ကြိုးစားစို့မြန်ပြည်

” ကြိုးစားစို့ မြန်ပြည် ”

လေရူးငယ် စိတ်ဘွေ
နွေဦး ချိန်ခါပေမို့
လွမ်းဗျာဝေ အုံဆိုင်း
မှိုင်းမှိုင်း ထွေထွေ။

တနှစ်စာ ချိန်ခါပမ်းပြီကွဲ့
မျှော်မှန်းရည် ဒီသင်္ကြန်မှာဖြင့်
ရွှင်စိတ်သန် အတာကူးပေလို့
နှစ်ဦး သို့စေ။

နိုးထလော့ မြန်မာပြည်
မျိုးဂုဏ်ရည် မင်္ဂလာအပေါင်းနှင့်
နွှဲဆင်လောင်း အတာနွေ
သင်္ကြန်ရေ ပက်ဖြန်း။

အလုပ်တွင် ခုံမင်
မြတ်နိုးကြင် ချစ်ကြည်ရေး
သစ်ညီသွေး ဂုဏ်အင်္ဂါဖြင့်
စုံညီစွာ မြန်မာမျိုးဆွေရယ်တို့
တိုးတက် ပွင့်လန်း။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်