သားသုံးတန်

" သားသုံးတန် "

သားကြီးသားလတ် ၊ သားငယ်မှတ်သင့်
သင်အပ်လေ့လာ ၊ ဆည်းပူးပါလော့
ဘာသာတရား ၊ လိုက်နာငြားမူ
အမှားမစေ ၊ နေတတ်ပေမည်။

စာပေသင်ကျောင်း ၊ ပညာလောင်း၏။

ဤကျောင်းပညာ ၊ မြတ်ဆရာတို့
သင်စာညွှန်ပြ ၊ ဆိုဆုံးမ၏။

မိဘနှစ်ပါး ၊ ရင်ဝယ်သားကို
ဤကားအစာ ၊ ဤသည်မှာဆေး
ဤဟာဘေးဟု ၊ လူလေးနုနယ်
သိမှုကြွယ်အောင် ၊ သင်ပြဆောင်၏။

သုံးထွေသို့သား ၊ တူငြားမိဘ
မိဘထက်ကျော် ၊ မတော်နိမ့်ကျ....
များလှထွေထွေ ၊ ရှားပေမခြား
ရှားပါးပိုတော် ၊ သားလူကျော်တို့
ထွက်ပေါ်စေရန် ၊ ကြိုးစားမှန်မှ
သင်အံလေ့ကျက် ၊ မိဘထက်ပင်
လက်ဝါးဇောင်းထက် ၊ ဂုဏ်ရှိန်တက်မည့်
ပြည့်တွက်လူမော် ၊ ပေါ်စေလိုတည့်။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်

သံခိပ်