ကောင်းဆိုးနှစ်တန်
" ကောင်းဆိုးနှစ်တန် "
ချီးမွမ်းလို့ ပြော ကဲ့ရဲ့ပြော
အစောတကယ် မပြုဖွယ်။
လောကသဘော လူ့မနော
ဘယ်သောခါမှ မမြဲလှ။
မကောင်းသောလျှင် ကောင်းသောလျှင်
ကျွမ်းဝင်ချိန်ခါ နှစ်မျိုးသာ။
မကောင်းပြုရာ ဆိုးစိတ်လာ
ကျိုးမှာအတ္တ လောင်မြိုက်ကြ။
ဒေါသလောဘ ထိုမောဟ
မီးစတောက်တော့ ကြောက်စရာ။
ကောင်းမှုပြုကြောင်း ကောင်းစိတ်လောင်း
ကြောင်းကျိုးသီတ မြတ်သုခ။
ဒါနကိုထပ် သီလကပ်
ကောင်းမြတ်ချိန်ခါ မင်္ဂလာ။
" သစ်ရိပ်ညို "
ချီးမွမ်းလို့ ပြော ကဲ့ရဲ့ပြော
အစောတကယ် မပြုဖွယ်။
လောကသဘော လူ့မနော
ဘယ်သောခါမှ မမြဲလှ။
မကောင်းသောလျှင် ကောင်းသောလျှင်
ကျွမ်းဝင်ချိန်ခါ နှစ်မျိုးသာ။
မကောင်းပြုရာ ဆိုးစိတ်လာ
ကျိုးမှာအတ္တ လောင်မြိုက်ကြ။
ဒေါသလောဘ ထိုမောဟ
မီးစတောက်တော့ ကြောက်စရာ။
ကောင်းမှုပြုကြောင်း ကောင်းစိတ်လောင်း
ကြောင်းကျိုးသီတ မြတ်သုခ။
ဒါနကိုထပ် သီလကပ်
ကောင်းမြတ်ချိန်ခါ မင်္ဂလာ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment