ချစ်ဋီကာ

” ချစ်ဋီကာ ”

ယဉ်တစ်ကိုယ် ရှုစား
အလှအား ချောလွန်းသူ
လှထိပ်ခေါင် တမူ။

တစ်နေ့တွင် တွန့်ရေထူ
ငယ်မူပုံ ကွယ်ပျောက်။

လှချောသွင် အယဉ်သုဉ်းကာ
ကိုင်းချုံး တုတ်ထောက်။ ။

သို့တမူ သူ့အပါး
ခစားလို့ ချစ်ခင်။

မူဟန်ချို ပီတိဖုံး
ပြုံးစ ရှုယဉ်။

အလှဖုရား နတ်မိမယ်ထင်
မမြင်လျှင် မနေနိုင်သေး။

ပန်းတော်ဝင် ပန်းအခက်ကို
လှမ်းဆက် လို့ပေး။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်