ဝမ်းကြောင်လျှင်

” ဝမ်းကြောင် လျှင် ”

တို့တိုင်းပြည် တို့လူမျိုး
တိုးတက် ဖို့ရာ။
ပိုင်နိုင်စွာ ပညာရေး
တွေးဆ မျှော်ရာ။
တတ်ပါပြီတဲ့ဗျာ
ဘာလုပ်ကြမှာလဲ။
ပညာဂုဏ် လူပုံရောင်း
ကောင်းမှ ဟုတ်ဘဲ။ ။

လယ်ယာမြေ ဒီအလုပ်
ကျွန်စုပ်တဲ့ သရက်စိနှယ်။
သစ်တောတွေ အကုန်ပြုန်း
တောင်ဂတုံး နှင့်ရယ်။
ဆရာဝန် တွေမယ်
တိုင်းခြားဝယ် ကုမည့်ဆေး။
အင်္ဂျင်နီယာ များမှာဖြင့်
လုပ်သား သို့လေး။ ။

ကြုံသည့်ဟာ ကြုံရာထမ်း
ဝမ်းရေး တွက်တာ။
ဈေးဆိုင်ငယ် ဈေးဆိုင်ခန်း
အိမ်တန်းစိ သာ။
ဆိုက္ကားနှင့် တက္ကစီမှာ
ကယ်ရီယာ သယ်ပို့။
တို့တိုင်းပြည် လျှောက်မည့်လမ်းရယ်
ဝမ်းရေး စို့စို့။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်