ရိုးရာဓလေ့ မူဟန်
” ရိုးရာဓလေ့ မူဟန် ”
ခေါင်းစည်းငယ် ပုဝါချ
အမြိတ်စ ဘယ်မှာ။
ဆွဲရစ်ချီ လက်ကျာရစ်
ကျစ်လစ်သေချာ။
ယောက်ျားကွဲ့ ရှေးမြန်မာ
တို့ရိုးရာ ဓလေ့ထုံး။
စံနမူ လူယဉ်ကျေးတို့
ရှေးက လက်သုံး။ ။
ပိတုန်းရောင် ကေသာကျော့
ဖော့ဖယောင်း သို့လေ။
မိန်းမသား ဆံနွယ်များ
ရှည်လျား လှပေ။
ဘီးစပတ် ဘယ်ရစ်ခွေ
ထိန်းသိမ်းစေ မြန်မာမှု။
မျိုးမြန်မာ သာကီသွေးတို့
ငေးရ လုလု။ ။
ယောက်ျားဆို ယာမှာသိမ်း
မိန်းမက ဘယ်မှာ။
ရင်ဖုံး အင်္ကျီ ဝတ်အပ်
သတ်မှတ် ခဲ့တာ။
ပုဆိုးလည်း ညာရစ်ကာ
အမြိတ်မှာ ရှေ့ချထား။
ထဘီများ ဆိုရင်ဖြင့်
အထက်သား တစ်လွှာဆင့်
ညာပင့်ကာ ဘယ်မှာသိမ်းတယ်
မိန်းမ ဝတ်စား။ ။
” သစ်ရိပ်ညို ”
ခေါင်းစည်းငယ် ပုဝါချ
အမြိတ်စ ဘယ်မှာ။
ဆွဲရစ်ချီ လက်ကျာရစ်
ကျစ်လစ်သေချာ။
ယောက်ျားကွဲ့ ရှေးမြန်မာ
တို့ရိုးရာ ဓလေ့ထုံး။
စံနမူ လူယဉ်ကျေးတို့
ရှေးက လက်သုံး။ ။
ပိတုန်းရောင် ကေသာကျော့
ဖော့ဖယောင်း သို့လေ။
မိန်းမသား ဆံနွယ်များ
ရှည်လျား လှပေ။
ဘီးစပတ် ဘယ်ရစ်ခွေ
ထိန်းသိမ်းစေ မြန်မာမှု။
မျိုးမြန်မာ သာကီသွေးတို့
ငေးရ လုလု။ ။
ယောက်ျားဆို ယာမှာသိမ်း
မိန်းမက ဘယ်မှာ။
ရင်ဖုံး အင်္ကျီ ဝတ်အပ်
သတ်မှတ် ခဲ့တာ။
ပုဆိုးလည်း ညာရစ်ကာ
အမြိတ်မှာ ရှေ့ချထား။
ထဘီများ ဆိုရင်ဖြင့်
အထက်သား တစ်လွှာဆင့်
ညာပင့်ကာ ဘယ်မှာသိမ်းတယ်
မိန်းမ ဝတ်စား။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment