ပန်းပျိုးသူ

” ပန်းပျိုးသူ ”

နဂိုယဉ်တဲ့
ပျိုခင်နွဲ့ ဖြူပြာ
ပန်းအိုးလေး ဝယ်လာ။

ပန်းပင်ဆို
အလွန်ကို ချစ်လှတာ။

ခဏခဏ ဖွေရှာကာ
နေရာကို ရွှေ့ပြောင်း။

မြေဩဇာ
မကြာမကြာကျွေးမယ်
အိုးလေး ပင်လောင်း။

တစ်နေ့တာ နေရာမရ
အခြေမကျ ပန်းပင်တွေဟာ
'နေ'ရမှ ဖြစ်မှာပါ။

ဟော ...
သည်'နေ'ကျ လွန်ပူတာ
သူ့ခမျာ မပူလား။

ပန်းအိုးပင် တွင်းပြင်ထုတ်ကာ
အလုပ်တွေများ။ ။

မြေဩဇာ ဒီပင်လေး
ငါကျွေးမှ ဖြစ်မှာပါ။

ဖောဖောသီ ရေထည့်လောင်း
ပေါင်းရှင်းရ ခါခါ။

လေများများ ရအောင်သာ
အပေါ်မှာ ချိတ်ဆွဲ။

ပန်းအိုးဝယ် အသစ်ပြောင်းစို့
အဟောင်းနှင့်လဲ။ ။

ပြုစုလွန် လွန်ကျူးတော့
ရွက်ဖူးတို့ ညှိုးနွမ်းခွေ
တစ်နေ့တော့ သေ။

ဝမ်းနည်းသည့် မျက်ရည်စ
ပန်းပင်ပေါ် ကျလို့ကြွေ။

ပန်းပင်လေး ရေ...
ထတော့လေ ပန်းပွင့်ပေး။

ငါ့ကိုကွယ် ခွာမသွားပါနဲ့
သနား ညှာတာလှည့် ပါတော့
ချစ်တဲ့သူလေး။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်