဒ် စသည် လှုပ်စေခြင်း စသည် ဖြစ်ကုန် ပြီးစီး
ကုန်၏။အာပေါကသိုဏ်း၌ ဝင်စား၍ ထိုအာပေါ
ကသိုဏ်း
ဖြင့်လှုပ်စေသော ဝတ္ထုကို ရေပေါ်၌ ပေါလောပေါ်
နေသော နွားချေးချပ် ကဲ့သို့ နေအောင်ပြု၍ လှုပ်စေ
ရသည်။ ရှေးက မဟာနာဂထေရ်၏ တူရင်း သံဃ
ရက္ခိတ သာမနေကလေး သာမဏေပြုသောနေ့
ဆံချစဉ်၌ပင် ရဟန္တာဖြစ်၍ တန်ခိုးပါ ပြည့်စုံ၍ ထို့နေ့
၌ပင် သိကြားမင်း ၏ ယူဇနာ တထောင် မြင့်စွာ
ကြီးမားသော ဝေဇယန္တာပြာသာဒ် ကို လှုပ်စေသော
အခါ ပထဝီကသိုဏ်း ၌ ဝင်စားပြီး လှုပ်၍ မလှုပ်
သဖြင့် နတ်သမီးတွေ ဝိုင်းသရောကြ၍ ပြန်ပြေးလာ
ပြီးလျှင် ဆရာကိုမေး၍ ထိုကဲ့သို့ အာပေါကသိုဏ်း၌
ဝင်စား၍ လှုပ်မှ ပြာသာဒ်ကြီး လဲလုမတတ် လှုပ်လေ
သည်။ နတ်သမီးတွေ ဝိုင်း၍ တောင်းပန်ရသည်။

ဆက်လက်ဖေါ်ပြပါမည်။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး