အချိန်
” အချိန် ”
အိပ်နေပါ၏ ၊ အိပ်ပါဘိလည်း
အိပ်မိလျက်သာ ၊ အချိန်မှာကား
နားတာမရှိချေ။
ထိုင်နေသော်လည်း ၊ ထိုင်နေဆဲတွင်
ထိုင်မြဲထိုင်လျက် ၊ အချိန်စက်သည်
ဆက်ဆက်မနားပေ။
သွား၍နေစဉ် ၊ သွားခိုက်တွင်လျှင်
သွားပင်သွားလာ ၊ အချိန်မှာဖြင့်
ခါခါသွားလို့နေ။
လမ်းနဲ့လူသား ၊ ဘဝများစွာ
လုပ်အားပြည့်ချိန် ၊ ရှိနေချိန်၌
ရှင်ချိန်လေးတွင်း ၊ ဒါနရင်း၍
ဖြေရှင်းမျှတ ၊ မြတ်သီလနှင့်
ရှုကြတရား ၊ မပြတ်ပွားလျက်
မှောက်မှားမရှိ ၊ ပကတိပင်
စိတ်၏ခန္ဓာ ၊ သက်ရှည်ရာတည့်။ ။
” သစ်ရိပ်ညို ”
အိပ်နေပါ၏ ၊ အိပ်ပါဘိလည်း
အိပ်မိလျက်သာ ၊ အချိန်မှာကား
နားတာမရှိချေ။
ထိုင်နေသော်လည်း ၊ ထိုင်နေဆဲတွင်
ထိုင်မြဲထိုင်လျက် ၊ အချိန်စက်သည်
ဆက်ဆက်မနားပေ။
သွား၍နေစဉ် ၊ သွားခိုက်တွင်လျှင်
သွားပင်သွားလာ ၊ အချိန်မှာဖြင့်
ခါခါသွားလို့နေ။
လမ်းနဲ့လူသား ၊ ဘဝများစွာ
လုပ်အားပြည့်ချိန် ၊ ရှိနေချိန်၌
ရှင်ချိန်လေးတွင်း ၊ ဒါနရင်း၍
ဖြေရှင်းမျှတ ၊ မြတ်သီလနှင့်
ရှုကြတရား ၊ မပြတ်ပွားလျက်
မှောက်မှားမရှိ ၊ ပကတိပင်
စိတ်၏ခန္ဓာ ၊ သက်ရှည်ရာတည့်။ ။
” သစ်ရိပ်ညို ”
posted from Bloggeroid
Comments
Post a Comment