တကယ်ခက် ပယ်ဖျက်ဖို့စိတ်လွယ်
" တကယ်ခက် ပယ်ဖျက်ဖို့ စိတ်လွယ် "
တစ်ခုနဲ့ တစ်ခုမှာ
မျိုးတူရာ စုပါတဲ့ လက္ခဏာ။
လူတွင်မူ စရိုက်တူ လျောင်းသက်
ပေါင်းဆက်ကြ ခါခါ။
မတူလို့ ကွဲပြားလာ
လမ်းခွဲကာ ရှောင်လွှဲ။
ကောင်းမှုကံ ကောင်းရာပျိုးပါမှ
ကောင်းကျိုးများ ပွားများစေကာ
ရေရှည်ခိုင်မြဲ။ ။
စရိုက်မူ ကွဲ
သိုက်ခွဲလို့ ထွက်သူ။
ကောင်းတာကို သူမထောက်
စိတ်နောက်လိုက်မူ။
အိပ်ပေါက်နဲ့ ဖားကောက်ယူ
ဤသည့်လူ အကျိုးနည်း။
ချော့မြှူဟောက် ခြောက်တမျိုးဖြင့်
ကြောင်းကျိုးဆင် ပြုပြင်မှန်မှ
လူ့တန်ဘိုးမြဲ။ ။
" သစ်ရိပ်ညို "
တစ်ခုနဲ့ တစ်ခုမှာ
မျိုးတူရာ စုပါတဲ့ လက္ခဏာ။
လူတွင်မူ စရိုက်တူ လျောင်းသက်
ပေါင်းဆက်ကြ ခါခါ။
မတူလို့ ကွဲပြားလာ
လမ်းခွဲကာ ရှောင်လွှဲ။
ကောင်းမှုကံ ကောင်းရာပျိုးပါမှ
ကောင်းကျိုးများ ပွားများစေကာ
ရေရှည်ခိုင်မြဲ။ ။
စရိုက်မူ ကွဲ
သိုက်ခွဲလို့ ထွက်သူ။
ကောင်းတာကို သူမထောက်
စိတ်နောက်လိုက်မူ။
အိပ်ပေါက်နဲ့ ဖားကောက်ယူ
ဤသည့်လူ အကျိုးနည်း။
ချော့မြှူဟောက် ခြောက်တမျိုးဖြင့်
ကြောင်းကျိုးဆင် ပြုပြင်မှန်မှ
လူ့တန်ဘိုးမြဲ။ ။
" သစ်ရိပ်ညို "
posted from Bloggeroid
Comments
Post a Comment