မေတ္တာရှေ့ထားစေရာ

” မေတ္တာ ရှေ့ထား စေရာ ”

မြေပြင်ကို အခြေပြု
နေမှုရယ်တဲ့ အထွေထွေ
အားပြု လျက်ပေ။

သက်ရှိနှင့် သက်မဲ့အခြေ
ဖြစ်တည်စေ စဉ်မြဲ။

သတ္တရုက္ခရယ်နှင့်
သက်မဲ့ပြ ဖြစ်စဉ်ကြောဝယ်
မျောလွင့် နေဆဲ။ ။

ကမ္ဘာမြေ တည်အမိ
မျိုးမိဘ ရေလေနေ။

ဖြစ်တည်ရာ သက်ရှိကြောင်း
ခိုအောင်းတဲ့ ရေလေ။

နေမင်းက အပူကိုစေ
အဟာရမြေ မှီခိုထား။

သက်ရှိမာန် ရွက်ကုန်လွှင့်တဲ့
ကျင့်ပျက် တရား။ ။

တောင်မြေလွှာ မထိခိုက်စေနှင့်
စောင့်ရှောက်သင့် ရေလေမှာ
များဝေနေရာ။

ပို့သကွဲ့ မျိုးမေတ္တာ
စေတနာ ရှေ့ကပြေး။

ကမ္ဘာမြေ ပျက်သုဉ်းလျှင်ဖြင့်
ခြေတည်ရာ ဘဝဆုံးပါလိမ့်
ရှုံးကွဲ့ နောင်ရေး။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်

သံခိပ်