လောကီလူ့ရွာကောင်းမှုဖြာ

"လောကီ လူ့ရွာ ကောင်းမှုဖြာစေ"

ယုံကြည် ကံကျိုး စိတ် တည် ရိုး ဖြောင့်
စာရိတ္တ မှန် သီလ သန်သည့်
သုံးပါးဂုဏ်ထင် ရဟန်း ရှင်ထံ
ဆည်းကပ်ပါ၏။

ဖြည့်ကျင့် ငါးပါး စောင့်ထိန်းအားလျှင်
ကြောင်းကျိုးဆင်ခြင် ကောင်းဆိုးမြင်သိ
ခွဲခြား ကြည့်ကြ စိတ်ထားဖြူစင်
ဥာဏ်ဖြင့်ယှဉ်လော့။

စေတနာ သုံးတန် ရည်စိတ်သန်၍
သုံးပါး ရတနာ ဆရာသမား
ဘိုးဘွား မိဘ မျိုးမြတ်သဟာ
ပေးကမ်းရာ၏။

ယုတ်မြတ်မရွေး စွန့်ပေးဝေသည်
စုံ စေကောင်းမှု ပိုင်းခြားစုသား
အားပြု ရည်သန် စိတ်နေမှန်လေ
တောင်းဆုခြွေ၏။

ပရိယာယ် ကြွယ်ဝ ဇွဲရှိလှသည့ှ်
စာဂ မိတ်ကောင်း သဒ္ဒါ လောင်း၍
စုပေါင်းများမြောင် သုတဆောင်ရာ
ပညာရောင်လင်း မိတ်ပေါင်းသင်းနှင့်
ထိန်းပါ စာရိတ္တ ဂရုဏ တစ်ဖြာ
တွေးခေါ်မျှတ ကျင့်ကြံကြလော့။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး