ငယ်​ချစ်

” ငယ်ချစ် ”

ဖူးငုံသစ်လွင် ၊ ကျောင်းလေးတွင်
ရောက်ရင် ငယ်သွားတယ်။

ကျောင်းမြေလမ်းလေး ၊ ခြေရာဖွေး
ပြန်တွေး မျက်ရည်လည်။

ခုံတန်းလျားကျန် ၊ သူ့ရယ်သံ
ပြန်ကြား ပြုံးလို့ရယ်။

မူနွဲ့နွဲ့ပြုံး ၊ အလှဆုံး
သက်လုံး အောက်မေ့တယ်။

ဝေးကြဖို့ကံ ၊ အကြောင်းခံ
ပေါင်းရန် မတင့်တယ်။

မေတ္တာသန့်စင် ၊ ချစ်ရေစင်
သွင်သွင် အေးမြဖွယ်။

တပ်မက်မှုကင်း ၊ ဒီချစ်ခြင်း
ရင်တွင်း သိမ်းထားတယ်။

ရေးရင်းသတိရ ၊ မျက်ရည်စ
စီးကျ ပါးထက်ဝယ်။

ရင်အံဝှက်ထဲ ၊ သိမ်းထားဆဲ
အမြဲ ချစ်ပါတယ်။ ။

” သစ်ရိပ်ညို ”

တွေ့ခွင်ရယ်မကြုံ ဆုံခွင့်လည်းမရ
ဘဝတွေ ဘယ်လိုဝေးစေဦးတော့
သူရှိနေသည့် ဒီအသိလေးနှင့်သာ
အစဉ်ကျေနပ်ကာ အရင်ကလည်း
နေတတ်ခဲ့ ဖူးပြီပေမို့
နောင်လည်း နေတတ်နေဦးမှာပါလေ။

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်