ထက်မြက်သောမိန်းမ

” ထက်မြက်သော မိန်းမ ”

”မ”ဆိုသည် တစ်ပြန်ထူး
ရှေ့ကျူးသည့် မိန်းမမှာ
မိန်းမ ပဲဗျာ။
ပြောရတော့ အမှားပါ
စိတ်ဆိုးရှာ ပါနဲ့လား။
မိန်းမတွေ ထက်လွန်လွန်းက
တွန်းဒုက္ခ များ။ ။

လင်သားကို ချိုးနှိမ်ကွပ်
ထပ်မှာလွတ် မှားတတ်စွာ။
နောင်ကွယ်မှာ လင့်စိတ်ထား
မှားတတ် ပေတာ။
သူမှားလို့ ကိုယ်မှားရာ
ဒုက္ခရှာ မိသားစု။
ကိုယ်ပြုကံ ကိုယ်ခံရတယ်
ဒုက္ခ အမှု။ ။

ရွှေစိတ်တော် ချို့ကာထား
ထိန်းသိမ်းအား တတ်စေ။
အကြင်နာ မျှဝေပေး
နောင်ရှေ့ရေး ကောင်းပေ။
မိသားစု ခိုင်မာလေ
မျိုးဆက်မွေ မြင့်မား။
တည်တည်ငြိမ် ဘယ်မယိမ်း
ရှောင်တိမ်း တတ်ငြား။ ။

ယောက်ျားပေါ် မကျော်လွှားနဲ့
နောက်ပါးက မခွာ။
နောက်ကနေ တည့်မတ်ပေး
နောင်ရေးလှ မှာ။
မိသားစု ဘဝဟာ
တည်ငြိမ်တာ အကောင်းဆုံး။
စိတ်နေရာ ရှေ့လွန်တိုးလျှင်
ကျိုးမဲ့ သက်လုံး။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်