နွေလက်ဆောင်

” နွေလက်ဆောင် ”

မေတ္တာ စိမ့်ဖြာ ၊ ပန်းမိုး ရွာသည့်
ရာသီ မိုးသောက် ၊ နွေနေ အောက်တွင်
ပိတောက် စခန်း ၊ ရွှေရောင် လွှမ်းလျက်
တင့်ဆန်း ဂိမှာန် ၊ ဆင်းရည် ကျံသည်
နွေပန် ပန်းတို့ မွှေးလှသည်။

ရွာ ပင်ညို တန်း ၊ တမာ လမ်းဝယ်
ပွင့်လန်း ဝေဆာ ၊ စကားဝါ ကား
နွေရွာ သွန်းဆက် ၊ ပန်းကျဲ မျက်ရည်
ဆင်းသက် ဝင်းဝါ ၊ ပန်း သစ္စာ ဖြင့်
ငိုရှာ ရင်ခင်း ရှိုက်သံမည်။

ဥဩ က ကြူ ၊ ချိုး က ကူ လျက်
တာစူ နှစ်ကူး ၊ ပိတောက် ဖူးနှင့်
ကြွေလူး သည်းဖြာ ၊ စကားဝါ သည်
ပါဝင် ရောယှက် ၊ နွေရင် ထက်တွင်
ရေပက် သင်္ကြန် ၊ ဆင်ချိန် တန်ပြီ
ဂိမှာန် နန်းတက် ပွဲကြီးစည်။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်