ငြိမ်းချမ်းစွာ​နေထိုင်​ခြင်း

" ငြိမ်းချမ်းစွာ နေထိုင်ခြင်း "

သုံးလွန်းတင် ကျိုးဆင်လှဲ့
မျိုးခင်တဲ့ တိုင်းပြည်
တိုင်းက မြန်မာပြည်
ပြည်က ပြည်သူများ
ပျိုးပင်နွဲ့ နှိုင်းသည်
ဘာသာရည် တစ်ပင်ကျိုးကွဲ့
မျိုးမေတ္တာပွား။

သုံးလူ့ရှင် ဗုဒ္ဓ ဘုရား
တရားနှင့် သံဃာ
မိဘနှင့် ဆရာသခင်
ငါးဂုဏ်အင် ကျေးဇူးပွား
အနိစ္စနှင့် ဒုက္ခဆင်ခြင်
အနတ္တလျှင် အစိုးမရပါရဲ့
တရားကပ်ထား။

ဘဒ္ဒ ဤကမ္ဘာမြေဝယ်
သတ္တ ရုက္ခ တည်မှီကာရယ်
ရေ လေ မီး ပြိုင် သတ္တိကြွားကာ
သက်ရှိများ ဇာတိမြေ
ဟိရီထား ဩတ္တပ္ပတွေကို
များလူထွေ ကျင့်သုံးက
မြတ်သုံးတန်လေး။

လောဘနဲ့ ဒေါသ
မောဟတို့ သာယာလျှင်
သမုဒယနဲ့ ဒုက္ခဗျာပါကြွ
ဒါနနဲ့သီလ ဘာဝနာ
ပညာက ပွားကူဖေးလို့
ကုသိုလ်ရေး လက်မနှေးနဲ့ကွယ်
အေးချမ်း ဖို့လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

ကိလေသာ၁၀ပါး

သံခိပ်