ပျိုးသောလက်

” ပျိုးသောလက် ”

ဒေါ်လာ စာရွက်ဟာဖြင့်
ရွှေခွက်နှင့် တန်းညီ။

ရေနံလို ဓာတုများ
ပတ္တမြား သို့နီ။

တို့များရဲ့ မြန်မာပြည်
တောကုန်ပြီ တောင်ပြိုလဲ။

နလံထူ ပြန်ယူခက်ဖွယ်
ပျိုးလက် ကနည်း။ ။

ခွင့်ရေးငယ် ပေါ်တစ်စ
အုံခဲကြ များသူငါ။

ရုန်းယောင်းညံ သံမစဲ
ပွဲသည့် သို့သာ။

အခေါက်ကိုခွာ
အကာကို ဖဲ့နင်း။

ရွှေနှစ်ရှာ ဗလာလျက်ကယ်
ဟုန်းတက် ဘိခြင်း။ ။

ဘယ်လိုပုံ ဘယ်အချိုး
တို့အမျိုး မြှင့်မယ်။

ငါးပွက်ရာ ငါးစာချ
အားရစဖွယ်။

သူရလို့ မလိုတယ်
ငါရကွယ် ငြိမ်သား။

ကျောမဝယ် လောဘမီးတို့
ကြီးမား လေအား။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်