နှုတ်​ဂုဏ်​ရည်

” နှုတ်ဂုဏ်ရည် ”

ပင်ပေါက်တမာ
ရိုးရွက်ဖြာ
ရွက်မှာလည်းခါး ပင်လည်းခါး။

နှုတ်ကြမ်းရှစွာ
ပြောတတ်လာ
နှုတ်မှာခါးခါး လူမုန်းများ။

ကြံနီကြံညို
ရင်းဖျားချို
ကြံဆိုသည်ကား ချိုရည်အား။

ယဉ်ကျေးနှုတ်ချို
မာနလျှို
စာဆိုရှိထား လိမ္မာပွား။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်