စာအကြောင်းပေအကြောင်း
"စာအကြောင်း ပေအကြောင်း"
စာရေးခြင်း ကဗျာရေးခြင်း
သိမြင်အလင်း ပေးမျှခြင်း။
စာဖတ်သူတို့ အကြိုက်ဆောင်
စာရေးသူရဲ့ မူနဲ့ဘောင်
တောင်တောင်အီအီ ပေါ့ပေါ့ရေး
စာရဲ့ရသ လွန်သေးကွေး။
အဆိပ်ပြင်းတဲ့ အသီးငယ်
ချိုမြလွန်းလှတယ်
စားလိုက်ရင်ကွယ် ခါးမှခါး
ဆေးဖက် ဝင်တတ်သား။
ပမာပုံကို ကြည့်ရင်ကွယ်
ပေါ့တီးပေါ့ရွှတ် ရေးနဲ့ဟယ်
မှတ်ဖွယ်မှတ်ရာ အသိများ
ပေးဝေကြစေသား။
စာတိုပေစ ရေးတဲ့ခါ
စာဖတ်သူရဲ့ စိတ်ထဲမှာ
အသိတခု ကပ်လို့သွား
စာပေပညာ အကျိုးများ။
လူထင်ကြီးအောင် ရေးမိယင်ကွယ်
အမှား ပါတတ်တယ်
ဆင်ဆင်ခြင်ခြင် တွေးလို့ရေး
ကောင်းမှုအစဉ် ပြုစုပေး။
မမေ့အပ်ရာ အသိဖလှယ်
နတ်လူသာဓု ခေါ်လိမ့်မယ်
သဒ္ဒါ မေတ္တာ ဂရုဏာပွား
လူလိမ္မာ ရဲ့ကျင့်ထုံးများ။
အမှန်တရားကို ဆန့်ကျင်ဖယ်
ကွက်ကွက်ကလေး ရေးလို့ချယ်
မသိတဲ့သူ မိုက်လို့သွား
စာအလင်္ကာ ရဲ့ဆိုးကြိုးများ။
မှတ်တမ်းတင်မယ့် စာပေရယ်
ပိုင်ပိုင်နိုင်နိုင် တွေးဆကွယ်
အမှားကင်းအောင် ကြိမ်ကြိမ်တွေး
စာပေနွမ်းလျှ လွန်ကင်းဝေး။
သုတ ရသ ရေးတဲ့စာ
ပိုင်းခြားထင်ထင် ပြုရမှာ
စာပေအရသာ မွန်းဆင် မြန်း
သုတ မာန်တိုင် မှေးမှိန်နွမ်း။
ခေတ်ရဲ့အကြိုက် ရေးသချယ်
ထိုးနှက်တိုက်ခိုက် ရေးလို့ရယ်
ကိုယ့်စာဖတ်သူ အကုန်လုံး
စိတ်ဓာတ်ကြမ်းကာ လွန်ဆုံးရှုံး။
ပြုပြင်တွေးကာ ရေးကြပါ
စာရေးသူတို့ စိတ်ထဲမှာ
ကိုယ့်ပြည်သူကို မြှင့်တင်တွေး
ထောက်ပြအရေး စေ့စေ့ပေး။
သုတစာပေ ရေးကြမယ်
ကြားမြင်သုတ ရှိစေကွယ်
ခလောက်မြှောက်ပင့် ရေးတဲ့ထုံး
အဆုံးသတ်မှ ယူမသုံး။
တို့တိုင်းပြည်ရဲ့ အနာဂတ်မယ်
စာပေတပေါင် ထွန်းတောက်ကြွယ်
ပေးသူဖတ်သူ အကုန်လုံး
စာပေလောက တပြုံးပြုံး။
တပြုံးပြုံး တအုံးအုံး။.... ။
" သစ်ရိပ်ညို"
စာရေးခြင်း ကဗျာရေးခြင်း
သိမြင်အလင်း ပေးမျှခြင်း။
စာဖတ်သူတို့ အကြိုက်ဆောင်
စာရေးသူရဲ့ မူနဲ့ဘောင်
တောင်တောင်အီအီ ပေါ့ပေါ့ရေး
စာရဲ့ရသ လွန်သေးကွေး။
အဆိပ်ပြင်းတဲ့ အသီးငယ်
ချိုမြလွန်းလှတယ်
စားလိုက်ရင်ကွယ် ခါးမှခါး
ဆေးဖက် ဝင်တတ်သား။
ပမာပုံကို ကြည့်ရင်ကွယ်
ပေါ့တီးပေါ့ရွှတ် ရေးနဲ့ဟယ်
မှတ်ဖွယ်မှတ်ရာ အသိများ
ပေးဝေကြစေသား။
စာတိုပေစ ရေးတဲ့ခါ
စာဖတ်သူရဲ့ စိတ်ထဲမှာ
အသိတခု ကပ်လို့သွား
စာပေပညာ အကျိုးများ။
လူထင်ကြီးအောင် ရေးမိယင်ကွယ်
အမှား ပါတတ်တယ်
ဆင်ဆင်ခြင်ခြင် တွေးလို့ရေး
ကောင်းမှုအစဉ် ပြုစုပေး။
မမေ့အပ်ရာ အသိဖလှယ်
နတ်လူသာဓု ခေါ်လိမ့်မယ်
သဒ္ဒါ မေတ္တာ ဂရုဏာပွား
လူလိမ္မာ ရဲ့ကျင့်ထုံးများ။
အမှန်တရားကို ဆန့်ကျင်ဖယ်
ကွက်ကွက်ကလေး ရေးလို့ချယ်
မသိတဲ့သူ မိုက်လို့သွား
စာအလင်္ကာ ရဲ့ဆိုးကြိုးများ။
မှတ်တမ်းတင်မယ့် စာပေရယ်
ပိုင်ပိုင်နိုင်နိုင် တွေးဆကွယ်
အမှားကင်းအောင် ကြိမ်ကြိမ်တွေး
စာပေနွမ်းလျှ လွန်ကင်းဝေး။
သုတ ရသ ရေးတဲ့စာ
ပိုင်းခြားထင်ထင် ပြုရမှာ
စာပေအရသာ မွန်းဆင် မြန်း
သုတ မာန်တိုင် မှေးမှိန်နွမ်း။
ခေတ်ရဲ့အကြိုက် ရေးသချယ်
ထိုးနှက်တိုက်ခိုက် ရေးလို့ရယ်
ကိုယ့်စာဖတ်သူ အကုန်လုံး
စိတ်ဓာတ်ကြမ်းကာ လွန်ဆုံးရှုံး။
ပြုပြင်တွေးကာ ရေးကြပါ
စာရေးသူတို့ စိတ်ထဲမှာ
ကိုယ့်ပြည်သူကို မြှင့်တင်တွေး
ထောက်ပြအရေး စေ့စေ့ပေး။
သုတစာပေ ရေးကြမယ်
ကြားမြင်သုတ ရှိစေကွယ်
ခလောက်မြှောက်ပင့် ရေးတဲ့ထုံး
အဆုံးသတ်မှ ယူမသုံး။
တို့တိုင်းပြည်ရဲ့ အနာဂတ်မယ်
စာပေတပေါင် ထွန်းတောက်ကြွယ်
ပေးသူဖတ်သူ အကုန်လုံး
စာပေလောက တပြုံးပြုံး။
တပြုံးပြုံး တအုံးအုံး။.... ။
" သစ်ရိပ်ညို"
posted from Bloggeroid
Comments
Post a Comment