မေကျီးညို

…ကဗျာပုံပြင်တေးလေး
တီထွင်ရေးကြည့်သဗျ
အားပေးကြပါဦး

” မေကျီးညို ”

ကျီးမဲညို ခိုဖြူဖွေး
ပုံပြင်လေး ရေးမည်။

နှစ်ကိုယ်တူ မျှမခြားလို့
ပွားများ ချစ်ကြည်။

အစာများ သယ်ယူချီ
မျှဝေသည် စဉ်မြဲ။

နှစ်ကိုယ်တူ လွန်နှစ်သက်စွာဖြင့်
ပေါင်းဖက် လျက်ပဲ။ ။

တစ်နေ့သော် ကျီးမက
ခိုမလေး ခေါ်လာ
သူ့ သိုက်မြုံ မှာ။

ညတိုင်းကွဲ့ ငြီးငြူရှာ
အိမ်ကိုသာ လွမ်းနေဆဲ။

ခိုဖြူမ ငြီးလေသမျှရယ်
ကျီးတွေမယ် အိပ်မရပြီပေါ့
စိတ်ပျက် ကြမြဲ။ ။

တစ်နေ့မှာ ကျီးမလေး
အဝေးသို့ အစာရှာ။

ခိုဖြူငယ် ထိုအမ
သူ့ဥချ ဝပ်ရာ။

ကျီးတို့၏ အလယ်မှာ
ခိုဖြူဟာ လွန်ခက်ခဲ။

ကျီးညိုမ ဥတွေစားဟု
” အား ””အား” စွပ်စွဲ။ ။

ခိုဖြူမယ် ဘယ်လိုပြောပြော
ဘယ်သောမှ လက်မခံ
ကျီးအုပ် သဏ္ဌာန်။

နှုပ်သီးကြီး အဆမတန်
အားမာန်ဆင် ဆိတ်ဆွဲ။

ခိုဖြူငယ် ခမျာမှာဖြင့်
ကျီးညိုသာ မလာခင်လေးမှာ
သွေးထွက် သေပွဲ။ ။

ကျီးညိုမယ် ရင်ကိုချ
နာကျင်စွ သည်းဘဝင်
ကျွေပြတ် လု ပင်။

ခိုဖြူငယ် မယ်ရှင်
ရင်ခွင်မဲ့ ဥလေး။

ကျီးညိုခင် အလွန်ချစ်လို့
ဖြစ်သနစ် ကျေစေကြောင်းရယ်
ထိန်းကျောင်း ဝပ်ပေး။ ။

ဥများလျှင် အကောင်ဖောက်
တစ်မိပေါက် တစ်ကောင်သာ
ခိုဖြူလေးဖြစ်လာ။

ရွှေညီကို ကိုကိုကျီးတို့
ရင်နှီး ချစ်စွာ။

သို့ပေမယ့် သားငယ်ခိုရယ်
မေကျီးညို ခွန့်ကျွေးရာ
မမြိုသာ အသား။

အမေငြီးသလိုပ
ဆက်ပြီးသာ ခိုဖြူငြီးတယ်
” ဟီး ”တိုက်ပေါ့လား။ ။

ကျီးတို့ရဲ့ ဌာနေကို
အမေအို ကျီးညိုမ
စိတ်မချ နိုင်ပေ။

ဇရပ်အို အမိုးကြားမှာ
ခိုဖြူအား ခေါ်ယူလျက်
သွားဝှက် ပေါ့လေ။

ခိုဖြူငယ် ဆာနေချိန်တွေ
မေမေရေ အလွှတ်ငြီး။

ညချမ်း ချိန်ခါ ဖြစ်ပေမယ့်
ချစ်မေမေ ညိုညိုလေးကို
လွမ်းဆွေး လျက်တည်း။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်