တို့တပ်မတော်
၇၂ ကြိမ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုကဗျာ
တို့တပ်မတော်
***
တပ်မတော် မှာ ၊ မည်သည့်ခါ မျှ
သစ္စာ မဖောက် ၊ မြေဆိုင် ကျောက်သို့
ဖြိုးမောက် အင်အား ၊ ပြည်သူများ တွက်
အားကိုး ရာသာ ဖြစ်ပါသည်။
နိုင်ငံ့ ခေါင်းဆောင် ၊ မြတ်ဦးသျှောင် တို့
ေေေေေေ ဆောင်ယောင် ပြောင်းလဲ ၊ ရောင်ဝါကွဲ လည်း
အမြဲ တည့်မတ် ၊ ခိုင်မာ ရပ်လျက်
မျိုးမြတ် သာကီ နွယ်ဖွား တည်း။
အမိ ပြည်သူ ၊ ဖ ပြည်သူ တည့်
ပြည်သူ ၏သား ၊ ပြည်ချစ်သား တို့
ပြည့်သား ရဲဘော် ၊ တပ်မတော် သည်
သေသော် လေငြား ၊ ငရဲ မလားဟု
ကြွားကြွား မြွက်မြွက် ၊ ဦးထိပ် ရွက်၍
သက်ပင် သေလည်း ၊ မကြောက်ဘဲ နှင့်
ရဲစိတ် ရဲမာန် ၊ လွန်ထက်သန် စွာ
ဘေးရန် ကင်းပ ၊ ကာကွယ် ကြ၏။
အမောင် တို့သား ၊ ရင်မှဖွား သည့်
ဖေ့သား ရဲဘော် ၊ မေ့သည်းကျော် ရေ.....
တွင်ခေါ် ရပ်တည် ၊ မြတ်ဇာနည် တည့်.....
စစ်ချီ ဝံ့ကြွား ၊ သတ္တိများ နှင့်
ပြည့်သား မောင်ကို ၊ သပြေညို ဖြင့်
ကမ်းကြို လက်ကမ်း ၊ အောင်စစ် ပန်းဖြင့်
ပြုံးပန်း ဝေဆာ ၊ သဲသည်းချာ တို့
မြန်မာ ပြည်သား ပီစေသော်။ ။
လေးစားသွာဖြင့်
မုဒိတာ
တို့တပ်မတော်
***
တပ်မတော် မှာ ၊ မည်သည့်ခါ မျှ
သစ္စာ မဖောက် ၊ မြေဆိုင် ကျောက်သို့
ဖြိုးမောက် အင်အား ၊ ပြည်သူများ တွက်
အားကိုး ရာသာ ဖြစ်ပါသည်။
နိုင်ငံ့ ခေါင်းဆောင် ၊ မြတ်ဦးသျှောင် တို့
ေေေေေေ ဆောင်ယောင် ပြောင်းလဲ ၊ ရောင်ဝါကွဲ လည်း
အမြဲ တည့်မတ် ၊ ခိုင်မာ ရပ်လျက်
မျိုးမြတ် သာကီ နွယ်ဖွား တည်း။
အမိ ပြည်သူ ၊ ဖ ပြည်သူ တည့်
ပြည်သူ ၏သား ၊ ပြည်ချစ်သား တို့
ပြည့်သား ရဲဘော် ၊ တပ်မတော် သည်
သေသော် လေငြား ၊ ငရဲ မလားဟု
ကြွားကြွား မြွက်မြွက် ၊ ဦးထိပ် ရွက်၍
သက်ပင် သေလည်း ၊ မကြောက်ဘဲ နှင့်
ရဲစိတ် ရဲမာန် ၊ လွန်ထက်သန် စွာ
ဘေးရန် ကင်းပ ၊ ကာကွယ် ကြ၏။
အမောင် တို့သား ၊ ရင်မှဖွား သည့်
ဖေ့သား ရဲဘော် ၊ မေ့သည်းကျော် ရေ.....
တွင်ခေါ် ရပ်တည် ၊ မြတ်ဇာနည် တည့်.....
စစ်ချီ ဝံ့ကြွား ၊ သတ္တိများ နှင့်
ပြည့်သား မောင်ကို ၊ သပြေညို ဖြင့်
ကမ်းကြို လက်ကမ်း ၊ အောင်စစ် ပန်းဖြင့်
ပြုံးပန်း ဝေဆာ ၊ သဲသည်းချာ တို့
မြန်မာ ပြည်သား ပီစေသော်။ ။
လေးစားသွာဖြင့်
မုဒိတာ
posted from Bloggeroid
Comments
Post a Comment