အသိတရား မြှင့်စေ
" အသိတရား မြှင့်စေ "
သတ္တကမ္မ သတိသံဝေဂ
မရကြသူ များလှသူငါ
ပူစရာတွေ ဆင့်ကာပွား
အပူမီးများ တောက်လောင်
မီးရှို့သူရှို့ အပစ်ဖို့သူဖို့
ကိလေသာ ဝဲဂယက်
ရုန်းမထွက်နိုင်အောင်။
အလင်းဆောင်လဲ အရောင်မထင်
မေတ္တာဆောင်လဲ အေးရိပ်မမြင်
တွေးစိတ်ဘဝင် ရင်ထဲ
မရွှင်အသည်း က
စိတ်စွဲ ၍ မခိုင့်တခိုင် ။
မြင်ချင်စမ်းပြီပ
ပြုံးပန်း အလှ ဝေဆင်
ရွှင်လန်း စရာ့ ဘဝအမြင်တွင်
လှစေချင် ကျွန့်အသည်း
ပြည်ထဲလဲ ညီစေခင်
ပြည်ပလည်း စီဝေကြင်
တစ်ဦးချင်း စိတ်ထားက
ပြုပြင်နိုင်လျှင်
ပြည်နိုင်ငံသာမည့်အရေး ကိုလ
တွေးရှုချင်သေး။
" သစ်ရိပ်ညို "
သတ္တကမ္မ သတိသံဝေဂ
မရကြသူ များလှသူငါ
ပူစရာတွေ ဆင့်ကာပွား
အပူမီးများ တောက်လောင်
မီးရှို့သူရှို့ အပစ်ဖို့သူဖို့
ကိလေသာ ဝဲဂယက်
ရုန်းမထွက်နိုင်အောင်။
အလင်းဆောင်လဲ အရောင်မထင်
မေတ္တာဆောင်လဲ အေးရိပ်မမြင်
တွေးစိတ်ဘဝင် ရင်ထဲ
မရွှင်အသည်း က
စိတ်စွဲ ၍ မခိုင့်တခိုင် ။
မြင်ချင်စမ်းပြီပ
ပြုံးပန်း အလှ ဝေဆင်
ရွှင်လန်း စရာ့ ဘဝအမြင်တွင်
လှစေချင် ကျွန့်အသည်း
ပြည်ထဲလဲ ညီစေခင်
ပြည်ပလည်း စီဝေကြင်
တစ်ဦးချင်း စိတ်ထားက
ပြုပြင်နိုင်လျှင်
ပြည်နိုင်ငံသာမည့်အရေး ကိုလ
တွေးရှုချင်သေး။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment