ရွက်ပုန်းပန်း

” ရွက်ပုန်းပန်း ”

ပန်းမကြွေ ပိုးမကိုက်
ဖိုးထိုက်မယ့် မာလာ။
ရွက်ကြားလျှို ခိုကာပုန်း
ဆုံး တသက်တာ။
ပန်းမြတ် သူဇာ
လေသင့်ရာ မွှေး။
လိုက်လို့သာ ရှာမတွေ့တယ်
ဆွေးမြေ့ ဖွယ်လေး။ ။

စာကဗျာ သီကုံးပေါ့
ရှုမဆုံး သာယာ။
လွမ်းတေးကြူ ဖြူအသည်း
ချွဲနွဲ့ ကဗျာ။
ညွှန်းစာဖွဲ့ ကြည်နူးစွာ
ရွှင်မြူးလာ နုသွေး။
ပုံနားကွယ် စာစီသွန်း
ကွန်းခို လို့လေး။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်

သံခိပ်