ဆက်ကြောင်း

” ဆက်ကြောင်း ”

ချုပ်ရိုးငယ် ဆက်ကြောင်း
ပေါင်းချည်တုပ် ယူ။
ကြိုးချည်ငင် နှောင်ရန်အား
အပ်နဖား ထိုးကူ။
ရှေ့ကသွား အပ်ချွန်းဖြူ
ထိုးချုပ်ယူ အပ်ကြောင်း။
ခိုင်မခိုင် အပိုင်မသိတယ်
ချိနဲ့ ဆက်ကြောင်း။ ။

နောက်ကနေ အတည်ချုပ်
ရှေ့သုတ်သုတ် အပ်သွားမှာ
နဖား ချည်ခံကာ။
ရုန်းပါလေ့ အပ်သွားရာ
ကြိုးမှာစေ အပ်သွား။
သည်အပ်ကျိုးပါက
တစ်မျိုးကြံ တစ်ပြန်ကျိုးရယ်
ထိုးဖြုတ် နဖား။ ။

ဖျင်စရယ် ဂုံနီစ
စွပ်ကြယ်စ ပိတ်လျှင်။
ရောစပ်ကာ အပီချုပ်
အုပ်ရမယ့် အဆင်။
ကြိုးချည်ငင်
သေးမျှင်ငယ် တုတ်လတ်ရွေး။
ပင်းအပ်ငယ် ဂုံနီအပ်ထိ
သတ်မှတ် စို့လေး။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်