ကသိုဏ်း၁၀ပါး(၂)

" ကသိုဏ်း ၁၀ ပါး " အပိုင်း၂

၃။ တေဇောကသိုဏ်း
၏အစွမ်းဖြင့် မိမိကိုယ်မှလည်းကောဂ်း တပါးသော
ဝတ္ထုမှ လည်းကောင်း အခိုးထွက်စေခြင်း မီးလျှံ ထ
စေထွက်စေခြင်း မီးကျီးမိုးရွာစေခြင်း မိမိ တန်ခိုးမီး
ဖြင့် သူတပါး တန်ခိုးမီးကို ကုန်စေနိုင်ခြင်း လောင်
စေ လိုသော ဝတ္ထုကို လောင်စေန်ုင်ခြင်း ဒိဗ္ဗစက္ခု
ရှုရာ အလင်းကိုပြုခြင်း ပရိနိဗ္ဗာန် စံသောအခါ မိမိ
ကိုယ်ကို တေဇောဓာတ် လောင်စေခြင်း စသည်တို့
သည် ဖြစ်ကုန် ပြီးစီး ကုန်၏။

၎။ ဝါယောကသိုဏ်း
၏အစွမ်းဖြင့် လေကဲ့သို့ လွင့်ပြေးစေခြင်း လေး
သော ဝတ္ထုကို ပေါ့စေခြင်း လေမုန်တိုင်းထစေခြင်း
စသည်တို့သည် ဖြစ်ကုန်ပြီးစီးကုန်၏။

၅။ နီလ ကသိုဏ်း
၏အစွမ်းဖြင့် ညိုသော အဆင်းဝတ္ထု ဖန်ဆင်းခြင်း
ပတ္တမြား ညို ဖန်ဆင်းခြင်း မှောင်ချခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၆။ ပီတ ကသိုဏ်း
၏အစွမ်းဖြင့် ဝါရွှေသော အဆင်းဝတ္ထု ဖန်ဆင်းခြင်း
ရွှေဖန်ဆင်းခြင်း စသည်တို့သည် ဖြစ်ကုန် ပြီးစီးကုန်၏။

၇။ လောဟိတ ကသိုဏ်း
၏အစွမ်းဖြင့် နီသော အဆင်းဝတ္ထု ဖန်ဆင်းခြင်း
ပတ္တမြား နီဖန်းဆင်းခြင်း စသည်တို့သည် ဖြစ်ကုန်
ပြီးစီးကုန်၏။

၈။ ဩဒါသ ကသိုဏ်း
၏အစွမ်းဖြင့် ဖြူသော အဆင်းဝတ္ထု ဖန်ဆင်းခြင်း
ငွေ ဖန်ဆင်းခြင်း အမိုက်မှောင်ကို ပယ်ဖျောက်ခြင်း
ဒိဗ္ဗစက္ခုရှုရာ ၌ အလင်းကိုပြုခြင်း စသည်တို့သည်
ဖြစ်ကုန် ပြီးစီးကုန်၏။

ဆက်လက်တင်ပြပါမည်။

" သစ်ရိပ်ညို "

posted from Bloggeroid

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး