သဲဦးငယ်
” သဲဦးငယ် ”
ပန်းနွယ် ချစ်ကြိုး ၊ ယှက်နွယ် ပျိုး၍
မြတ်နိုး တွယ်တာ ၊ ချစ်ရ ပါသည်
ဘယ်ခါ မမေ့ပြီ။
လှချက် မူပို ၊ ရွှေနှုတ် ချိုသည့်
ပျိုပျို မယ်လေး ၊ မူယာ သွေးသော်
ချိုတေး ဆိုမိသည်။
အဆိုင် အဆိုင် ၊ ခါး ထွာဆိုင် နှင့်
အပြိုင် ပွင့်လန်း ၊ ရွှေကြာ ပန်းလျှင်
ချစ်ပန်း ရွှန်းလဲ့ကြည်။
သော်တာ ခွန်းတွဲ့ ၊ ကြယ်စင် လဲ့နှင့်
ညွှန့်းသွဲ့ စာစီ ၊ ချစ်ရောင် ခြည်ဖြင့်
မျှော်ရည် စွဲမိပြီ။
လေသာ ပြူတင်း ၊ ဆောင်ယူ နှင်းဆက်
လေညင်း ညင်သာ ၊ သယ်ယူ လာသော
မာလာ ကြူအေး ၊ ရနံ့ မွှေးသည်
ပြန့်ထွေး ငုံရည် ၊ လရောင် ခြည်နှင့်
ကြယ်ဆီ စို့စို့ ၊ လင်းလက် သို့လျှင်
မြှစ်စို့ လှသွင် ၊ ဖူးသစ် လွင်သည့်
ချစ်ကြင် နုသွေး ၊ ဆောင်တော် လေး၌
မျှော်ငေး မောင့်ကို ၊ လွမ်း စာဆို သည်
မောင်ငို မျက်ရည် လည်မိသည်။ ။
” သစ်ရိပ်ညို ”
ပန်းနွယ် ချစ်ကြိုး ၊ ယှက်နွယ် ပျိုး၍
မြတ်နိုး တွယ်တာ ၊ ချစ်ရ ပါသည်
ဘယ်ခါ မမေ့ပြီ။
လှချက် မူပို ၊ ရွှေနှုတ် ချိုသည့်
ပျိုပျို မယ်လေး ၊ မူယာ သွေးသော်
ချိုတေး ဆိုမိသည်။
အဆိုင် အဆိုင် ၊ ခါး ထွာဆိုင် နှင့်
အပြိုင် ပွင့်လန်း ၊ ရွှေကြာ ပန်းလျှင်
ချစ်ပန်း ရွှန်းလဲ့ကြည်။
သော်တာ ခွန်းတွဲ့ ၊ ကြယ်စင် လဲ့နှင့်
ညွှန့်းသွဲ့ စာစီ ၊ ချစ်ရောင် ခြည်ဖြင့်
မျှော်ရည် စွဲမိပြီ။
လေသာ ပြူတင်း ၊ ဆောင်ယူ နှင်းဆက်
လေညင်း ညင်သာ ၊ သယ်ယူ လာသော
မာလာ ကြူအေး ၊ ရနံ့ မွှေးသည်
ပြန့်ထွေး ငုံရည် ၊ လရောင် ခြည်နှင့်
ကြယ်ဆီ စို့စို့ ၊ လင်းလက် သို့လျှင်
မြှစ်စို့ လှသွင် ၊ ဖူးသစ် လွင်သည့်
ချစ်ကြင် နုသွေး ၊ ဆောင်တော် လေး၌
မျှော်ငေး မောင့်ကို ၊ လွမ်း စာဆို သည်
မောင်ငို မျက်ရည် လည်မိသည်။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment