တရားနည်းလမ်း
” တရား နည်းလမ်း ”
နှံကောင် ဖားဟတ် ၊ ဖားထပ် မြွေမြို
မြွေကို စွန်ချီ ၊ စွန်ဆီ မြားသင့်
ဆင့်ကာ ဆင့်ကာ ၊ အစာရှာ သည်
ဤမှာ သတ္တ လောကတည်း။
နွားလား မြက်စား ၊ သစ်ကျား သားသတ်
လူ့ရပ် သိုက်တူး ၊ လူ့ဘီလူး သွင်
ရေကူး ငါးများ ၊ နိုင်ရာ စားသည်
ဤကား အတ္တ လောကတည်း။
အစွယ် ထက်အောက် ၊ သက်ရောက် မာန်ချီ
ရန်ဟီ ဟစ်ကြွေး ၊ တုန်ြ့ပန် ပေးလျက်
သက်ဘေး ကာကွယ် ၊ ရုန်းကြွ ဖယ်သည်
ဤဝယ် အနတ္တ လောကတည်း။
တရား နှင့်ယှဉ် ၊ လူရပ် ခွင်တွင်
ငြိုငြင် မုန်းတီး ၊ အပါယ် သီးကို
ခရီး တွင်တွင် ၊ နှစ်သက် လျှင်ဖြင့်
စားချင် ဇာတ်တူ ၊ ပျက်၏ ဟူတည့်။
မြတ်သည့် တရား ၊ မပယ်ရှား နှင့်
ဆင့်ပွား နာယူ ၊ စည်ကမ်း မူဖြင့်
ညီတူ တိုင်းကျိုး ၊ လွန်သယ်ပိုး သော်
တန်ဖိုး အနဂ္ဂ ထိုက်လိမ့်မည်တည်း။ ။
” သစ်ရိပ်ညို ”
နှံကောင် ဖားဟတ် ၊ ဖားထပ် မြွေမြို
မြွေကို စွန်ချီ ၊ စွန်ဆီ မြားသင့်
ဆင့်ကာ ဆင့်ကာ ၊ အစာရှာ သည်
ဤမှာ သတ္တ လောကတည်း။
နွားလား မြက်စား ၊ သစ်ကျား သားသတ်
လူ့ရပ် သိုက်တူး ၊ လူ့ဘီလူး သွင်
ရေကူး ငါးများ ၊ နိုင်ရာ စားသည်
ဤကား အတ္တ လောကတည်း။
အစွယ် ထက်အောက် ၊ သက်ရောက် မာန်ချီ
ရန်ဟီ ဟစ်ကြွေး ၊ တုန်ြ့ပန် ပေးလျက်
သက်ဘေး ကာကွယ် ၊ ရုန်းကြွ ဖယ်သည်
ဤဝယ် အနတ္တ လောကတည်း။
တရား နှင့်ယှဉ် ၊ လူရပ် ခွင်တွင်
ငြိုငြင် မုန်းတီး ၊ အပါယ် သီးကို
ခရီး တွင်တွင် ၊ နှစ်သက် လျှင်ဖြင့်
စားချင် ဇာတ်တူ ၊ ပျက်၏ ဟူတည့်။
မြတ်သည့် တရား ၊ မပယ်ရှား နှင့်
ဆင့်ပွား နာယူ ၊ စည်ကမ်း မူဖြင့်
ညီတူ တိုင်းကျိုး ၊ လွန်သယ်ပိုး သော်
တန်ဖိုး အနဂ္ဂ ထိုက်လိမ့်မည်တည်း။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment