တည်ကြည်မှု

” တည်ကြည်မှု ”

လိမ်ညာ တတ်လျှင် ၊ လူလိမ် ထင်၍
လူရှင် မလေး ဖြစ်တတ်သည်။

ကိုယ့်ပေါင် ကိုယ်လှန် ၊ ပြန်ထောင်း ပြန်က
လူကျန် မလေး ဖြစ်တတ်သည်။

ကိုယ့်ဂုဏ် ကိုယ်ဖေါ် ၊ မသူတော် မို့
မခေါ်မမေး ဖြစ်တတ်သည်။

ကိုယ်အင် ကိုယ့်အား ၊ မသိငြား က
နောက်သား မလေး ဖြစ်တတ်သည်။

ကိုယ်ဖြစ် ချင်ရာ ၊ ဇွတ်လုပ် ပါလျှင်
နောင်ခါ မအေး ဖြစ်တတ်သည်။

နှုတ်ထွက် မစော ၊ ချင့်ချိန် ပြောသင့်
ဟောဟော ဒိုင်းဒိုင်း ၊ အဆင် ရိုင်း၏
ညှိနှိုင်း တိုင်ပင် ၊ စိတ်ကြည်လင် စွာ
လိုအင် မကျ ၊ သည်းခံ စွတည့်
ဂန သေချာ ၊ ပီပြင် ပါမှ
ပညာ ပြည့်ဝ ၊ ပုရိသ ဟု
များလှ လူထွေ ၊ ချီးမွမ်း ပေမည်
ချစ်ဆွေ စိတ်ထား တည်သောကြောင့်။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်