ကဗျာပန်းခင်း
" ကဗျာပန်းခင်း "
သီကြူးသံစုံ ၊ ဂုဏ်ပြုကြုံသည့်
မွှေးထုံကြိုင်သင်း ၊ က ဗျာ ပန်း ခင်း။
ပွင့် လင်း ပျူ ငှါ ၊ ဖေါ်ရွေစွာပင်
ကဗျာပေါ်လွင် ၊ ပညာရှင်များ
ပါဝင်လူကျော် ၊ လူသူတော်တို့
ဖိတ် ခေါ် ကမ်း လင့် ၊ စခန်းတင့်ရာ
ဖူးပွင့်ပန်းငုံ ၊ ထုံလွှမ်းစုံသည်
ရဂုံမြိုင်တွင်း ၊ နှင်းသက်ဆင်းသို့
ဖြည့်တင်းမြှောက်စား ၊ လွန်တောက်ကြွားမည့်
ပေါက်ဖွားသန့်စင် ၊ ကဗျာရှင်သည်
ပန်းသွင်ပွင့်ဝေ ၊ ပန်းခင်းမြေ၌
နည်းစနစ်မှန် ၊ ဝန်းရံစုစည်း
ဂရုကြီးမှာ...
စည်းစနစ်သန် ၊ မွန်းမံပြုပြီး
ဗဟုဆည်းဆာ...
လွမ်းရိပ်ဖြာမိုး ၊ ဝိုင်းဝန်းကြိုးစား
နိုးကြားတက်ကြွ ၊ နိမိတ်လှစွာ
မိတ္တသာသော ၊ ပန်းခင်းမြေ..
စေတနာကဲ ၊ သဒ္ဓါသည်းချာ
လှူပဲလှူချင် ၊ ပညာသင်နှင့်
ကြည်လင်လှသော ၊ ပန်းခင်းမြေ..
တွဲမှီသိုက်ဝန်း ၊ မွေ့ပျော်ကျွန်းတွင်
စည်ယွန်းခြိမ့်သံ ၊ သိမ့်သိမ့်လျှံ၏..
တူညီစိတ်ဝမ်း ၊ ပီတိလွှမ်းစေ
သွယ်တန်းဗိမ္မာန် ၊ ခြိမ့်ခြိမ့်ညံ၏..
ကဲဖြတ်သွန်းပုံ
ကုံလုံပြည့်မောက် ၊ ရွှေနှင့်ကျောက်သို့
ပွဲမြတ်မွှန်းထုံ
ဂုဏ်ဆုံထက်အောက် ၊ ဝေဟင်ဖောက်သို့
ပံ့ထောက်ပညာ ၊ ဝါသနာဖက်
သာယာမက်ဆွေး ၊ သံစဉ်သွေးကြ
အံ့လောက်စရာ ၊ သာသနာတွက်
ဘာသာသက်သွေး ၊ ပန်ဆင်အေးမြ
ကြီးကြီးငယ်ငယ် ၊ ရွယ်ရွယ်လတ်လတ်
မပြတ်လက်ချင်း ၊ ဆက်သွယ်ရင်းဖြင့် ပန်းခင်းမြေမှာ ပျော်ကြမည်။ ။
" သစ်ရိပ်ညို "
သီကြူးသံစုံ ၊ ဂုဏ်ပြုကြုံသည့်
မွှေးထုံကြိုင်သင်း ၊ က ဗျာ ပန်း ခင်း။
ပွင့် လင်း ပျူ ငှါ ၊ ဖေါ်ရွေစွာပင်
ကဗျာပေါ်လွင် ၊ ပညာရှင်များ
ပါဝင်လူကျော် ၊ လူသူတော်တို့
ဖိတ် ခေါ် ကမ်း လင့် ၊ စခန်းတင့်ရာ
ဖူးပွင့်ပန်းငုံ ၊ ထုံလွှမ်းစုံသည်
ရဂုံမြိုင်တွင်း ၊ နှင်းသက်ဆင်းသို့
ဖြည့်တင်းမြှောက်စား ၊ လွန်တောက်ကြွားမည့်
ပေါက်ဖွားသန့်စင် ၊ ကဗျာရှင်သည်
ပန်းသွင်ပွင့်ဝေ ၊ ပန်းခင်းမြေ၌
နည်းစနစ်မှန် ၊ ဝန်းရံစုစည်း
ဂရုကြီးမှာ...
စည်းစနစ်သန် ၊ မွန်းမံပြုပြီး
ဗဟုဆည်းဆာ...
လွမ်းရိပ်ဖြာမိုး ၊ ဝိုင်းဝန်းကြိုးစား
နိုးကြားတက်ကြွ ၊ နိမိတ်လှစွာ
မိတ္တသာသော ၊ ပန်းခင်းမြေ..
စေတနာကဲ ၊ သဒ္ဓါသည်းချာ
လှူပဲလှူချင် ၊ ပညာသင်နှင့်
ကြည်လင်လှသော ၊ ပန်းခင်းမြေ..
တွဲမှီသိုက်ဝန်း ၊ မွေ့ပျော်ကျွန်းတွင်
စည်ယွန်းခြိမ့်သံ ၊ သိမ့်သိမ့်လျှံ၏..
တူညီစိတ်ဝမ်း ၊ ပီတိလွှမ်းစေ
သွယ်တန်းဗိမ္မာန် ၊ ခြိမ့်ခြိမ့်ညံ၏..
ကဲဖြတ်သွန်းပုံ
ကုံလုံပြည့်မောက် ၊ ရွှေနှင့်ကျောက်သို့
ပွဲမြတ်မွှန်းထုံ
ဂုဏ်ဆုံထက်အောက် ၊ ဝေဟင်ဖောက်သို့
ပံ့ထောက်ပညာ ၊ ဝါသနာဖက်
သာယာမက်ဆွေး ၊ သံစဉ်သွေးကြ
အံ့လောက်စရာ ၊ သာသနာတွက်
ဘာသာသက်သွေး ၊ ပန်ဆင်အေးမြ
ကြီးကြီးငယ်ငယ် ၊ ရွယ်ရွယ်လတ်လတ်
မပြတ်လက်ချင်း ၊ ဆက်သွယ်ရင်းဖြင့် ပန်းခင်းမြေမှာ ပျော်ကြမည်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment