နန်းညွန့်နေခြည်

" နန်းညွှန့် နေခြည် "

နေလုံးရယ် ညိုမှောင်
တောင်စွယ်တွင် ဝင်ခိုပုန်းချိန်မို့
တိမ်တောက်တုန်း မှုန်းသချယ်ရာ
ဝင်းပပဖြာ ။

နီညိုသွေး ရမ်းညို့ဝါပြာ
ရောင်စဉ်ဖြာ ဝင်းတယ်လေး
လင်းရှင်စင်္ကြာ။

ဝင်းလုရွှင် ညဥ့်ယံဖြာ
ဆင်းသဉ္ဇာ ရောင်ခြည်လူး။

ညရေးည မှာဖြင့် လမင်းကသာ
စိန်ရောင်ဖြာ ပွင့်ဝါရွှင်သို့
ကြယ်စင်ကွန့်မြူး။ ။

နက္ခတ်သဘင် လွန့်လူးပါတဲ့
မှူးတာရာရှင်။

ထူးခြားသည့် စန်းလာဘ်ဂြိုဟ်ခွင်
ပွင့်လန်းရွှင် သင်းတယ်လေး
နှင်းဆက်ကံသွင်။

အာရုံဦး လင်းရောင်စဉ်ရယ်
အမှောင်နှင် ချက်ခြင်း။

စိတ်အမှောင် ကံယုံဖက်စရာက
အတိတ်တဘောင် စောင်ခြုံထွက်ရာသို့
ဖျက်သည့် အလင်း။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်