အသိနိုးကြား
” အသိ နိုးကြား ”
နွမ်းရိ ဖယ်ခွာ ၊ မပျင်း ပါနှင့်
ဥာဏ လေးတော့ ပွားစေချင်။
ဥစ္စာ ဆိုတာ ၊ ချိန်အခါ နှင့်
ရှာကြ ဖွေကြ ရသည်ပင်။
ရသည့် ဥစ္စာ ၊ မျိုးဆက် သာဖို့
ကာကြို အမွေ မှတ်သင့်ထင်။
ပစ္စည်း ဥစ္စာ ၊ ချိန်တန်လာ က
ချာလိမ် လှည့်ထွက် ပျက်လွင့်စင်။
အမွေ သားမြေး ၊ ဥာဏ်နောင်ရေး တည့်
တွေးဆ သိများ ရှိပါလျှင်။
နေ့စဉ် ဒူတ ၊ ဥဿဟ ဖြင့်
လုံ့လ ကိုစေ ၊ ဥာဏ်မြှင့် လေလော့။
ပွားဝေ မေတ္တာ ၊ မြတ် သဒ္ဓါ ဖြင့်
ဒါန အမှု ၊ ကောင်းစွာ ပြုလော့။
ပျက်လာ နိစ္စ ၊ မမြဲလှ မို့
ဒါန မပါ ၊ သီလ ချာ၍
ပညာ နတ္ထိ ၊ စုံကန်းဘိ သော်...
စိတ်ပန်း လူတေ ၊ ဘဝ သေသည်
ဌာနေ မြေသို့ အောင်းသောကြောင့်။ ။
” သစ်ရိပ်ညို ”
နွမ်းရိ ဖယ်ခွာ ၊ မပျင်း ပါနှင့်
ဥာဏ လေးတော့ ပွားစေချင်။
ဥစ္စာ ဆိုတာ ၊ ချိန်အခါ နှင့်
ရှာကြ ဖွေကြ ရသည်ပင်။
ရသည့် ဥစ္စာ ၊ မျိုးဆက် သာဖို့
ကာကြို အမွေ မှတ်သင့်ထင်။
ပစ္စည်း ဥစ္စာ ၊ ချိန်တန်လာ က
ချာလိမ် လှည့်ထွက် ပျက်လွင့်စင်။
အမွေ သားမြေး ၊ ဥာဏ်နောင်ရေး တည့်
တွေးဆ သိများ ရှိပါလျှင်။
နေ့စဉ် ဒူတ ၊ ဥဿဟ ဖြင့်
လုံ့လ ကိုစေ ၊ ဥာဏ်မြှင့် လေလော့။
ပွားဝေ မေတ္တာ ၊ မြတ် သဒ္ဓါ ဖြင့်
ဒါန အမှု ၊ ကောင်းစွာ ပြုလော့။
ပျက်လာ နိစ္စ ၊ မမြဲလှ မို့
ဒါန မပါ ၊ သီလ ချာ၍
ပညာ နတ္ထိ ၊ စုံကန်းဘိ သော်...
စိတ်ပန်း လူတေ ၊ ဘဝ သေသည်
ဌာနေ မြေသို့ အောင်းသောကြောင့်။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment