Posts

Showing posts from March, 2017

တို့တပ်မတော်

Image
၇၂ ကြိမ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုကဗျာ တို့တပ်မတော် *** တပ်မတော် မှာ ၊ မည်သည့်ခါ မျှ သစ္စာ မဖောက် ၊ မြေဆိုင် ကျောက်သို့ ဖြိုးမောက် အင်အား ၊ ပြည်သူများ တွက် အားကိုး ရာသာ ဖြစ်ပါသည်။ နိုင်ငံ့ ခေါင်းဆောင် ၊ မြတ်ဦးသျှောင် တို့ေေေေေေ ဆောင်ယောင် ပြောင်းလဲ ၊ ရောင်ဝါကွဲ လည်း အမြဲ တည့်မတ် ၊ ခိုင်မာ ရပ်လျက် မျိုးမြတ် သာကီ နွယ်ဖွား တည်း။ အမိ ပြည်သူ ၊ ဖ ပြည်သူ တည့် ပြည်သူ ၏သား ၊ ပြည်ချစ်သား တို့ ပြည့်သား ရဲဘော် ၊ တပ်မတော် သည် သေသော် လေငြား ၊ ငရဲ မလားဟု ကြွားကြွား မြွက်မြွက် ၊ ဦးထိပ် ရွက်၍ သက်ပင် သေလည်း ၊ မကြောက်ဘဲ နှင့် ရဲစိတ် ရဲမာန် ၊ လွန်ထက်သန် စွာ ဘေးရန် ကင်းပ ၊ ကာကွယ် ကြ၏။ အမောင် တို့သား ၊ ရင်မှဖွား သည့် ဖေ့သား ရဲဘော် ၊ မေ့သည်းကျော် ရေ..... တွင်ခေါ် ရပ်တည် ၊ မြတ်ဇာနည် တည့်..... စစ်ချီ ဝံ့ကြွား ၊ သတ္တိများ နှင့် ပြည့်သား မောင်ကို ၊ သပြေညို ဖြင့် ကမ်းကြို လက်ကမ်း ၊ အောင်စစ် ပန်းဖြင့် ပြုံးပန်း ဝေဆာ ၊ သဲသည်းချာ တို့ မြန်မာ ပြည်သား ပီစေသော်။ ။ လေးစားသွာဖြင့် မုဒိတာ posted from Bloggeroid

တရားလက်ကိုင်

Image
” တရားလက်ကိုင် ” လူ လူ လူ ခေါ်နေကြသော်လည်း ပြောရတော့ နှစ်မျိုးသာ ပစ္စုပ္ပန် မှာ။ ကောင်းသူနှင့် ဆိုးသူတာ သေချာစွာ ရှိမြဲ။ တွေ့ထိနေ အချိန်များမှာ တရားရှိသူ လူအများရယ်နှင့် တရားမရှိသူ လူအများရယ်လို့ ငါ သူတပါး ယောက်ျား မိန်းမတွင်မှ ခွဲခြားမြင် ထိုးနှစ်ပါးဖြင့်ကွယ် ထား သိမှု ကွဲ။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

အစီအမံကျနပါစေ

Image
” အစီအမံ ကျနပါစေ ” တို့အောက်ခြေ ကုန်ဈေးနှုန်း ဆုံးဆမဲ့ ကြီးနေ။ လူချမ်းသာ အလတ်တန်း ခွန်ဝန်ထမ်းလခ ဝေ။ ထိပ်တန်းက ရှိသူတွေ ပြိုင်ခက်နေ ကုန်သွယ်ရေး။ တိုးတက်နေ အိမ်သာအောက်က လောက် ကဲ့သို့ လေး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ကြက်ဥ

Image
” ကြက်ဥ ” တစ်နေ့ တစ်လုံး ဝပ်လို့ဥ ကြက်မကြီး ရဲ့ဥ။ ကြက်ဥ တစ်လုံး ဥပြီးသော် ကြက်မကြီး ကအော်။ ကတော် ကတော် အော်သံကြား ကြက်ဥ ဥပြီးသွား။ ” သစ်ရိပ်ညို ” posted from Bloggeroid

အိုက်ကာရန်

Image
” အိုက်ကာရန် ” မိုက်ခနဲ ရယ်နှင့် ငိုက်ခနဲ အိပ်သော် ရှိုက်ခနဲ ပျော်။ စိုက်ခနဲ ရှေ့သို့နော် ဝိုက်ခနဲသော် ဝဲလည်ထိုး။ ခေါင်းမတိုက်ခင်မှာဖြင့် ရိုက်မိသွင် ကိုက်သည့်ခေါင်းရယ် သည်းလှိုက် လန့်နိုး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ပေးဆပ်ခြင်း

Image
” ပေးဆပ်ခြင်း ” တစ်သက်မှာ တစ်ခါချစ် နှစ်သက် စွာပင်။ ချစ်ပြီးရင် အသေသတ် ကျေနပ် မွှန်းတင်။ ပေးဆပ်ဖို့ ဆင်သင့်ပြင် ဘုရင်မ အနား။ လုပ်သားမောင် အောင်စစ်သည် ပန်းဝတ်ရည် စားတော်ဦး ဆက်ဖူး သည့် ပျား။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

မေတ္တာရှေ့ထားစေရာ

Image
” မေတ္တာ ရှေ့ထား စေရာ ” မြေပြင်ကို အခြေပြု နေမှုရယ်တဲ့ အထွေထွေ အားပြု လျက်ပေ။ သက်ရှိနှင့် သက်မဲ့အခြေ ဖြစ်တည်စေ စဉ်မြဲ။ သတ္တရုက္ခရယ်နှင့် သက်မဲ့ပြ ဖြစ်စဉ်ကြောဝယ် မျောလွင့် နေဆဲ။ ။ ကမ္ဘာမြေ တည်အမိ မျိုးမိဘ ရေလေနေ။ ဖြစ်တည်ရာ သက်ရှိကြောင်း ခိုအောင်းတဲ့ ရေလေ။ နေမင်းက အပူကိုစေ အဟာရမြေ မှီခိုထား။ သက်ရှိမာန် ရွက်ကုန်လွှင့်တဲ့ ကျင့်ပျက် တရား။ ။ တောင်မြေလွှာ မထိခိုက်စေနှင့် စောင့်ရှောက်သင့် ရေလေမှာ များဝေနေရာ။ ပို့သကွဲ့ မျိုးမေတ္တာ စေတနာ ရှေ့ကပြေး။ ကမ္ဘာမြေ ပျက်သုဉ်းလျှင်ဖြင့် ခြေတည်ရာ ဘဝဆုံးပါလိမ့် ရှုံးကွဲ့ နောင်ရေး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ဧရာမြစ်ကမ်း

Image
” ဧရာ မြစ်ကမ်း ” သည်နွေရှိန် အပူတောက်တော့ ဖျောက်ဖျောက်ကယ် ဖြစ်ဖြစ်မြည် ကျွတ်ရွ လာပြီ။ ရွက်ဝါခြောက် ကိုင်းပင်စည် မြစ်နဒီ နိမ့်ဆင်း။ ညို့ညို့ပြာ တောင်စဉ်တန်းကို လှမ်းမျှော်ကြည့် ရင်း။ ။ လေပူငယ် သုန်သုန်ဖြူး ကမ်းနဖူး ဧရာ။ ငှက်ဇင်ယော် အပျော်ကျူးတဲ့ သဘောင်္ဦး ဝဲယာ။ အဝေးသို့ လှမ်းကြည့်စဉ်မှာ သံသာသာ ဥဩ။ နွေတေးဆို သံကြည်ဆိမ့်တယ် လွမ်းလိမ့် သာမော။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

နွံနစ်ခြင်း

Image
” နွံနစ်ခြင်း ” လှုပ်မရ ပြုမရ နစ်မြုပ်ကြ နွံတွင်း။ ကိုယ့်ဆန္ဒ ကိုယ့်သဘောနှင့် နွံတော သို့ဆင်း။ ။ အစတော့ သာသာယာ ရှေ့တိုး လို့လာ။ နွံအိုင်မှာ သစ်လွင်ထူး ပျော်မြူး ဘိစွာ။ ဒူးခါးလယ် လည်ပင်းမှာ နစ်မြုပ်လာ မှပဲ။ ထိတ်လန့်တုန် အသက်ဘေးတွက် သွေးလန့် အော်မြဲ။ ။ … သစ်ရိပ်ညို ” posted from Bloggeroid

သဲဦးငယ်

Image
” သဲဦးငယ် ” ပန်းနွယ် ချစ်ကြိုး ၊ ယှက်နွယ် ပျိုး၍ မြတ်နိုး တွယ်တာ ၊ ချစ်ရ ပါသည် ဘယ်ခါ မမေ့ပြီ။ လှချက် မူပို ၊ ရွှေနှုတ် ချိုသည့် ပျိုပျို မယ်လေး ၊ မူယာ သွေးသော် ချိုတေး ဆိုမိသည်။ အဆိုင် အဆိုင် ၊ ခါး ထွာဆိုင် နှင့် အပြိုင် ပွင့်လန်း ၊ ရွှေကြာ ပန်းလျှင် ချစ်ပန်း ရွှန်းလဲ့ကြည်။ သော်တာ ခွန်းတွဲ့ ၊ ကြယ်စင် လဲ့နှင့် ညွှန့်းသွဲ့ စာစီ ၊ ချစ်ရောင် ခြည်ဖြင့် မျှော်ရည် စွဲမိပြီ။ လေသာ ပြူတင်း ၊ ဆောင်ယူ နှင်းဆက် လေညင်း ညင်သာ ၊ သယ်ယူ လာသော မာလာ ကြူအေး ၊ ရနံ့ မွှေးသည် ပြန့်ထွေး ငုံရည် ၊ လရောင် ခြည်နှင့် ကြယ်ဆီ စို့စို့ ၊ လင်းလက် သို့လျှင် မြှစ်စို့ လှသွင် ၊ ဖူးသစ် လွင်သည့် ချစ်ကြင် နုသွေး ၊ ဆောင်တော် လေး၌ မျှော်ငေး မောင့်ကို ၊ လွမ်း စာဆို သည် မောင်ငို မျက်ရည် လည်မိသည်။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ဟင်း မကြောက်ပေါင်

Image
” ဟင်း.. မကြောက်ပေါင် ” ငွေတစ်ခါ တကယ် ထွက်မယ်ထင့် အော်ချက်ကယ်ဖြင့် အသံစာ မိန်းမ တွေဗျာ။ စီးတဲ့ရေ ဆယ်တဲ့ကန်သင်းပေမို့ မင်းတို့ဖက်လည်း အမှန်ပါ သိပ် ခက်တယ်ကွာ။ အလုပ် ဆိုတာဟာ ငွေပါမှ အကုန်ပြီး။ တွတ်တွတ်ကယ် တီတီနဲ့ ဂျွတ်ဆတ်မြည် ပလီလျော့ကွယ် ချော့မော့ စပ်ဖြီး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ထက်မြက်သောမိန်းမ

Image
” ထက်မြက်သော မိန်းမ ” ”မ”ဆိုသည် တစ်ပြန်ထူး ရှေ့ကျူးသည့် မိန်းမမှာ မိန်းမ ပဲဗျာ။ ပြောရတော့ အမှားပါ စိတ်ဆိုးရှာ ပါနဲ့လား။ မိန်းမတွေ ထက်လွန်လွန်းက တွန်းဒုက္ခ များ။ ။ လင်သားကို ချိုးနှိမ်ကွပ် ထပ်မှာလွတ် မှားတတ်စွာ။ နောင်ကွယ်မှာ လင့်စိတ်ထား မှားတတ် ပေတာ။ သူမှားလို့ ကိုယ်မှားရာ ဒုက္ခရှာ မိသားစု။ ကိုယ်ပြုကံ ကိုယ်ခံရတယ် ဒုက္ခ အမှု။ ။ ရွှေစိတ်တော် ချို့ကာထား ထိန်းသိမ်းအား တတ်စေ။ အကြင်နာ မျှဝေပေး နောင်ရှေ့ရေး ကောင်းပေ။ မိသားစု ခိုင်မာလေ မျိုးဆက်မွေ မြင့်မား။ တည်တည်ငြိမ် ဘယ်မယိမ်း ရှောင်တိမ်း တတ်ငြား။ ။ ယောက်ျားပေါ် မကျော်လွှားနဲ့ နောက်ပါးက မခွာ။ နောက်ကနေ တည့်မတ်ပေး နောင်ရေးလှ မှာ။ မိသားစု ဘဝဟာ တည်ငြိမ်တာ အကောင်းဆုံး။ စိတ်နေရာ ရှေ့လွန်တိုးလျှင် ကျိုးမဲ့ သက်လုံး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

အသိနိုးကြား

Image
” အသိ နိုးကြား ” နွမ်းရိ ဖယ်ခွာ ၊ မပျင်း ပါနှင့် ဥာဏ လေးတော့ ပွားစေချင်။ ဥစ္စာ ဆိုတာ ၊ ချိန်အခါ နှင့် ရှာကြ ဖွေကြ ရသည်ပင်။ ရသည့် ဥစ္စာ ၊ မျိုးဆက် သာဖို့ ကာကြို အမွေ မှတ်သင့်ထင်။ ပစ္စည်း ဥစ္စာ ၊ ချိန်တန်လာ က ချာလိမ် လှည့်ထွက် ပျက်လွင့်စင်။ အမွေ သားမြေး ၊ ဥာဏ်နောင်ရေး တည့် တွေးဆ သိများ ရှိပါလျှင်။ နေ့စဉ် ဒူတ ၊ ဥဿဟ ဖြင့် လုံ့လ ကိုစေ ၊ ဥာဏ်မြှင့် လေလော့။ ပွားဝေ မေတ္တာ ၊ မြတ် သဒ္ဓါ ဖြင့် ဒါန အမှု ၊ ကောင်းစွာ ပြုလော့။ ပျက်လာ နိစ္စ ၊ မမြဲလှ မို့ ဒါန မပါ ၊ သီလ ချာ၍ ပညာ နတ္ထိ ၊ စုံကန်းဘိ သော်... စိတ်ပန်း လူတေ ၊ ဘဝ သေသည် ဌာနေ မြေသို့ အောင်းသောကြောင့်။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ကိုယ်ချင်းစာတရား

Image
·” ကိုယ်ချင်းစာတရား ” ရိပ်ခနဲလှိုက် ရှိုက်တဲ့ အသံ နားဝ လာမှန်။ စိတ်ထင်ကျံ သူမှန် နေသား။ ဒေါသခံ မာန်ထန်လိုက်လို့ ရှိုက်ငို ရော့လား။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ကျွဲလှည်း

Image
” ကျွဲလှည်း ” မြို့တက်ကာ ဈေးဝယ်ရောင်းဖို့ ပေါင်းမိုးထီး နှီးတွယ်။ ကျွဲလှည်းကြီး စီးပါလို့ နွေပူကြီး ခရီးသည်။(သယ်) ပူချက်က လန်ထွက်ကွယ် ရက်စက်တယ် တကယ်ပဲ။ နေအရှိန် မာန်ဟုန်ပြင်း ခွင်းရောင်ပြည့် ကဲ။ ။ ဖုန်လုံးရယ် မွှန်ထူပြိန်း ကိုယ်လိမ်းသည့် ပေါင်ဒါ။ တစ်မွန်းနေ တစ်ခေါ်လောက် မြို့ရောက် မယ်ကွာ။ ချောင်းရိုးဖြတ် တစ်နေရာ တစ်ကွက်စာ အိုင်ဗွက်တွင်း။ ထိန်းမနိုင်တော့ပေါင် ဗျို ရှဉ်းညီနောင် ငမိုက်ကျွဲတို့ ဆွဲ လို့ ဇွတ်ဆင်း။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ချစ်ကြိုးသီ

Image
” ချစ်ကြိုးသီ ” လွမ်းအောင်စေ ယောင်ဘွေကျော့ထုံး။ ကွန်းခိုဝင် ပျိုစဉ်လေးရယ် တွေးလို့ မဆုံး။ ။ နုသားတော် ဝါဝါနု သည်းနုကြည်အေး။ ပျို့ဖုန်းရွှင် ချစ်မနွမ်းတယ် ချမ်းမြရဲ့ လေး။ ။ ရွှေစိတ်ညို ဆိုစကား တားချင် ခဲ့သေး။ ဆိုသာဆို ခင်ပျိုသက်ငယ် ရွှေလက် နှင့်ထွေး။ ။ မျက်ဝန်းငယ် စို ငိုဟန်မဲ့ လေး။ ပါးဆိုင်ကို ချော့မြှူဆင်းမယ် သင်းပြန့် ကြိုင်မွှေး။ ။ သဲနုဖြာ ငယ်အား ခစားချော့ မေး။ ကြင်စိတ်ဖြူ မြရည်လိမ်းကွယ် ထိန်းပါ့ ချစ်လေး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ပန်းဦးရွှေစင်

Image
” ပန်းဦးရွှေစင် ” အပြစ်မမြင် ချစ်ကြင်ငဲ့ သူပါ။ မြဲသစ္စာ ခိုင်ကြည်လျက် ချစ်ခွန်းသက်လျာ။ မုန်းပန်း မဆိုပါ ပြုံးပန်းသာ ချိုမြဲ။ မေတ္တာကြည် တည်ငြိမ်လျက်ကယ် ဆုံးသက် လက်တွဲ။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ပန်ဆုငယ်

Image
” ပန်ဆုငယ် ” ရွှေနှုတ်မှာ နံ့သာလူး ချစ်ဖူး ခဲ့ သူပါ။ မြဝတ်ရုံ ခြုံကာထွေး အေးမြ ချိုသာ။ ပန်းပမာ လန်ဖြာ စေကြောင်း။ ပန်ရွယ်သူ ရွှင်ကြည်နူး ထူးသည့် ဆုတောင်း။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ဝဠာဆုံးမမုန်းနိုင်

Image
” ဝဠာဆုံးမမုန်းနိုင် ” ချစ်တေးရယ် မဆို အိုတောင် ချစ်သွားမယ် ဆုံးသက် တိုင်ရွယ်။ မြတ်နိုးရ သူရယ် ဘုံခန်းငယ် စံမြန်း။ သံသရာ ဝဠာစက်ဝယ် ပေါင်းဖက် ရည်မှန်း။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

မြားနတ်ရှင်

Image
” မြားနတ်ရှင် ” နှလုံးမှာ နံ့သာလူး အသည်းဦး ဆန်ကာတင် ချစ်ကျွမ်း ငယ်ခင်။ နဂိုယဉ် သွင်ပြင် မူအေး။ နဖူးစာ မြင်လွှာဦးတယ် ထူးဘိ ချစ်ရေး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ဗလောင်ဆူ

Image
” ဗလောင်ဆူ ” ကျွမ်းဆူဝေ ကဲ လွမ်းသည်း ရွက်ဝါ။ ဆယ်နွေဆင့် သဲ ရင်ထဲ ပူဗျာ။ ဟုန်းကြွလျံ ကာ ဖန်လာ စက်ဝဲ။ စိတ်ကျကံ သောသောခ လောက ငရဲ။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

စုပေါင်းခြင်း

Image
” စုပေါင်းခြင်း ” တိမ်တိုက်ကြီးက လွန်ပြောကျယ် ငွေ့ရည် ဖွဲ့လို့ရယ်။ မိုးစက်ငယ် ဖွဲဖွဲစု ပုလဲ ငွေရည်ဥ။ အစုအစု ပေါင်းစပ်ကာ မိုးစက် လိမ့်ကျလာ။ လေမင်းပါ ဖိတ်ခေါ်ထား မိုးရေ တဖွားဖွား။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ပတ်လည်

Image
” ပတ်လည် ” တွေးယူ ကြပါ ၊ သိအောင် သာဖြင့် သိရာ ပွားများ ၊ ကိုယ်သိထား သည့် မြင်ကြား ပညာ မျှဝေပါ။ ပညာ ဆိုက ၊ စာနှင့်ပြ ၍ စာချ လေ့လာ စာဖတ်ပါ။ သင်ညာ ကိုမြှင့် ၊ စာဂုဏ် တင့်စေ စိတ်ဖြင့် ယူတွေး ၊ ပညာမွေး ၍ စာရေး စာဖတ် ၊ မြဲမပြတ် ပင် လိပ်ပတ် လည်စွာ ၊ ပျော်မွေ့ပါ သော် ကောင်းရာကောင်းကြောင်း ဘဝတည်း။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

စကားစပ်၍

Image
” စကား စပ်၍ ” မနှစ်မြို့သူ ၊ နှစ်မြို့သူ မတူကွဲပြား ၊ ရှိရကား စကားပြောရာ ၊ သတိ ပါ။ စာနာသက်ဝင် ၊ မေတ္တာယှဉ် ဆင်ယင်ထုံးဖွဲ့ ၊ ပြောပါရဲ့ တုံ့လှဲ့ကြည်ဖြူ ၊ မကြည်ဖြူ။ ကြည်ဖြူရှိက ၊ စကားလှ မလှသည့်သူ ၊ မကြည်ဖြူ ညီတူမကျ ၊ ကျိုးမမျှ။ နှုတ်ဟသတိ ၊ မပြတ်ရှိ ထိမိသေချာ ၊ စေ့စပ်စွာ ပြောပါမေတ္တာ ၊ စေတနာ။ နေရာတကျ ၊ နှုတ်တစ်စ လှပကြည်သာ ၊ ခွန်းဆက်ကာ ကြင်နာပြောအပ် ၊ စကား စပ်။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

နွံနစ်ခြင်း

Image
” နွံနစ်ခြင်း ” လှုပ်မရ ပြုမရ နစ်မြုပ်ကြ နွံတွင်း။ ကိုယ့်ဆန္ဒ ကိုယ့်သဘောနှင့် နွံတော သို့ဆင်း။ ။ အစတော့ သာသာယာ ရှေ့တိုး လို့လာ။ နွံအိုင်မှာ သစ်လွင်ထူး ပျော်မြူး ဘိစွာ။ ဒူးခါးလယ် လည်ပင်းမှာ နစ်မြုပ်လာ မှပဲ။ ထိတ်လန့်တုန် အသက်ဘေးတွက် သွေးလန့် အော်မြဲ။ ။ … သစ်ရိပ်ညို ” posted from Bloggeroid

ပုံဆွဲမယ်

Image
” ပုံဆွဲမယ် ” ရွှေနှုတ်ခမ်းလေး အလှဆင် ကကြီး လေးလိုပင်။ ရွှေငွေမှင် သူ့မျက်ခုံး ဂငယ် လေးသို့ခုံး။ ရွှေရည်စလုံး ဝတ်ဆံချယ် မျက်လုံး ကလေးနှယ်။ ရွှေနှာတံ ထိပ်ကပိတ် ဏကြီး နှစ်ခေါင်းထိပ်။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ဇာတ်မင်းသား

Image
” ဇာတ်မင်းသား ” အချစ်အရေး အသစ်ကလေးမို့ထင် ဖူးကြွနုယဉ်။ အဟောင်းလေးလဲ မပစ်ချင် သိမ်းလျက်ပင် စဉ်မြဲ။ ပြောင်းပြန် ပြန်လှန် သစ်တဖန် ဟောင်းကံအနှစ်က သစ်လွင် လျက်ပဲ။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ချစ်ဋီကာ

Image
” ချစ်ဋီကာ ” ယဉ်တစ်ကိုယ် ရှုစား အလှအား ချောလွန်းသူ လှထိပ်ခေါင် တမူ။ တစ်နေ့တွင် တွန့်ရေထူ ငယ်မူပုံ ကွယ်ပျောက်။ လှချောသွင် အယဉ်သုဉ်းကာ ကိုင်းချုံး တုတ်ထောက်။ ။ သို့တမူ သူ့အပါး ခစားလို့ ချစ်ခင်။ မူဟန်ချို ပီတိဖုံး ပြုံးစ ရှုယဉ်။ အလှဖုရား နတ်မိမယ်ထင် မမြင်လျှင် မနေနိုင်သေး။ ပန်းတော်ဝင် ပန်းအခက်ကို လှမ်းဆက် လို့ပေး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

အစုအရပ်

Image
” အစုအရပ် ” ပညာရှင် အမျိုးမျိုး တိုးပွားလို့ မာနဖြာ ပေါင်းစည်းခက်တာ။ ပညာရှိ နားလည်စွာ ပေါင်းစည်းရာ မခက်ခဲ။ သင့်တန်မှန် ကျင့်ကြံရန် အသိပျိုး ကြိုးစား နေမြဲ။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ပညာ

Image
” ပညာ ” ပညာဆိုသည်မှာ ပိုင်းခြားရာ သဏ္ဌာန်ခွဲ ကွဲပြားသိရာ။ စေ့စေ့ငုံ တိတိကျ သိကြ စေတာ။ ကံရုပ်စိတ် အဖြာဖြာ အဘိဓမ္မာ တရား။ သံသရာ ဖန်လာဝဋ်ကို လွတ်ထွက် နိုင်သား။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

မျိုးဆက်သစ်

Image
” မျိုးဆက်သစ် ” သစ်သီးငယ် ပင်မှာတွဲ မြဲမရှိ နိုင်။ စွမ်းအားဝင် အင်အားပြည့် မှည့် ကြံစုံဆိုင်။ အညှာငယ် မခိုင် အားပြိုင်လို့ ရုန်း။ သစ်စိငယ် အညှောက်ထွက် မျိုးဆက် ပင်လုံး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

နတ်ကောင်းနတ်မြတ်

Image
” နတ်ကောင်းနတ်မြတ် ” နတ်မြတ်ရှင် ထိုကောင်းမှု သာဓု ခေါ်လာ။ နတ်သဘင် ဆင်ရင်ကြ နှလုံး လှစွာ။ သူတော်ကောင်း တစ်ယောက်မှာ ပေါင်းဆုံလာ နတ်မြတ်ပေါင်း။ ကောင်းမှုချီ တည်ရန်ထိုက်လို့ ဆိုးမိုက် ရန်ရှောင်း။ ။ ကောင်းမှုကို အတည်ပြု ပေါင်းစုလို့ လာကြရှာ။ စုရုံးလာ သူတော်ကောင်းတို့ နတ်အပေါင်း သည်သာ။ သူ့အတွက် ကိုယ်နတ်ပါ ကိုယ့်တွက်တာ သူနတ်သား။ ကောင်းမှုကို အခြေပြုလို့ တောင်းဆု တည်ထား။ ။ ကောင်းမှုဆုံ စုကာဝေးတော့ ဆိုးသည့်ဘေး ဖယ်ခွာ။ ဆိုးမည့်သူ လူပုံကြား မခြားနား ကောင်းမှုပါ။ စိတ်ထားလည်း ကြည်လင်လာ မြတ်သဒ္ဓါ ပြည့်လွှမ်း။ မင်္ဂလာ ချိန်ခါညောင်းတယ် ကောင်း လူဘုံခန်း။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ဒါအချင်ပင်

Image
” ဒါ အချစ်ပင် ” အသီးငယ် ချိုရည်ဆိမ့် ရင်မှာသိမ့် ချစ်စွာ။ ကြင်နာစိမ့် အနှစ်ပါ လျှာပြား ထက်မှာ။ ခံတွင်းမှ အရသာ နှစ်သက်စွာ မြိုချ။ ခန္ဓာကိုယ် သွေးဆီဦးမှာ မြူး ထခုန်က။ ။ ချိုကြည်သာ ခငြောင်းလို့ နှစ်ထောင်းငယ် ကြည်လင် ကြည်နူး သွင်ပြင်။ ရည်စူငဲ့ တမင်ခင် အကြင်နာ ပျက်ဆွေး။ ကြောက်ရွံ့စွာ လွန်ရွံရှာသည့် မျက်နှာပင် စောင်းငဲ့ခက်စရာပေါ့ ပျက်သကာ ချိုရည်သီးမှာဖြင့် ချီး(ချေး)ဖြစ် လို့လေး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

နွေမင်္ဂလာ

Image
” နွေမင်္ဂလာ ” နွေပတ္တာ တံခါးချပ် ဆွဲလှပ်လို့ ကြည့်ရာ။ မိုးစေညွှန် လေနတ်သား ခစားလို့ လာ။ ပိတောက်ပွင့်ဝါ သာသနာ ရောင်ဝင်း။ နှစ်သစ်ကူး မြူးရွှင်စွာ မင်္ဂလာ လွန်ခညောင်းသည့် အောင်ကြောင်း ဖြာခြင်း။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ပျိုးသောလက်

Image
” ပျိုးသောလက် ” ဒေါ်လာ စာရွက်ဟာဖြင့် ရွှေခွက်နှင့် တန်းညီ။ ရေနံလို ဓာတုများ ပတ္တမြား သို့နီ။ တို့များရဲ့ မြန်မာပြည် တောကုန်ပြီ တောင်ပြိုလဲ။ နလံထူ ပြန်ယူခက်ဖွယ် ပျိုးလက် ကနည်း။ ။ ခွင့်ရေးငယ် ပေါ်တစ်စ အုံခဲကြ များသူငါ။ ရုန်းယောင်းညံ သံမစဲ ပွဲသည့် သို့သာ။ အခေါက်ကိုခွာ အကာကို ဖဲ့နင်း။ ရွှေနှစ်ရှာ ဗလာလျက်ကယ် ဟုန်းတက် ဘိခြင်း။ ။ ဘယ်လိုပုံ ဘယ်အချိုး တို့အမျိုး မြှင့်မယ်။ ငါးပွက်ရာ ငါးစာချ အားရစဖွယ်။ သူရလို့ မလိုတယ် ငါရကွယ် ငြိမ်သား။ ကျောမဝယ် လောဘမီးတို့ ကြီးမား လေအား။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ကမ္ဘာတည်သရွေ့

Image
” ကမ္ဘာတည်သ၍ ” သေစေလျှင် သေလောက်ကဲ့ အစွန်းရောက် ချစ်ပုံ။ ကမ္ဘာနှစ်ချမ်း ပဲ့စေရော့ လှမ်း ချစ်ခွင့် ဆုံ။ တစ်ဖက်သပ် မခိုလှုံ ဥာဏ်ဂုဏ် ကို လေး။ ချစ်တတ်စွာ ဗလာနှစ်ရယ်သို့ ချစ်ဖို့ မတွေး။ ။ ယဉ်ကျေးစွာ ခြေခံအား မေတ္တာထား ချစ်မယ်။ တို့ရိုးရာ စာပေများ အားထား ချစ်မယ်။ တို့အမျိုး တို့ချစ်မယ် မျိုးသစ်ငယ် တို့မွေး။ ကမ္ဘာမြေ ပျက်သုဉ်းစေဦးတော့ မုန်းဖို့ မတွေး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

နွေမင်္ဂလာ

Image
” နွေမင်္ဂလာ ” နွေပတ္တာ တံခါးချပ် ဆွဲလှပ်လို့ ကြည့်ရာ။ မိုးစေညွှန် လေနတ်သား ခစားလို့ လာ။ ပိတောက်ပွင့်ဝါ သာသနာ ရောင်ဝင်း။ နှစ်သစ်ကူး မြူးရွှင်စွာ မင်္ဂလာ လွန်ခညောင်းသည့် အောင်ကြောင်း ဖြာခြင်း။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ပျိုးသောလက်

Image
” ပျိုးသောလက် ” ဒေါ်လာ စာရွက်ဟာဖြင့် ရွှေခွက်နှင့် တန်းညီ။ ရေနံလို ဓာတုများ ပတ္တမြား သို့နီ။ တို့များရဲ့ မြန်မာပြည် တောကုန်ပြီ တောင်ပြိုလဲ။ နလံထူ ပြန်ယူခက်ဖွယ် ပျိုးလက် ကနည်း။ ။ ခွင့်ရေးငယ် ပေါ်တစ်စ အုံခဲကြ များသူငါ။ ရုန်းယောင်းညံ သံမစဲ ပွဲသည့် သို့သာ။ အခေါက်ကိုခွာ အကာကို ဖဲ့နင်း။ ရွှေနှစ်ရှာ ဗလာလျက်ကယ် ဟုန်းတက် ဘိခြင်း။ ။ ဘယ်လိုပုံ ဘယ်အချိုး တို့အမျိုး မြှင့်မယ်။ ငါးပွက်ရာ ငါးစာချ အားရစဖွယ်။ သူရလို့ မလိုတယ် ငါရကွယ် ငြိမ်သား။ ကျောမဝယ် လောဘမီးတို့ ကြီးမား လေအား။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ပန်း ပန်းချီ

Image
” ပန်း ပန်းချီ ” ပန်းရည်လဲ့ ဝတ်မှုံ ရနံ့ထုံ ကြိုင်လှိုင်သင်း ရင်တွင်း အိဖြာ။ ချစ်အဖူး ဝတ်ဆံ လိမ်းဆင်ကျံ ဝတ်မှုံကူး ရွှင်မြူး လိပ်ပြာ။ ဆန်းထွေလာ လန်းဝေဖြာ ပန်းကမ္ဘာ ဥယျာဉ်လေး။ နွေဦး သည်ချိန်ခါမှာဖြင့် ပန်းမာလာ ရောင်စုံအသွေးရယ်တို့ နန်းတိမ်ဝါ အရုဏ်ထွေးရှာပေါ့ ကြည်အေးရွှင် အမြင်ထူးငယ် ဖူးပွင့် စုံမွှေး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

သားသုံးတန်

Image
" သားသုံးတန် " သားကြီးသားလတ် ၊ သားငယ်မှတ်သင့် သင်အပ်လေ့လာ ၊ ဆည်းပူးပါလော့ ဘာသာတရား ၊ လိုက်နာငြားမူ အမှားမစေ ၊ နေတတ်ပေမည်။ စာပေသင်ကျောင်း ၊ ပညာလောင်း၏။ ဤကျောင်းပညာ ၊ မြတ်ဆရာတို့ သင်စာညွှန်ပြ ၊ ဆိုဆုံးမ၏။ မိဘနှစ်ပါး ၊ ရင်ဝယ်သားကို ဤကားအစာ ၊ ဤသည်မှာဆေး ဤဟာဘေးဟု ၊ လူလေးနုနယ် သိမှုကြွယ်အောင် ၊ သင်ပြဆောင်၏။ သုံးထွေသို့သား ၊ တူငြားမိဘ မိဘထက်ကျော် ၊ မတော်နိမ့်ကျ.... များလှထွေထွေ ၊ ရှားပေမခြား ရှားပါးပိုတော် ၊ သားလူကျော်တို့ ထွက်ပေါ်စေရန် ၊ ကြိုးစားမှန်မှ သင်အံလေ့ကျက် ၊ မိဘထက်ပင် လက်ဝါးဇောင်းထက် ၊ ဂုဏ်ရှိန်တက်မည့် ပြည့်တွက်လူမော် ၊ ပေါ်စေလိုတည့်။ ။ " သစ်ရိပ်ညို " posted from Bloggeroid

ချစ်ခြင်းဖွဲ့မာယာကကြိုး

Image
" ချစ်ြခင်းဖွဲ့ မာယာ ကကြိုး" "စာကျက်ပါ သူငယ်ချင်း ဝင်းမောင်ရယ် စာမေးပွဲက အရမ်းနီးပြီလေ မင်းခံစားနေရတာ ငါ သိပါတယ် "နှင်း"ရဲ့အသည်းက မင်းအပေါ် အေးစက်နေမှန်း သိသားနဲ့ကွာ" "နှင်း"က အရမ်းလှတယ် ။ "ယောကျာင်္းလေးတွေကို အသုံးချနေကျလေ။ သူမ မရသေးတဲ့ ဘာသာ၊ပုဒ်စာကို မင်းလို ချစ်မိသူတိုင်း ပေးဆပ်ခဲ့ရတယ်" "ကိုယ့်ထက် နှင်း လိုအပ်တဲ့စာကိုပဲ ကျက်ပြီး ရှင်းပြရင်း တခဏ အနားကပ်ခွင့်အောက်မှာ  နောင်နှစ် ခွဲခွာခြင်းတွက် ကျေနပ်ခဲ့ကြတယ်" "မင်းအချိန်ထက် မင်းဘဝကို သူ့အတွက် မဖြစ်ပါစေနဲ့ကွာ သိသိနဲ့မမိုက်ပါနဲ့ မင်းအ တွက် "ငါ"ဘာလုပ်ပေးရမလဲ"။.......... ။ ........ .... ""နှင်း" နက်ဖြန်စာမေးပွဲတွက် ကိုယ့်ကိုဖတ်ပြလေ" "တညလုံးကျက်ထားလို့ မျက်လုံး မဖွင့်နိုင်တော့ဘူးကွာ" နှင်း ရဲ့စာဖတ်သံလေး ခပ်လွင်လွင် ကျေနပ်တဲ့မျက်နှာလေးနဲ့ ဖတ်ပြနေရှာတယ်။ "ဗြုန်း"ကနဲ သန့်စင်ဆိုသူ နှင်းရဲ့ဘေးနား ဇွတ်ဝင်ထိုင်လာသည် ။ နှင်း စာဖတ်သံရပ်သွားသည်။ မျက်လုံးဖွင့်ကြည့်တော့ မျက်လုံးလေး ကလယ်လယ်နဲ့ "နှင်း...

အောင်စစ်သည်နှင့်နောင်တခေတ်ဆီ

Image
"အောင်စစ်သည် နှင့် နောင်တခေတ်ဆီ" စစ်သည်တဲ့လား ကျားကျားယားယား လွန်ခန့်ငြားဟု ထင်အံ့မထင် အသင်ယောင်္ကျား အစွမ်းပြယုဂ် ဟုတ်ခန့်သွင်ပြင် မြင်ကြည့်ချင်မိ။ မိဝေးဘဝေး ဆရာဝေးနှင့် ပညာရှာရာ ကျွန်းညိုသာလည်း မဟုတ်ခဲ့။ စီးပွားရှာရာ ငွေပုံမှာလည်း မထိုင်ခဲ့။ တတ်ပညာရှင် လူမှုတွင်လည်း မကျွမ်းခဲ့။ ဘာသာတရား လက်ကိုင်ထားလည်း မနေခဲ့။ အခြေနေမွဲလျှက် ကိုယ့်စိတ်မပိုင် စိတ်ချမ်းသာရာ မလုပ်နိုင်ဘဲ ကိုယ်ထင်မြင်ရာ မလုပ်သာဘဲ ထွေရာလေးပါး မလိုက်စားဘဲ သူများမြှောက်လဲ မမြောက်သာဘဲ အမိန့်စေရာ လုပ်ဆောင်ရသူ အမောင်စစ်သား အိုလူသား။ တိုင်းပြည်ရန်စွယ် တွန်းလှန်ရဲသူ တိုင်းပြည်အရေး အသက်စတေးရဲသူ တိုင်းပြည်ခြေထောက် တိုင်းပြည်မာန်စွယ် တိုင်းပြည်အသက် တိုင်းပြည်အတွက် ခွန်အားထည့်၍ လွန်ဆင်းရဲစွာ ပေးဆပ်ခါဖြင့် ကြွေကျ၍လည်း အသနားမခံခဲ့ မြေခ၍လည်း တပြားမကျန်ခဲ့။ စစ်သည်တစ်သန်း တစ်ယောက်သွမ်းက ဆယ်သန်းစစ်သည် အမဲစက်မည်ခဲ့။ စစ်သည်တစ်သိန်း တစ်ယောက်ယိမ်းက ဆယ်သိန်းစစ်သည် လောဘမည်ခဲ့။ စစ်သည်တစ်သောင်း တစ်ယောက်ပြောင်းက တစ်သိန်းစစ်သည် ဒုက္ခတည်ခဲ့။ စစ်သည်တစ်ထောင် အချောင်တစ်ယောက်ကြောင့် စစ်သည်အပေါင်း အြ...

ပညာတတ်ကြီး

Image
” ပညာတတ်ကြီး ” အလုပ်ဝင်ဖို့ လိုသလား ကုမ္ပဏီ ကိုသွား။ ပညာများကို ထားခဲ့ဆို အဲ့ဒါတွေ မလို။ ထပ်တိုးဖို့ကို မစဉ်းစား ကိုယ့်ဟာကိုယ် လုပ်စား။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ကျောင်းသား

Image
” ကျောင်းသား ” ငယ်ရွယ်စဉ် ထိုအသိ ပျော်ချင် ပါဘိ။ ပျော်စရာ ကောင်းရတာ ကျောင်းနှင့် အိမ်ပါ။ နွေရာသီ ဒီချိန်လေး ကျူရှင် ကိုပြေး။ ကြီးလာရင် ဘာလုပ်မယ် မေးပါနဲ့ ကွယ်။ ကျောင်းနှင့်အိမ် စာကိုရေးတဲ့ ကျောင်းသား ကွယ့်လေး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ဝမ်းကြောင်လျှင်

Image
” ဝမ်းကြောင် လျှင် ” တို့တိုင်းပြည် တို့လူမျိုး တိုးတက် ဖို့ရာ။ ပိုင်နိုင်စွာ ပညာရေး တွေးဆ မျှော်ရာ။ တတ်ပါပြီတဲ့ဗျာ ဘာလုပ်ကြမှာလဲ။ ပညာဂုဏ် လူပုံရောင်း ကောင်းမှ ဟုတ်ဘဲ။ ။ လယ်ယာမြေ ဒီအလုပ် ကျွန်စုပ်တဲ့ သရက်စိနှယ်။ သစ်တောတွေ အကုန်ပြုန်း တောင်ဂတုံး နှင့်ရယ်။ ဆရာဝန် တွေမယ် တိုင်းခြားဝယ် ကုမည့်ဆေး။ အင်္ဂျင်နီယာ များမှာဖြင့် လုပ်သား သို့လေး။ ။ ကြုံသည့်ဟာ ကြုံရာထမ်း ဝမ်းရေး တွက်တာ။ ဈေးဆိုင်ငယ် ဈေးဆိုင်ခန်း အိမ်တန်းစိ သာ။ ဆိုက္ကားနှင့် တက္ကစီမှာ ကယ်ရီယာ သယ်ပို့။ တို့တိုင်းပြည် လျှောက်မည့်လမ်းရယ် ဝမ်းရေး စို့စို့။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

လှိုင်းကြီးလှေအောက်

Image
” လှိုင်းကြီးလှေအောက် ” လေပြည်ငယ် သုန်သုန်ဖြူး လှေဦး တည့်ကာ။ ပင်လယ်ပြာ လှုပ်လှုပ်မြူး လှိုင်းလူး လို့လာ။ ကိုတံငါ ဖြေရာမဲ့ ခရီး။ လှိုင်းလုံးလှေ ရေပေါ်လျှောက်တယ် ထိုးဖောက် ရေစီး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

မှန်တင်ခုံ

Image
” မှန်တင်ခုံ ” ရွှေရုပ်လွှာ ချယ် ချစ်စဖွယ် ဟန်အပြေ့နဲ့(ပြည့်) မှန်ရှေ့မှာ ထိုင်။ မျက်ပန်းဆီ မိတ်ကပ်ဖုံး နှာတံမှုန်း ကြိုင်။ မျက်ဝန်းလဲ့ နှုတ်ခမ်းစိုင် နီရွှေခိုင် မာလာဖူး။ မျက်ခုံးဝယ် ညီအောင်သားလျက် ပါးနီ ချယ်လူး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

သူငယ်ချင်း

Image
” သူငယ်ချင်း ” ပခုံးခြင်း ယှဉ်စဉ်က အမြင်က အတူတူ။ သူ့မျက်နှာ တစ်ထွာရှိ ပြန်လှန်မိ အတူတူ။ မြင့်သွားတော့ မတူမတူ ဝေးသွားမူ မျက်နှာသေး။ မြင်လွှာရုံ အာရုံအောက်မှာ ပျောက်ကွယ် လိမ့်လေး။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ပျက်စီးခြင်း

Image
” ပျက်စီးခြင်း ” ငှက်ပျောပင် ငှက်ပျောသီး ကြီးထွားလို့ မှဲ့လာ။ လောဘလျှင် တကယ်ကြီး တရားနည်း မဲ့စွာ။ သီးပြီးတဲ့ ငှက်ပျောပင်မှာ ခုတ်လှဲရာ ခံရမြဲ။ လောဘဟာ တရားဖျက် ပျက်ဖို့ ရာပဲ။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid

ကောင်းမှန်ပါစေ

Image
” ကောင်းမှန်ပါစေ ” ကောင်းရာကို ဖယ်ရှားပါက မကောင်းသား တင်ကျန်။ မကောင်းရာ အမျိုးများက ကောင်းကျိုး မကျန်။ အဆိုးတို့ ရှေ့ကခံလျှင် အားကိုးရန် မဲ့လျင်း။ အဆိုးကို ဖယ်နိုင်မှသာ ကောင်းရ ဘိခြင်း။ ။ ” သစ်ရိပ်ညို ” posted from Bloggeroid