နွံနစ်ခြင်း

” နွံနစ်ခြင်း ”

လှုပ်မရ ပြုမရ
နစ်မြုပ်ကြ နွံတွင်း။
ကိုယ့်ဆန္ဒ ကိုယ့်သဘောနှင့်
နွံတော သို့ဆင်း။ ။

အစတော့ သာသာယာ
ရှေ့တိုး လို့လာ။
နွံအိုင်မှာ သစ်လွင်ထူး
ပျော်မြူး ဘိစွာ။
ဒူးခါးလယ် လည်ပင်းမှာ
နစ်မြုပ်လာ မှပဲ။
ထိတ်လန့်တုန် အသက်ဘေးတွက်
သွေးလန့် အော်မြဲ။ ။

… သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်