ရွက်ပြတ်တော
” ရွတ်ပြတ်တော ”
ကိုယ်တွင်းကပ်ပါး
သွေးတောင်းစားသည့်
ဆံကြားသန်းတွေ
ယားအောင်စေသည်
ရှုပ်ပွေ ခေါင်းကို ကုတ်ရသည်။
ရတနာတင်း
ရွှေလိုဝင်းသည့်
မင်းချင်းတောဝယ်
သူဖုန်းမယ်သည်
ယောင်လည်ခဏ ရောက်ခဲ့သည်။
မြေစခြေခံ
ရိုးဂုဏ်သန်လည်း
ဘုန်းကံဖိနှိပ်
လူရွာစိတ်ကြောင့်
တိုးတိတ်ရှောင်ခွာ ရတော့သည်။
ပင်ကိုင်းခြောက်စုံ
ကြွေရွက်ပုံသည့်
ရဂုံ မြိုင်တော
ရွက်ပြတ်တောတွင်
လွမ်းမော သွေ့သွေ့ တွေ့ရသည်။ ။
” သစ်ရိပ်ညို ”
ကိုယ်တွင်းကပ်ပါး
သွေးတောင်းစားသည့်
ဆံကြားသန်းတွေ
ယားအောင်စေသည်
ရှုပ်ပွေ ခေါင်းကို ကုတ်ရသည်။
ရတနာတင်း
ရွှေလိုဝင်းသည့်
မင်းချင်းတောဝယ်
သူဖုန်းမယ်သည်
ယောင်လည်ခဏ ရောက်ခဲ့သည်။
မြေစခြေခံ
ရိုးဂုဏ်သန်လည်း
ဘုန်းကံဖိနှိပ်
လူရွာစိတ်ကြောင့်
တိုးတိတ်ရှောင်ခွာ ရတော့သည်။
ပင်ကိုင်းခြောက်စုံ
ကြွေရွက်ပုံသည့်
ရဂုံ မြိုင်တော
ရွက်ပြတ်တောတွင်
လွမ်းမော သွေ့သွေ့ တွေ့ရသည်။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment