နတ်ကောင်းနတ်မြတ်

” နတ်ကောင်းနတ်မြတ် ”

နတ်မြတ်ရှင် ထိုကောင်းမှု
သာဓု ခေါ်လာ။

နတ်သဘင် ဆင်ရင်ကြ
နှလုံး လှစွာ။

သူတော်ကောင်း တစ်ယောက်မှာ
ပေါင်းဆုံလာ နတ်မြတ်ပေါင်း။

ကောင်းမှုချီ တည်ရန်ထိုက်လို့
ဆိုးမိုက် ရန်ရှောင်း။ ။

ကောင်းမှုကို အတည်ပြု
ပေါင်းစုလို့ လာကြရှာ။

စုရုံးလာ သူတော်ကောင်းတို့
နတ်အပေါင်း သည်သာ။

သူ့အတွက် ကိုယ်နတ်ပါ
ကိုယ့်တွက်တာ သူနတ်သား။

ကောင်းမှုကို အခြေပြုလို့
တောင်းဆု တည်ထား။ ။

ကောင်းမှုဆုံ စုကာဝေးတော့
ဆိုးသည့်ဘေး ဖယ်ခွာ။

ဆိုးမည့်သူ လူပုံကြား
မခြားနား ကောင်းမှုပါ။

စိတ်ထားလည်း ကြည်လင်လာ
မြတ်သဒ္ဓါ ပြည့်လွှမ်း။

မင်္ဂလာ ချိန်ခါညောင်းတယ်
ကောင်း လူဘုံခန်း။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်