သတိပဌာန် ဉာဏ်စဉ် သမာဓိ

"သတိပဌာန် ဥာဏ်စဉ် ၊သမာဓိ မပြတ်ရှိ"

သမာဓိ အစက် ၊တစ်ချက်မှတ်ထင်
ဥာဏ်ဖြင့်ယှဉ်လော့ ။
စိတ်ဝယ်စွဲမှတ် ၊ အသိချပ်ကာ
မြင် ကြား ထိ နာ ၊ပူ အေး ဆာ ယား
ခံစားအသိ ၊တဏှာသိယှဉ်
ချစ် မုန်း စေတနာ ၊ဝေဒနာ စွဲ
သတ်မှတ် တွဲ၍ ၊သိခြင်းမနော
နာမ်သဘောကို ၊တစ်ချက်သိမှတ်
အပ်သိ ပညာ ၊တည်ရာသမာဓိ
တစက်ရှိဟု ၊ဆက်ကာဆက်ကာ
ပွားများရာဝယ် ၊အစက်စက်များ
စဉ်ဆက်မပြတ် ၊ဖြစ်တည်အပ်မူ
တည်ကာသမာဓိ ၊ခိုင်ကြည်ဘိ၏ ။

သမာဓိရှိရန် ၊များစိတ်သန်သည်
ကျိုးပါ ဝီရိ ၊မပြတ်ရှိသို့
အသိစိတ်ယှဉ် ၊စက္ကန့်တွင်ပင်
မလစ်မလပ် ၊အထပ်ထပ်ဖြင့်
မှတ်ဖွယ်အသိ ၊နာမ်စိတ်ကြည့်ဖြင့်
သည်းခံပါရမီ ၊ဖေးကူ ညီသည်
များထွေသမာဓိ ၊တည်စေသော် ။

ကွန်ပျူတာ အား ၊ပမာခြားသော်
ရုပ် ဝတ္ထုပစ္စည်း ၊အားလုံးချည်းတည့်
အင်တာနက်လမ်း ၊သံ ဖမ်းရုပ်ရှင်
အသွင်သွင်သည် ၊ရုပ်သာမည်၏ ။

ထိုထိုအရာ ၊ပူ လောင် စပ် ခါး
အရာများကို ၊သိခြင်းသဘော
နာမ်ဟုပြော၏ ။

ရုပ် နာမ် နှစ်ပါး ၊လွန်ကွဲပြားဖို့
နာမ် သိုလ် တည်ရာ ၊သမာဓိလို၏ ။

သမာဓိအား ၊ဆ ဆက်ပွားလှ
မပြတ်ထိုထို ၊အသိကိုမူ
မြင်စိတ် သိစိတ် ၊မြင်သိစိတ်က
နာမ် ရုပ် ကွဲစေ ၊ခွဲခြားဖွေသား
မဂ်ဖိုဟ် လမ်းမှန် ၊လျောက်ဖန်မပြတ်
မလစ်လပ်က ၊နိဗ္ဗာန်ရွှေပြည်
မဝေးပြီမို့ ၊ကျင့်ကြံကျိုးကုတ်
အားထုတ်ခုံမင် ၊ဥာဏ်စဉ်ယှဉ်ကြ
ဆိုဆုံးမမှန် ၊နောက်လိုက်သန်သော်
ဧငြိမ်းနိဗ္ဗာန် ၊အရောက်မှန်မည်
များလူသာဓု ၊ခေါ်စေသော် ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး