အိုဘယ့်​ဥပက္ခာ

" အိုဘယ့် ဥပေက္ခာ "

လရောင်ဖွေးဖွေး ၊ ညရိပ်သွေးစဉ်
ကြည့်ငေးမြင်သာ ၊ ကွပ်ပစ်မှာရှင့်။

လသာသာလေး ၊ ငါ့အတွေးမှာ
လေးဖြာအာရုံ ၊ လွှမ်းခြုံတွေးမိ။

မေတ္တာ ကရုဏာ ၊ မုဒိတာနှင့်
ဥပေက္ခာဆို ၊ ဗြဟ္မစိုရ်တရား
ဤလေးပါးတွင် ၊ ငါကား လ နှင့် တွေးမိသည်။

ကြည်အေးမေတ္တာ ၊ လရောင်ဖြာ၏။

ကရုဏာသက်ဝင် ၊ မေတ္တာ ယှဉ်၏။

မုဒိတာပွား ၊ နှလုံးသားမှာ
ရှုငြားပီတိ ၊ ဂွမ်းဆီထိသို့
သည်းအိချိုမွှေး ၊ သန့်စင်အေး၏။

ငါ့တွေးဖယ်ခွာ ၊ ဥပေက္ခာတရား
ဘယ်မှာထားလို့ ၊ ဘယ်သို့ကိုစေ
ငါ့ဖို့ လဖို့ ၊ အဘယ်သို့မှာ
စိတ်တို့ကြည်လင် ၊ ငါ၏ရင်ထဲ
ချစ်ကြင်မြဲနှင့် ၊ ချစ်လျှက်ဖြင့်သာ
ဖယ်သင့်ဖယ်ခွာ ၊ ငါအိပ်ပါမည်
စိတ်မှာချစ်လျှက် ၊ ငါခွဲခက်ပြီ
အိပ်မက်တမှေး ၊ ခဏဝေးတည့်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်