စကားစပ်၍
” စကား စပ်၍ ”
မနှစ်မြို့သူ ၊ နှစ်မြို့သူ
မတူကွဲပြား ၊ ရှိရကား
စကားပြောရာ ၊ သတိ ပါ။
စာနာသက်ဝင် ၊ မေတ္တာယှဉ်
ဆင်ယင်ထုံးဖွဲ့ ၊ ပြောပါရဲ့
တုံ့လှဲ့ကြည်ဖြူ ၊ မကြည်ဖြူ။
ကြည်ဖြူရှိက ၊ စကားလှ
မလှသည့်သူ ၊ မကြည်ဖြူ
ညီတူမကျ ၊ ကျိုးမမျှ။
နှုတ်ဟသတိ ၊ မပြတ်ရှိ
ထိမိသေချာ ၊ စေ့စပ်စွာ
ပြောပါမေတ္တာ ၊ စေတနာ။
နေရာတကျ ၊ နှုတ်တစ်စ
လှပကြည်သာ ၊ ခွန်းဆက်ကာ
ကြင်နာပြောအပ် ၊ စကား စပ်။ ။
” သစ်ရိပ်ညို ”
မနှစ်မြို့သူ ၊ နှစ်မြို့သူ
မတူကွဲပြား ၊ ရှိရကား
စကားပြောရာ ၊ သတိ ပါ။
စာနာသက်ဝင် ၊ မေတ္တာယှဉ်
ဆင်ယင်ထုံးဖွဲ့ ၊ ပြောပါရဲ့
တုံ့လှဲ့ကြည်ဖြူ ၊ မကြည်ဖြူ။
ကြည်ဖြူရှိက ၊ စကားလှ
မလှသည့်သူ ၊ မကြည်ဖြူ
ညီတူမကျ ၊ ကျိုးမမျှ။
နှုတ်ဟသတိ ၊ မပြတ်ရှိ
ထိမိသေချာ ၊ စေ့စပ်စွာ
ပြောပါမေတ္တာ ၊ စေတနာ။
နေရာတကျ ၊ နှုတ်တစ်စ
လှပကြည်သာ ၊ ခွန်းဆက်ကာ
ကြင်နာပြောအပ် ၊ စကား စပ်။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment